တစ်ခါမှ ဆုံဖူးခြင်းမရှိ ကံကြမ္မာအကြောင်းဖန်တော့ အစ်ကိုတစ်ယောက် ကောက်ရသည့်နှယ် ရွှေဘိုသားချင်း ကျောင်းချင်းတော့တူပါရဲ့ ကျောင်းတက်နှစ်ခြင်းမတူ မေဂျာမတူ အသိဉာဏ်မတူ စကားလုံးတွေနဲ့ စီးမျှောလိုက်တာ နေဝင်ချိန်တောင် မသိလိုက်ရပါ အစ်ကိုကြီး က ၁၉၉၅ ဆင်း ကျွန်တော်က ၂၀၁၂ ဆင်း ကွာလိုက်သည့်ဖြစ်ချင်း ၁၇နှစ်တောင် သူက Civil ကျောင်းသား တော် လိုက်သည့်ဖြစ်ချင်း ဘက်ပေါင်းစုံ ကရသည့် အင်ဂျင်နီယာတစ်ယောက် ကျွန်တော်က ဘက်ပေါင်းစုံ က ချာသည့်အင်ဂျင်နီချာတစ်ယောက် လေးစားစရာကောင်းတဲ့ အမိကျောင်းဆင်းတစ်ယောက် စကားလုံးတွေ အသိစိတ်တွေ အမိတက္ကသိုလ်ခိုလှုံ့ကြည့်တော့ တစ်အူတုံ ဆင်း ညီအစ်ကိုရင်းတမျှ သမိုင်းကြောင်းကိုအောက်မေ့လိုက်တော့ Mession 1,2,3,4 မှာ အတူတက်နေရသလို ကျောင်းသစ်လမ်းမှာ တီတံကိုင်ဆွဲလျှောက်နေရသလို ဆွမ်းလုံးပွဲအတွက် ဒိုးပတ်တိုက်နေရသလို အမိ GITကျောင်းတော် မုံရွာရဲ့ ရင်ငွေ့ခိုလှုံ့ခဲ့ရတဲ့အချိန် ကော်ဖီတစ်ခွက် နှစ်ကျပ် အသုပ်တစ်ပွဲ ၁၅ ကျပ် ရောသမမွေအကြာင်းစုံခံစားလျှက် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) 29.5.1014