အပူပင်ကင်းတဲ့ ကျောင်းသားဘဝကို
တစ်ခါပြန်ရချင်သေးတယ်
နှုတ်မဆက်ဖြစ်တဲ့ ချစ်သူရယ်
ကံကော်တောရယ် တစ်စိတ်
ဒီရင်ကိုမစိမ်းသက်ပါနဲ့
မချစ်တတ်လို့မဟုတ်ပါဘူး
ကျောင်းသားတစ်ယောက်ရဲ့တာဝန်
ကျေပွန်ချင်လို့ပါ
လေယူရာသိမ်းတဲ့ မင်းရဲ့ဆံနွယ်တွေ
ရင်ခုန်သံ ကိုလှုပ်နှိုးလို့
သစ်ပုတ်ပင်အို ကိုတွယ်ဖက်ကာ
ငိုခဲ့ဖူးတယ်
မလှုပ်တလှုပ် စိတ်တံခါးက
ဝင်ပေါက်မသိတဲ့ကျောင်းသားတစ်ယောက်ရဲ့
စာသင်ချိန်တစ်ဝက်မှ ချေဖျက်တတ်ပေါ့
ကော်ရစ်တာ တစ်ဝိုက် ရေးသားတဲ့
သတိရခြင်း ကဗျာတွေ
ပိုင်ရှင်မဲ့တေးဂီတမှာ သံစဉ်တွေကမရကြတော့ဘူး
စည်းချက်မညီတဲ့ တီချယ်စာသင်ချိန်
ခြွေလင့်လိုက်ပေါ့ပန်းပွင့်ငယ်အပြုံးဟာ
မီးခိုးရောင်ရဲ့တွယ်ငြိခြင်းမှာ
လွမ်းဆွတ်ခြင်း နယ်နိမိတ်ကိုဆောင်ခဲ့ပေါ့
အုံ့တုံ့တုံ့ မိုးဥတုမှာ
ကျောင်းတက်လာတဲ့ ဆွယ်တာတစ်ထည်ရဲ့
အပြစ်ကင်းစင်မှုဟာ လွမ်းဆွတ်ခြင်းကို
ပုံပေါ်စေတယ်
ဒီလိုချိန်မှာ ကျောင်းမတက်ချင်ကြဘူး
ကျောင်းတက်တုန်းက ကျောင်းပြေးတဲ့
ငါတို့ဘဝ
ကျောင်းပြီးမှကျောင်းတက်ချင်ကြ
လွမ်းဆွတ်စေတာ ကျောင်းတော်ကြီးလား
ရင်တွင်းကဒဏ်ရာတွေလား
ငါတို့အဖြေတွေ ဝေဝါးဆဲ
တမ်းတနေတာတော့ ကျောင်းသားဘဝပေါ့
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment