Skip to main content

Posts

Showing posts from June 7, 2020

Arrow Wound

Margin of meteorites To shine brightly Red lips He is beside me Don't move Where is the sore lips from? It cannot be replaced The other day The fried shouted I remember fried gourds you do not say Is this...really? I do not understand the principle of shooting stars Because the answer is not the answer It's not dawn for the watchman Many nights have passed Next to this star, longing for this star A shot of demons Poe Pauk University of Technology (Monywa) __________________________ မြှားမှန်တဲ့ ဒဏ်ရာ  ကြယ်ကြွေတွေ အနားသတ် တဖျတ်ဖျတ်တောက်ပဖို့ နှုတ်ခမ်းနီရဲရဲတွေ ငါ့နားမှာရစ်သီနေတယ် မလှုပ်နဲ့နော် နှုတ်ခမ်းနာ ကဘယ်ရာမှ အစားထိုးလို့မရဘူး ဟိုတစ်နေ့က အကြော်သည်ကြီး အော်တဲ့ ဘူးသီးကြော်ပဲသတိရမိတယ် တကယ်လား ဒါ……တကယ်လား ကြယ်ကြွေခြင်းနိယာမ ကိုနားမလည် အဖြေဟာအဖြေမဟုတ်တဲ့အတွက် အိပ်ဖန်စောင့် အတွက်မိုးမလင်းတဲ့ ညတွေများခဲ့ပြီ ဒီကြယ်ရဲ့ဘေးမှာ ဒီကြယ်ကိုတောင့်တာ နတ်ဆိုးတွေရဲ့ရိုက်ချက်ပါ ပိုးပေါက် နည်းပညာတက္ကသိုလ် (မုံရွာ)

မိအညာ

ပျို့ဦးရောင်နီ မဆွေ့ခင် ရာသီခွင်မှိုင်း အုံ့အုံ့ဆိုင်းတယ် လွမ်းတယ် မိအညာရယ် ညည်းရင်ခွင် မရောက်ခင် တမာရနံ့ကိုယ်သင်းအနံ့က နှာခေါင်းဝမှာ ထုံမွန်းစေတယ် ကြည့်စမ်းပါဦး ညည်းအမျိုးတွေ ထွားလိုက်ကြတာ စိမ်းစိမ်းစိုစို ဖားဖားလျားလျား အပျိုကြီးမတွေ အလား တစ်ချိန်က တမာပင်တွေအောက် နှစ်ယောက်တူတူ လက်ချင်းယှက် ခုတော့ တစ်ယောက်ထဲပြန်လာလို့ ယဉ်စစနဲ့များ စနေတာလား မိအညာရယ် နှစ်တွေဘယ်လောက်ပြောင်းပြောင်း အချိန်တွေဘယ်လောက်ညောင်းခဲ့ညောင်းခဲ့ တမာရနံ့ကိုမမေ့ခဲ့ပါဘူး မိအညာ အကြောင်းအမျိုးမျိုးကြောင့် နှစ်စဉ်အခါ မပြန်နိုင်ခဲ့ပေမယ့် တို့တစ်တွေရင်ထဲမှာ  ထာဝရ ကိန်းအောင်းနေမြဲပါ မုံရွာမြေမှ မိအညာ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁၁.၇.၂၀၁၅ (နံနက် ၆:၀၀ နာရီ)

Mom said…….an egg

The old tent with smoke coming out... In that old tent, mother, father, children It's been many years since I've been cooking I can't get tired of cooking. I know that the engineering student mother's son has returned My heart made my mother work tirelessly. That thing is love...parents..love My son has to go to school in a village where food is poor With anxiety, the parents made me cook as hard as I could after closing the school... As I entered my mother's cooking hut, what was my mother cooking? Fried bitter gourd, which you like, and fried boiled red beans, and the sauce is in the back Picked four leaves and made pickle juice.. Son The next mother picked it up endlessly "Mom, I have to ask my son, which egg would you like to eat?" "Rev" Why, my mother is comfortable with this dish and often eats it Yes, I also know that you can be a child I'm asking because I remember Yes, mother and son are still asking how to do it There, when my mothe...

အမိနည်းပညာ ကျောင်းတော်ကြီးရယ်

တိုးတိုးတိတ်တိတ် ပြန်မအိပ်တဲ့ညတွေများခဲ့ပြီ ခဏတာလို့ဆိုပေမယ့် တစ်ဘဝစာဝေးနေတာရော သိရဲ့လား ပြုံးမယောင်ယောင် ခေါ်မလိုလို တည်ကြည်ခံ့ငြားတဲ့ အပြုံးတွေအောက်မှာ ငါ ဟန်မဆောင်နိုင်တော့ပါ မိုးသည်းတဲ့နေ့တွေဆို မင်းဆီအရောက်လာ အတူမိုးရေချိုးခဲ့ကြတယ် နုပျိမှု သန့်ရှင်းမှုတွေကိုလည်း မင်းဆီအပ်ခဲ့တယ် အိပ်မက်တွေကိုလည်း ယုံကြည်စွာ ဖွင့်ဟ တိုင်ပင်ခဲ့တယ် မင်းရဲ့သမိုင်းမှာလည်း ရေးထိုးမှတ်တမ်းတင်ခွင့်ပေးခဲ့တယ် မဝေးတော့တဲ့ အချိန်လေးမှာ တို့တစ်တွေ လာတွေ့ကြမယ် ငါတို့ရဲ့ ငယ်ရွယ်မှုကို ကခုန်ဖို့ ဒီတစ်ခေါက်တော့ ပြုံးပြုံးလေးနဲ့ကြိုလင့်မယ်လို့ ထင်မိပါတယ် အမိနည်းပညာ ကျောင်းတော်ကြီးရယ်......... ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

မဟာဆန်လူသား

ကျွန်တော်…. လူတစ်ယောက်ရဲ့ ဟင်းစားတစ်နပ်ကို လုစားဖူးတယ် အပြုံးမပျက်ဘူး ဒေါသဆိုတာလည်း မရှိခဲ့ဘူး ကျွန်တော်………. လူတစ်ယောက်ရဲ့ ပုခုံးပေါ်ကနေ လူတိုင်းကို ဂုဏ်ယူစွာ နုတ်ဆက်ဖူးတယ် အဲဒီ ပုခုံးပေါ်ကနေ သေးပေါက်ချခဲ့ဖူးတယ် စိတ်ဆိုးမသွားဘူး အငေါက်မခံရဘူး ကျွန်တော်……… လူတစ်ယောက်ရဲ့ ချွေးစက်ပေါင်း အသိန်းအသောင်းမက ရင်းထားတဲ့ငွေနဲ့ ဆယ်စုနှစ်နီးနီး သုံးခဲ့ဖြုန်းခဲ့တယ် အတိုးမပြောနဲ့ အရင်းတောင်မတောင်းဘူး နောက်ပြီး……….. ကျွန်တော်….. အမှားတွေ လုပ်ခဲ့လည်း ခွင့်လွှတ်တယ် အရှုံးတွေ ရင်ဆိုင်လည်းအားပေးတယ် အမှန်တွေလုပ်ရင်လည်း တိတ်တဆိတ်ပြုံးတယ် အောင်မြင်မှုတွေရလည်း အများတကားထက် သူပိုပျော်တယ် အပြုံးမပျက် ဒေါသမရှိ စိတ်ဆိုးတယ်မရှိ အရာအားလုံးကို ခွင့်လွှတ်နားလည် သည်းခံအားပေး ဒီလောက မှာကျွန်တော်တို့ အတွက် ပေးဖို့သက်သက် သာရောက်ရှိလာသော လက်တစ်စုံ………….များဟာ…. ဖခင်တို့၏လက်များသာ….. ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

သာသနာ့ရောင်ဝါ ထွန်းကားစေ ဤသာဝတ်မြေ

ပြည်တော်ဝင်ပေါက်ရယ် သွယ်တန်းကာမို့ ဝဲဘက်ဝဲယာယူကလစ်ပင်တန်းရယ်က  ပျိုတော်တွေ ယိမ်းကသည့်နှယ် လွှမ်းထက်ကာမိုး ထုထည်ကြီးမား ဥဿဘုရားတွေမှ တချွင်ချွင်တရား ဓမ္မဆွဲလွဲသံတွေက အေးချမ်းခြင်းနိမိတ်ကိုဆောင် လောကသားကောင်တွေ ချေချွတ်သည့်နှယ် လမ်းတစ်လျှောက် ကျွဲခလောက်သံရယ်အစ ပျိုဦးရောင်နီ တက်ဆဲနေခြည်ရယ်က တောတက်မယ် ရွယ်ပျိုဖြူတစ်သိုက်ကိုလှ စွဲမက်ဖွယ်ဓလေ့တမ်းကိုပ လှမ်းခဲ့ပါစို့လေး “နှောင်ဝေဝေ…………..” “ဆွမ်းတော်ဗျို့……………………” ရွာဦးကျောင်းမှ သံဃာတော်များ စီတန်းကာ ကြွချီလာ တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူရေစက်မကွာဆက်၍ လှူဖွယ် လှူဒါန်း ဒါနအစွမ်း ကုသိုလ်တွေက အတူမှန်းရန် နိဗ္ဗာန်လမ်းကိုပါ့ လှမ်းကြပါစို့ မြန်းကြပါစို့လေး………… ပိုးပေါက်(ရွှွေထိေြမ်) နည်းပညာတက္ကသိုလ်(မုံရွာ)

မျှော်လင့်ရင်ဝေးတဲ့လား

ဟန်ဆောင်ပန်ဆောင် မလုပ်တတ်တော့ ဒုတ်ခနဲ့ ကျ အင်းလောက ခင်ပြန်တော့ အရိုအသေတန် တည်ပြန်တော့ မာနခဲ အေးအေးနေတော့ ကမြင်းကြောထ အလိုက်အသင့်ကနေတော့ အသက်မပါ လူ့ဘဝ ကိုယ့်နေသမျှ ဝေဖန်တုံးတိုက် အရှုံးခိုက်ပါများတော့ ဒီမောင်လည်း အသည်းနာ ရှုမဝဒီချစ်သည်းလည်း အပစ်နာတော့ သြော် မျှော်လင့်ရင်း……ဝေး…………ကွာ. ပိုးပေါက်  နည်းပညာတက္ကသိုလ်(မုံရွာ)
စည်းကမ်းတွေ သစ္စာတွေ နားမလည်းတဲ့ ကွျှန်တော်ကို အိမ်ထဲပေးမဝင်ပါနဲ့ တစ်ချက်တစ်ချက် ငေးသွားတာကလွဲလို့ အလတ်ကြီး ရှိပါသေးတယ် အကျင့်ဟောင်းက မပျောက်ပေမယ့် နာရီအိုကြီးလည်း စည်းချက်မှန်ဆဲပါ ကီးမချိန်းတတ်ပေမယ့် တိုက်ကွက်တော့ ပြောင်းတတ်မယ်…..  တီတီတာတာ ဘယ်လို ဖန်လာမယ်တော့မသိ ရနောင်းခင်ရေ……. ငယ်ကျွမ်းမေ တသွေသွေဝေးလို့ ဘယ်အကျွမ်းဆွေ ဒီကိုလာမယ် မျှော်နေဆဲပါ မေ….. ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

မမြင်ရသေးတဲ့ ဟိုဘက်ကမ်းခြေ

ပင်ပန်းမှုဟူသည် မြုမှုန်တစ်မျှမရှိရအောင် အတန်းသင်ညာ ကျောင်းတော်တိုင်းမှာ သင်ယူပို့ချ တို့တစ်တွေဘဝ သက်သာပါစေ စေတနာတွေဝေခဲ့ ထားစေကုန်စေ အချိန်တွေငွေကြေးတွေ ကြိုတင်ရင်နှီး ဘဝခရီးအတွက် စိတ်လိုလက်ရ ပေးဆပ်ခဲ့ရဒီဘဝတွေ အသောသောနဲ့မျှောနေဆဲပါလေ မမျှော်လင့်ဘူးဆိုတဲ့ အပြောနဲ့ တလူလူတက်လာတဲ့ အညွှန်တွေ လေဒဏ်မိုးဒဏ် ဒဏ်သတ်တဲ့ ရာသီခွင်မှိုင်းတွေ ငုံဆဲပါလေ လောကသဘာဝ တစ်ပြီးရင်နှစ် ပြောလို့ကောင်းပါတယ် ကြည့်လို့လည်းကောင်းပါတယ် တကယ့်ဘဝက ဟိုမရောက်ဒီမရောက် ဒသမကိန်းတွေ ရောနေဆဲပါ ဟိုခရီးဒီခရီး အကူးအလူးအကြား တဒင်္ဂ အံချော်မှုတွေ နားခိုမှု ရပ်တန့်မှုတွေ ဒူးတုန်လို့ ရပ်နေတာမဟုတ်ပါဘူး ရွှေ့လျားခြင်းအတွက် အလျားလိုက် ဖြတ်ကူးမှု မြစ်တစ်စင်းပါ မြင်စေချင်တဲ့အရာ ချစေချင်တဲ့ခြေရာ အလိုရမ္မက်တွေရဲ့ ချဉ်ခြင်းတပ်မှုမှာ ရင်ဘတ်တစ်ခုမှာနာကြင်စွာကပ်တွဲဆဲပါ ပိုးပေါက်(ရွှေထိမြေ) နည်းပညာတက္ကသိုလ်(မုံရွှာ)

သမိုင်းထဲက GIT ကျောင်းသားတစ်ယောက်အကြောင်း

တစ်ခါမှ ဆုံဖူးခြင်းမရှိ ကံကြမ္မာအကြောင်းဖန်တော့ အစ်ကိုတစ်ယောက် ကောက်ရသည့်နှယ် ရွှေဘိုသားချင်း ကျောင်းချင်းတော့တူပါရဲ့ ကျောင်းတက်နှစ်ခြင်းမတူ မေဂျာမတူ အသိဉာဏ်မတူ စကားလုံးတွေနဲ့ စီးမျှောလိုက်တာ နေဝင်ချိန်တောင် မသိလိုက်ရပါ အစ်ကိုကြီး က ၁၉၉၅ ဆင်း ကျွန်တော်က ၂၀၁၂ ဆင်း ကွာလိုက်သည့်ဖြစ်ချင်း ၁၇နှစ်တောင် သူက Civil ကျောင်းသား တော် လိုက်သည့်ဖြစ်ချင်း ဘက်ပေါင်းစုံ ကရသည့် အင်ဂျင်နီယာတစ်ယောက် ကျွန်တော်က ဘက်ပေါင်းစုံ က ချာသည့်အင်ဂျင်နီချာတစ်ယောက် လေးစားစရာကောင်းတဲ့ အမိကျောင်းဆင်းတစ်ယောက် စကားလုံးတွေ အသိစိတ်တွေ အမိတက္ကသိုလ်ခိုလှုံ့ကြည့်တော့ တစ်အူတုံ ဆင်း ညီအစ်ကိုရင်းတမျှ သမိုင်းကြောင်းကိုအောက်မေ့လိုက်တော့ Mession 1,2,3,4 မှာ အတူတက်နေရသလို ကျောင်းသစ်လမ်းမှာ တီတံကိုင်ဆွဲလျှောက်နေရသလို ဆွမ်းလုံးပွဲအတွက် ဒိုးပတ်တိုက်နေရသလို အမိ GITကျောင်းတော် မုံရွာရဲ့ ရင်ငွေ့ခိုလှုံ့ခဲ့ရတဲ့အချိန် ကော်ဖီတစ်ခွက် နှစ်ကျပ် အသုပ်တစ်ပွဲ ၁၅ ကျပ် ရောသမမွေအကြာင်းစုံခံစားလျှက် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) 29.5.1014

ငမိုက်သားတို့နေဝင်ချိန်

အမေ့ဝမ်းကကျွတ် ပူခနဲဗိုက်ကဆာ စီခနဲနှုတ်ကအော် အော် လူဘဝအစပါတကားး ငယ်ဂုဏ်လေးနဲ့ တက်လူတက်လူ ပညာတွေသင်သင် အသိတွေ ဆင်ဆင် အော် လိုအင်ပြည့်တယ် မရှိပါတကားး ဝမ်းစာ ရှာကြတယ် ဉာဏ်စာရှာကြတယ် သံသရာစာတော့ အကြွေးမှတ်ကြတယ် သေမယ့်နေ့ဟာ လက်တစ်ကမ်းမှာဆိုတာ မသိတဲ့ လူတွေပါလား အော် မိုက်မဲမှု မဆုံးပ့ါတကားး ဝမ်းမီးကနာနာ အစာအိမ်က မသာမသာ သေမင်းကလာလာ အော် ငမိုက်သားနေဝင်ချိန်ပါတကား။ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၄- ၈ -၂၀၁၆ ကြာသပတေးနေ့

Bonding rope

Pain that should not come out Take it away The spring water is also beautiful I want to shore It's a village far away Because they are already talking about walking The misses are also different I want to listen Love is iron.. hey Do not sleep and enjoy This rain is gone grow the missing  I can miss Ko Poche Beside the giant river son From Khon Cho Ka Dimira Synopsis of the future Poe Pauk University of Technology (Monywa) 15-8-2016 A day to come _________________________ နှောင်ဖွဲ့ ကြိုး မထွက်စေချင့် ဝေဒနာ ဖယ်ခွာ ကျင်းလှည်း စမ်းရေလည်း တသွင်သွင် ကမ်းကပ်စေချင် ဝေးနေပေရ မြို့တစ်ရွာ လှမ်းမှာကာ ဆွေးနေပြီမို့ အလွမ်းတွေလည်း တသွင်သွင် နားဆင်စေချင် ချစ်ရေက သံဟေး မှေးဆက်ကာ ပျော်မဝင်ပါဘု ဒီမိုးက တပျက်ပျက်နဲ့ အလွမ်းဓာတ်ကတိုး ကိုပုချေ လွမ်းနိုင်ပါဟု မြစ်ဧရာ သားငယ်ဘေးမှာ ခွန်းချိုကာ ကြီးမိရာမှ သံယောဉ်ဇဉ် နောင်ဖွဲ့ကြိုးး ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁၅-၈-၂၀၁၆ တနလာၤနေ့
အတိတ်မှာ နုပျိုမှုတွေ ကျန်ခဲ့တယ် မရင့်ကျက်မှုတွေ ချန်ခဲ့တယ် ရုန်းကန်မှုတွေ ထမ်းခဲ့တယ် မွေးဖွားခြင်းကို နားလည်သလို သေဆုံးခြင်းကိုလည်း နှလုံးသွင်းခဲ့ကြတယ။် ပစ္စုပ္ပန်မှာ နားလည်မှု တွေထားကြမယ် နွေးထွေးမှု တွေလက်ကမ်းကြမယ် စည်းလုံးခြင်းတွေ ထပ်ဆင့်တိုးကြမယ် ချစ်ခြင်းတရားကို နားလည်သလို အမုန်းတရားကို ဖြေလျော့ကြမယ။် အနာဂတ်မှာ အိပ်မက်တွေ အကောင်အထည်ဖော်ကြမယ် အောင်မြင်မှုတွေ ချိုမြိန်စွာ စားသုံးးကြမယ် သံသယတွေ ထုတ်ရောင်းကြမယ် လက်တွဲဖို့ဆုံးဖြတ်ထားသလို လမ်းခွဲဖို့ဟာ မဆိုင်သလို နေကြစို့ ချစ်သူ မင်းလိုက်ရဲလားး ကိုယ့်လက်ကို ရဲရဲတွဲထားး သွားစို့လာ ကမ္ဘာမြေအဆုံးးး။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၅-၈-၂၀၁၆

ခြောက်ပေကျင်းလေး မစွန်းစေနဲ့

အမောင်ငယ်လုလင်ပျို သင်၏ပျိုမြစ်တင့်တယ်ပုံကို မာန်ဟုန်တက်ဝင့်ကြွားမနေပါနဲ့ သင့်မိခင် မေတ္တာတရားကြောင့်ပါ လောကီပညာဘွဲ့မဟာနဲ့ ယှဉ်ရာနှိုင်းဖက်ကြင်ယာဖက်က လှပရုပ်ဆင်းပြည့်စုံခြင်းဖြင့် ငါ………ကောမရှိပါစေနဲ့ သင့်ဖခင်မေတ္တာတရားကြောင့်ပါ အမောင်ငယ်လုလင်ပျို သင်၏စီးပွားတိုးတက်ငြားအံ့ အောင်မြင်လူစော်မမောက်မော်နဲ့ သင့်မိဘထောက်ပံ့ခြင်းကြောင့်သာ ပျိုမြစ်ခြင်း အိုမင်းခြင်း ကြင်ယာရှိခြင်း ကြင်ယာမရှိခြင်း စီးပွားရေးအောင်မြင်ခြင်း မအောင်မြင်ခြင်း ဒီလိုချိန် လောကကြီးရဲ့ နိယာမတရားကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းချိန် သင်၏အတ္တမာနကြောင့် ခြောက်ပေကျင်းလေးအရောင်မစွန်းပါစေနဲ့ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
တစ်ခါက လှလှပပ ကတတ်ခဲ့ပုံများ ဒေါင်းပျိူမအလားပဲ ပန်ဆင်လိုသူတွေ ဈေးကြီးပေးတော့ ကြိုက်ဈေးခေါ် စိတ်တိုင်းကျပေါ့ ထားပါလေ ကော်ဖီခါးခါး ညတွေ မသောက်တတ်သောက်တတ်သောက်တော့ အိပ်မက်မှာတော့ တစ်ချိန်ကသာတဲ့လ ပေါ့ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

အသံတိတ် ကကြိုး

း ချိုသာတဲ့ အသံကလေးနဲ့ သာလိကာမလေး နှုတ်ခမ်းစကား လူတိုင်းရင်ကို လှုပ်ရမ်းစေတယ် လှပတဲ့ အရောင်အဆင်းက နတ်မိမယ် ကိုယ်ပွားအလား နှလုံးသားကို ကွန်းခိုစေတယ် လေဟုန်မှာ ဝဲပျံရင် အစုန်အဆန် အတက်အဆင်း ခုနှစ်ထွေကကျိုးကွက် ထက်သာတယ် အားလုံးကို ချီးကျူးတယ် အားလုံးကို ဂုဏ်ယူတယ် အားလုံးကိုအထင်ကြီးတယ် အိုအေစစ် ဘိမ္မာန်ကို နှုတ်ခမ်းပါး ကိုယ်ပွား ကကျိုး အသံတိတ် ကားလိပ်ချအောင်ကြိုးဆွဲခဲ့တယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
လူတွေကြောင့် ဘဝဟာ  ခက်ခဲခဲ့တယ်။ လူတွေအကြောင်း လူတွေရဲ့ စိတ်ဓာတ် လူတွေ ရဲ့ အကြောင်း လူတွေရဲ့ လူတွေ သိအောင်လုပ်ရင်း ပြောစရာတွေ ရှိလာခဲ့တယ်။ ကိုယ်သိတဲ့ အသိတွေ  ကိုယ်မြင်တဲ့ အမြင်တွေ ဘယ်သူမှ မပြောဖြစ်ခဲ့တဲ့အမှန်တရားတွေ ဘယ်သူနမ်းမှန်းမသိတဲ့ ပန်းပွင့်ငယ်လေးတွေ ပြောချင်ရင် ပြောချင်ရင်း လူတွေ အကြောင်း မသိချင် မပြောချင်တော့ပါဘူး။ #poepauk
စိမ်းစိမ်းစိုစို မြကျောက်ဖြာအလားး င့ါတို့သားငါ့တို့နွား ငါတို့အားဖြင့် သားရယ် ဒါဟာ ထမင်းဖြစ်မယ့် ဆန်ကွယ့် သန္ဓေလောင်းး ဒီမြေ ဒီအခြေ ဒီကွင်းပြင်တွေ နိုင်ငံတာဝန် ထမ်းဆောင်တဲ့ လုပ်သားကောင်းတွေ တက်လမ်းအတွက် ရောင်ခြည်ဦးလည်း ဖြစ်ခဲ့ပေ။ ကျေးဇူးရှင် စိမ့်လဲ့မြေ လယ်တောတွေ ပိုးပေါက်  နည်းပညာ တက္ကသိုလ် မုံရွာ
ပြာယာနေခတ်နေတယ်။ နေခြည်ရယ်။ ဘဝရဲ့ အနက်ရှိုင်းဆုံးထောင့်တစ်နေရာကို မင်းသွားပါ။ တပ်မက်မှုတွေကို စားသုံးပါ။ ငါ့ကို မလွမ်းဆွတ်အောင်ထိ စားသုံးလိုက်ပါ။ မနက်ဖြန်တွေ မင်းဆီ ရောက်လာလိမ့်မယ်။ မျက်နှာသစ်ပြီး နေခြည်နွေးနွေးလေးဖြင့်ထိတွေ့လိုက်ပါ။ #poepauk

အညာသင်္ကြန်

အရိုင်းနွေဦး ကဗျာတေးသံ မတောက်တစ်ခေါက် အသိဉာဏ်နဲ့ ရန်ကုန်သင်္ကြန်ကို ရင်မဆိုင်ခဲ့ အိမ်ကိုပြန်မယ် မိဘရင်ခွင်ကို ညိမယ်ဆိုတဲ့အတွေးနဲ့ ပိတောက်တွေ လှိုင်လှိုင်ပွင့်ရာ အညာမြေကို အတောင်စုံဖွင့်လေဟုန်ဝင့် အမြန်နှုန်းနဲ့ နွေးထွေးရာအသိုက်အမြုံကို ခိုလှုံခဲ့တယ် ဒိုးသံကိုမကြားရပေမယ့် မိဘတွေရဲ့ဆုံးမသံ နာခံခဲ့တယ် ယိမ်းသမတွေ ညီညာတဲ့ကကွက်ကိုမကြည့်ရပေမယ့် စုံညီတဲ့ မိသားစု စကားဝိုင်းကိုရခဲ့တယ် မှတ်သားဖို့ကောင်းတဲ့ ဆုံးမသံတွေ နွေးထွေးတဲ့ အပြုံးတွေ ချစ်ခင်ဖွယ် ကြင်နာဖွယ် ကြည်နှုးဖွယ် ရသအမြောက်ဆုံး အညာမြေရဲ့ မိသားစု သင်္ကြန်ကို ဆင်နွှဲခဲ့တယ် အေးမြလှတဲ့ လရောင်အောက် ရေနွေးကရားအိုးနဲ့ ထန်းပင်ရဲ့ အနှစ်ခဲ မြုံခဲရင်း ညီလေးပြုံး ညီမလေးက တစ်ထောင့်တစ်ည ရဲ့ ရသ က နွေဦးရဲ့ တူးပို့သံကြားမှ အညာမြေ မိသားစု သင်္ကြန်ကို ပီပီသသ နှုတ်ခွန်းဆက်သ ဆင်နွှွဲကြတာပေါ့……….. ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) 7/4/2014 1:49 AM
နီးခြင်း ဝေးခြင်း စိတ်ကျေနပ်ဖို့  မကောင်းတဲ့  ဆေးတံပျို သောက်ရသလို  ငါ ဖန်ရှရှ နေလေရဲ့။ အိပ်ခြင်း မအိပ်ခြင်းမှာ နိုးတစ်ဝက် ထပျက်တဲ့ အိပ်မက်မှာ အရံကာ ရေချိုး ခြေဆေးကြလေရဲ့။ ပြန်မယ် မပြန်ဘူး။ ခရီးဦး တစ်ထောက် နေစောင်းချိန် မလွန်မီ ငါ့ကို အနွေးဓာတ်ပြန်ပို့ပေးပါ။ လေပြေတွေ လာမယ်။ လေကြမ်းတွေ လာမယ်။  စိတ်တံခါးကို ပိတ် နေဝင်မယ်။ အိပ်တန်းတက်မယ်။  မနက်ဖြန် အတွက် ခွန်းအားတွေ  ထပ်တိုးမယ်။ ပိုးပေါက် ၂၀၁၇ ဧပြီလ ၂၄ ရက်။
အချစ်သည် အိပ်ပျော်နေသည် အချစ်သည် လွမ်းနေသည် အလွမ်းနဲ့ အနမ်းသည် ရောထွေးနေသည် ချစ်ခြင်းနဲ့နွေးထွေးပါရစေ #poepauk 4-6-2017

ထင်တစ်လုံးနဲ့ စေခဲ့တဲ့ဘဝ

ဒီလိုလေဗျာ အမေရ ကျောင်းတက်နေစဉ် ဘဝထင် ဘဝင်လေဟပ် အမြင်တက် တွက်ပါမှတ်ပါ CALCULATOR ES လေးမှကိုင်သဗျာ ယူနီဖောင်းလေးကော့ပြန်ရေး ဒိုဘီဆိုင် ကိုအမြန်ပြေး ကျောင်းတက်ရတာ မောလိုက်တာ ထမင်းလေးတောင် ချက်မစားပါ မိဘတွေကိုမညှာတာ တို့ကျောင်းသားဘဝပါ ကျောင်းကိုမှန်မှန် မတက်ချင် ကျူရှင်ကိုပဲ အားကိုးသင် လစဉ်ဆီဖိုး နှစ်သောင်းတိုး တိုးလိုက်တိုးလိုက် သိန်းထိလိုက် အမေတို့ခမျှာ ငွေတိုးရှာ သုံးစွဲရတာ မလောက်ပါ လကုန်လကုန် ဖုန်းဆက်မှာ မိဘတွေခမျှ ကြောက်နေတာ ကျောင်းပြီးဖို့ရေး အမြန်တွေး ငွေလေးရွှင်ရွှင် စိတ်ကူးယဉ် ပြန်ကာပေးမယ် အမေရယ် သားဟာ ဘီးအီးကျောင်းသားကွယ် အလုပ်မရှားတာ သေချာတယ် ဒီလိုလေးနဲ့ ပလီကာ ငွေ့ပို့ပေးပါ အမေရာ သား……….ကျောင်းကိုသွားတော့မှာ……….. ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

လွမ်းနေဆဲပါ အမိမြေ

အပူပင်ကင်းတဲ့ ကျောင်းသားဘဝကို တစ်ခါပြန်ရချင်သေးတယ် နှုတ်မဆက်ဖြစ်တဲ့ ချစ်သူရယ် ကံကော်တောရယ် တစ်စိတ် ဒီရင်ကိုမစိမ်းသက်ပါနဲ့ မချစ်တတ်လို့မဟုတ်ပါဘူး ကျောင်းသားတစ်ယောက်ရဲ့တာဝန် ကျေပွန်ချင်လို့ပါ လေယူရာသိမ်းတဲ့ မင်းရဲ့ဆံနွယ်တွေ ရင်ခုန်သံ ကိုလှုပ်နှိုးလို့ သစ်ပုတ်ပင်အို ကိုတွယ်ဖက်ကာ ငိုခဲ့ဖူးတယ် မလှုပ်တလှုပ် စိတ်တံခါးက ဝင်ပေါက်မသိတဲ့ကျောင်းသားတစ်ယောက်ရဲ့ စာသင်ချိန်တစ်ဝက်မှ ချေဖျက်တတ်ပေါ့ ကော်ရစ်တာ တစ်ဝိုက် ရေးသားတဲ့ သတိရခြင်း ကဗျာတွေ ပိုင်ရှင်မဲ့တေးဂီတမှာ သံစဉ်တွေကမရကြတော့ဘူး စည်းချက်မညီတဲ့ တီချယ်စာသင်ချိန် ခြွေလင့်လိုက်ပေါ့ပန်းပွင့်ငယ်အပြုံးဟာ မီးခိုးရောင်ရဲ့တွယ်ငြိခြင်းမှာ လွမ်းဆွတ်ခြင်း နယ်နိမိတ်ကိုဆောင်ခဲ့ပေါ့ အုံ့တုံ့တုံ့ မိုးဥတုမှာ ကျောင်းတက်လာတဲ့ ဆွယ်တာတစ်ထည်ရဲ့ အပြစ်ကင်းစင်မှုဟာ လွမ်းဆွတ်ခြင်းကို ပုံပေါ်စေတယ် ဒီလိုချိန်မှာ ကျောင်းမတက်ချင်ကြဘူး ကျောင်းတက်တုန်းက ကျောင်းပြေးတဲ့ ငါတို့ဘဝ ကျောင်းပြီးမှကျောင်းတက်ချင်ကြ လွမ်းဆွတ်စေတာ ကျောင်းတော်ကြီးလား ရင်တွင်းကဒဏ်ရာတွေလား ငါတို့အဖြေတွေ ဝေဝါးဆဲ တမ်းတနေတာတော့ ကျောင်းသားဘဝပေါ့ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

မောင်မရှိလို့ မယ်ခို

အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို ရုပ်ကလေးရယ် နုစေလို ဆံနွယ်တိုတို ဘေးစောင်းဗျို့ ပုတာ နုတာ ပဓာန မထားပဲ အသက်ကိုပဲ မှန်းစေလို့ အို......အေး ရှစ်ကိုး ဘွန်း ဟာ ဂန္တဝင်အပျိုကြီးဖြစ်မှာ နားဝင်ချို  စိပ်ပုတီးလက်မှာချိပ် တောင်ရိပ်မှာပဲ  မယ်ခိုပါတော့ ဆို။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

ဘယ်တော့မှ………တို့တစ်တွေဆုံဖြစ်ကြတော့မှာမဟုတ်ပါဘူးးး

မျှော်လင့်ချက်များစွာ ယုံကြည်ချက်မြင့်မားစွာ ဘဝရဲ့တစ်ထောင့်တစ်နေရာမှာ ခိုနားအိပ်စက်ဖို့ ဘယ်မလဲ အပြာရောင် နှုးညံ့မှုတွေ အဆုံးအစမရှိ ညစ်ထေးနေတဲ့အတ္တတွေ တစ်စပြီးတစ်စ ရှောင်လို့မရတဲ့ညတွေမှာ ပြန်ပြီး မှိန်းမော ရစ်မူးခဲ့ကြတယ် တစ်ချိန်ကဆို စံပယ်လည်းဖြူစင်ခဲ့သလို ရောင်နီဦးလည်း ဝင်းပခဲ့တယ် ခဏခဏထတောက်တတ်တဲ့မီးတစ်စကြောင့် စိတ်တွေလည်း မီးခိုးရောင်ပြောင်းကုန်ကြပြီ မလာနဲ့ မလာပါနဲ့ သူငယ်ချင်း ဟန်လုပ်ပြီး အရောင်တွေတင်နေကြတယ် ပန်းတိုင် ရေးခြယ်မှုမှာ အပူတွေပါနေမယ် အရောင်မှိုင်းမှိုင်းတွေပါနေတယ် တကယ့်အစစ်အမှန်က ဘယ်မှာခိုနားနေတာလဲ ခေါ်လိုက်ပါ လာခဲ့ပါဦး လာခဲ့ပါဦး မိတ်ဆွေတွေဖြစ်ခွင့် တစ်ညလောက်တော့ကုန်ဆုံးပါရစေ အရောင်တွေတော့ ခဏလောက်ထားခဲ့ပေးပါ မင်းနဲ့တို့နဲ့က တကယ့်သူငယ်ချင်းမိတ်ဆွေတွေပါ ခဏလောက်ပြန်ကြည့်ပေးပါ တို့ါ့ကိုမှတ်မိသေးလား ဟင့်အင်း မင်းမယုံကြည်ရင် မလာခဲ့ပါနဲ့ အရောင်ရှိမှအရောဝင်မယ်ဆိုရင်တော့............ တို့တစ်တွေက အရောင်မရှိတဲ့မြို့မှာခိုနားနေတယ် ဆယ်စုနှစ်အတွင်း သမိုင်းတွေရေးထိုးခဲ့ကြတယ် ကလေးဘဝတုန်းက မင်းဟာတို့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ စကားလုံးတွေပဲကျန်ခဲ့တော့မှာလား ယုံကြည်မှုတွေ အောင်မြင်မှုတွေ အတူတ...
ကြိုးတစ်ချောင်းချင်းဆီဖြင့်  အသက်ဆက်ရှာရသည့်  ရုပ်သေးရုပ်နယ်။ သဘင်သည် မျိုးရိုးပေမယ့် ကြိုးကိုင်သူ ရင်နှစ်သည်းခြာ စောင့်ဆိုင်းခဲ့ရ။ အလှတရား ပင်ကိုယ်ဟန် ကြွယ်ဝ ကုံလုံ ပြည့်စုံမာန် သူမသွင်း သူဆင်းခဲ့ရ အမှန် ဆိုစေ ကစေ ငိုစေခဲ့ ရပြန်။ မြန်မာ့ သဘင် မြန်မာ့ စင် ဝင့်ဝင့်ကြွားကြွား  မော်စေအော်စေကြောင်း  ထပ်လောင်းစေတနာဝေဖြာပါ ဝေဒနာ အကြွေရာ မြေမှာ ခ ရရှာ။ သဘင်သည်တို့ ရင်နှစ်သည်းချာ ကြွေရုပ်လေး ငိုကြွေး ပူဆွေး။ ပျော်ရွှင် လက်တွင် ဆင်ယဉ် ကပြစေရမှာ။ အသက်သွင်း ဇာတ်ပင်း ကစေမှာ။ ပျော်စေ ရယ်စေ ငိုစေ ဝမ်းနည်းစေ။ သူတို့ စွမ်းကြပေ သဟာ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
အမေ သားတို့ကို ဆိုဆုံးမခဲ့တယ်။ ငါ့သား "သည်းခံ သည်းခံ" "လူပိလို့ မသေဘူး တုံးပိမှ သေတာ" အမေ ရယ် တစ်ခါတစ်လေ လူတွေ အကြောင်း သိလာတဲ့အချိန် တုံးပိလို့ သာ သေလိုက်ချင်တော့တယ်။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁၈-၉-၂၀၁၅

ထောင်ကျလို့ မွဲသွားတယ်ထင်လား

မှားလိမ့်မယ်။ ပြည်သူတွေ တစ်ခွက်လျှော့စားခဲ့။ တစ်နှပ်လျှော့စားခဲ့။ ကုန်ဈေးနှုန်းတက်တိုင်း အစိုးရ အပစ်မတင်နဲ့။ အစိုးရလစာ နဲ့ မလောက်ရင်ထွက်တဲ့။ ကုန်ဈေးနှုန်း တွေ တက်နေချိန် ပြည်သူက အံကြိတ်ခံတယ်။ အခွန်တွေ ကောက်နေရချိန် ပြည်သူက အံကြိတ်ခံတယ်။ YBS တွေ ပြောင်းလဲတယ်။ ပြောင်းလဲမှု က မညင်သာဖူး။ အခက်အခဲတွေ ငွေပိုကုန်မှုတွေ ပြည်သူက အံကြိတ်ခံတယ်။ အထပ်မြင့်တွေ ပိတ်ပစ်လိုက်တယ်။ အလုပ်အကိုင်တွေ ရပ်ကုန်တယ်။ ပြောင်းလဲ မှုက မညင်သာဖူး။ အာဏာရှင် စီတဲ့ စိန်တွေကြည့်ပြီး အံကြိတ်ခံတယ်။ ထောင်ထွက်တွေ ခြယ်မှုန်းတဲ့ ပန်းခင်းထဲမှာလဲ ပြည်သူတွေ အံကြိတ်ခံဆဲပါလေ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) 08-01-2018

ခပ်စိမ်းစိမ်း မျက်နှာတွေအလွမ်း

ဟိုးတစ်ချိန်က သက်တမ်းတွေမနုမရင့် ခပ်စိမ်းစိမ်းမျက်နှာတွေနဲ့ ဘေးချင်းယှဉ်လို့တောင် နှုတ်မဆက်ဖြစ်ခဲ့ဘူးနော် တစ်လကျော်လက်တွဲ ကျောင်းပြေးပြိုင်ပွဲမှာအတူပြိုင်ရင်း ထန်းတောမှာမကြာမကြာရောက်တော့ ဖအေနာမည်တွေတောင်ရင်းနှီးလို့ တစ်ယောက်တစ်ထောင်တစ်ယောက်တစ်ထောင် ဟစ်ကြွေးတိုင်း ကိုစိုးကြီးဆိုင်မှာပျော်နေကြပြီ ကျောင်းပြေးတိုင်းဖူးဝေမှာထိုင် ဂျာနယ်တွေမငြီးမငွေ့ဖတ် တီးဆရာတောင်လက်သားကျအလွတ်ရနေတယ် စာမေးပွဲကျတော့ အတူတူ သံယောစဉ်အမျှင်တွေက Roll.no ကပ်လို့ စာမေးပွဲတွေနီးတိုင်းနီးတိုင်း “ဘီအီးပါလည်းသေမှာပဲမမြဲဤခန္ဓာ” ဆိုတဲ့အသံတွေကြားယောင်ရင်းပေါ့ အခုဆိုရင်တို့သူငယ်ချင်းတွေ ကိုယ်ယုံကြည်ရာကိုကျောက်တိုင်စိုက်ဖို့ တနယ်တကျေးမှာဝေးကွာနေလည်း တို့တစ်တွေရဲ့စည်းလုံးခြင်းနွေးထွေးမှုတွေဟာ ကျောင်းတော်ကြီးမျက်နှာစာမှာပုံရိပ်တွေထင်ကျန်နေဆဲပါ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

လမ်းကလေး

ဟိုးအဝေးက လမ်းငယ်လေး မှုန်ပြပြ သူညွှန်ပေး။ လမ်း တော့ လမ်းပဲ သာမာန် မြေလှမ်းမှ မဟုတ်ပဲ။ အသိဉာဏ်ခြင်း ပွတ်ရှမှုဖြစ်တော့ နိုင်လျှက် နှင့် ဆုမရခဲ့ဘူးလေ။ တစ်နေ့တော့ ဒီလမ်းပဲ နောက်တစ်ကြိမ် တက်ကြွပုံ ဖောက်ထွက်ခြင်းမတူတော့ ကျဉ်းထဲမှာပဲ ဆက်လက် ငိုကြွေးပေါ့။ အရပ်ပုသူဟာ မေ့ာ်ကြည့်တော့ လည်ပင်းညောင်းတယ်။ အရပ်ရှည်ပြန်တော့ အပေါ်ကြည့်နေရင် မတရားရာ ရောက်တယ်။ အရပ်ရှည်ပြီး အောက်ကြည့်နေပြန်ရတော့လည်း ဇတ်ညောင်းတယ်။ ကြည့်နေတာခြင်း တူပါတယ်။ ခြောက်တစ်လှည့် ကိုးတစ်လှည့် မစဉ်းစားတတ်တာပဲ လိုပါတယ်။ လမ်းငယ်လေးမှာ ဟိုးအဝေးဆုံးရောက်တော့ နောက်ထပ် ဟိုးအဝေးဆုံး ကို ပြန်မျှော်နေတတ်ပေါ့။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၉-၃-၂၀၁၈

မလွန်ဆန်နိုင် သင်္ခါရ လူ့ဘဝ

ကဗျာ (၂) ကျွန်တော်တို့  မွေးနေ့ကို မှတ်သားကြသည်။ ကျင်းပကြသည်။ သေနေ့ကိုကား မသိရသေး။ မွေးချိန်ကို သိရသည်။ အသက်ရွယ် အချိန်အခါကိုသိကြသည်။ သေချိန်ကိုကား မသိရသေး။ မွေးရပ်မြေမှာ အဖေ အမေကို ဦးထိပ်ပန်ဆင်လျှက် သေရပ်မြေမှာ  အိုအဘယ်သို့သော အချင်းအရာဖြင့် ပျိုမျစ်ခြင်းမှာ တင့်တယ်ပေမယ့် အိုမင်းခြင်းမှာ မလွန်နိုင်သေး။ ခေတ်မီတိုးတက်ခြင်းဟာ  ဘဝအတွက် ကူထောက်ပေမယ့် သေဆုံးခြင်းမှာ မီးမမွှေးနိုင်သေး။ သေနေ့၊သေချိန်၊သေမြေ  ထိုထွေထွေ လိုအင်တွေ ဆန္ဒတွေ ဘယတွေ ပေါများချိန် နောက်ဆံမတင်း သေမင်းခေါ်ရာ။ အဘယ်နေရာ မရွေး ကင်းလွတ်ဝေးသို့ ကြည်ကြည်သာသာ လိုက်ခဲ့ကြပါ။ သေမင်းလက်တွင်းတို့သာ...... ပိုးပေါက်(သာဝတ္ထိ) ဧပြီလ ၈ ရက် ၂၀၁၇။

ထွေးညို

မောင်တစ်ယောက် သက်ပြင်းတွေ ခါခါချ အိပ်လို့ မရဘူးကွယ်။ မြန်မာပြည် အရေးဆိုလို့ ဇူကာဘတ် Live ကိုလည်း ကြည့်မိပါတယ်။ သူတောင်းပန်တယ် တာဝန်ခံတယ်။ Live တွေ ခေတ်ထနေလို့ မြောင်းမြ Peacetalk လေးမှာ ပညာရေးက တစ်ဂိုး ကျန်းမာရေးက တစ်ဂိုး သရေဖြင့် အလိမ်အခေါက် ကောင်းကောင်းဖြင့် အသက် ၇၀ အမေအိုနှင့်အတူ သန်း ၅၀ပြည်သူကို ဂျင်းထည့်ခဲ့လေတဲ့ ဂျင်းတွေ ခေတ်ထနေတော့ ဂျင်းရှောင်းမယ် ချင်းတွင်း တောတောင် ကိုတက်တော့ လာလာဗျာ့ ပွဲ မရောက်သေးဘူး။ စိတ်ဝင်တစား တွင်တွင်ကျယ် ဝင်ကလုတ် ထွက် ကလုတ် သဲပန်းချီ နဲ့တင် စေတနာ ပေါ်နေပါပြီ။ ဝန်ကြီးချုပ် လှည်းယာဉ်စီး ကိုယ်နဲ့နှိုင်း ကမြင်းရိုင်းပေါ့။ ဂျင်းက သူဂျင်းလား ကိုယ်ဂျင်း ပြည်သူ သိသဗျာ့။ အညာမှာ နည်းနည်းပူတယ်။ မန္တလေး လမ်းလျှောက်တော့ ကျုံးဘေး စတီး လက်ရမ်း နေထိုးတယ်။ အသံတွေ ဆူ နားတွေ အူလို့ မျက်မှန်တပ်လိုက်တယ်။ နေဦး ဒီနှစ် မုဒ်ဦး ပါသေးလား? မြေမညီလို့ မင်းတုန်း ကြောင့်ပါကွာလို့ အသံထွက်သတဲ့ ။ လက်ရမ်းတွေ သောင်ပြင်တွေ မြောင်းမြ တံတားတွေ ပညာရေးနဲ့ကျန်းမာရေး ကန်တဲ့သရေပွဲတွေ အမြန်လမ်းပေါ် အောင်ရတနာ သစ်ကားနဲ့ တိုက်တာတွေ အသက်သေဆုံးစာရင်း။ သက်ပြင်းတွေ ဟင်းခနဲ့ခ...

ဟာသတစ်ပုဒ်…….ကြာတစ်ပွင့်

သူတို့ပြောတာ့………..ကြာ….တစ်ပွင့် ကိုယ်သိတာက မေတ္တာတရားဖြင့် ဖြူစင်တဲ့ကူညီမှု ရိုးသားတဲ့အရောင်အသွေး မပြန်စေချင်တဲ့ ငှက်တစ်ကောင်တမ်းတခြင်းပါ အရောင်အသွေးမခွဲပါဘူး နုနုရင့်ရင့် ရင်ထဲမှာတော့ အရောင်လို့ပဲ ရိုးရိုးလေးမြင်တယ် ခါစဉ်အမြဲ မင်းပြောနေတဲ့ ကြာတစ်ပွင့်အကြောင်း အလိုက်မသိမှု ပြောဆိုသူတွေ နှုတ်ဖျားဟာသက ကြာတစ်ပွင့် နောက်ကြောပွင့်ခဲ့တယ် လွင့်စင်သွားတဲ့ အသည်းတစ်စက ကြားဖူးသူတိုင်း “ အဲဒါပါလို့” မြင်ခံရ ပေါင်းပြီး မမြှောက်တတ်မစားတတ်တော့ လူတစ်ယောက်ဘဝက လူတစ်ယောက်ပါစပ်ဖျား ကျွမ်းထိုး မှောက်ခုံကျလို့ပေါ့ ရိုးသားစွာလွဲမှားခြင်း သံယောဇဉ် အမျှင်မဖြတ်တတ်တော့ ဟာသတစ်ပုဒ် ဖြစ်ချင်ဖြစ်စေတော့ နိုင်လိုသူတွေ အောင်ပန်းပေးရင်း ချစ်ခြင်းမေတ္တာတရားနဲ့ ပဲကုစားတော့မယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

နီးခြင်း ဝေးခြင်း

စိတ်ကျေနပ်ဖို့ မကောင်းတဲ့ ဆေးတံပျို သောက်ရသလို ငါ ဖန်ရှရှ နေလေရဲ့။ အိပ်ခြင်း မအိပ်ခြင်းမှာ နိုးတစ်ဝက် ထပျက်တဲ့ အိပ်မက်မှာ အရံကာ ရေချိုး ခြေဆေးကြလေရဲ့။ ပြန်မယ် မပြန်ဘူး။ ခရီးဦး တစ်ထောက် နေစောင်းချိန် မလွန်မီ ငါ့ကို အနွေးဓာတ်ပြန်ပို့ပေးပါ။ လေပြေတွေ လာမယ်။ လေကြမ်းတွေ လာမယ်။ စိတ်တံခါးကို ပိတ် နေဝင်မယ်။ အိပ်တန်းတက်မယ်။ မနက်ဖြန် အတွက် ခွန်းအားတွေ ထပ်တိုးမယ်။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၇ ဧပြီလ ၂၄ ရက်။

နှုတ်ဆက်တဲ့ချိန်

ဘေးနားမှာ မောင် မရှိတော့တဲ့ခါ ကြယ်ရောင်တွေကြည့်ပြီးပျော်လိုက်ပါ။ လရောင်နဲ့အတူ အေးချမ်းလိုက်ပါ။ မပူဆွေးပါနဲ့ မငိုကြွေးပါနဲ့ ဖြောင့်ဖြောင့်တန်းတန်းသွားပါ။ နောက်ပြန် မကြည့်ပါနဲ့။ လမင်းကြီးဟာ မင်းအတွက် အဖော်မွန်ပါ။ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၁၆ ၁၀ ၂၀၁၆ ကဗျာစဉ်(၁၁)
လှည်းစီးပြီး မြင်းလောက်တော့ မမြန်ချင်နဲ့လေ ကိုယ်ရွေးတာ ကိုယ့်လမ်းပဲ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၉ ဇန်နဝါရီ ၉ ရက်။
ငြိမ်သက်ခြင်း မှာ ချစ်ခြင်းမေတ္တာတရားတွေ ခိုနားဖို့ ငြိမ်ချမ်းရေး ချိုးငှက်တွေ မောင်လွှတ်လိုက်မယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
#စကားလုံးတွေနဲ့တင်စားဖို့ မလုံလောက်တဲ့ အာရုံခံစနစ်တစ်ခုပါ။ သတိရရင် မောင့်ဆီပြန်လာပါ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
အိပ်မက်ဟာ အိပ်မက်ပါ အကောင်အထည် မဖော်နိုင်ရင်ထတော့ ငါတို့အသက်တွေလဲ သုံးဆယ်စွန်းတော့မယ် "သေဖို့လဲ"တစ်ရက် နီးလာပြီ မကျေပွဲနွှဲ ချင်သေးရင်တော့ "ဗိုက်ဆာတယ်" ဆန်သွားဝယ်ကြဦးစို့ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
ဆောင့်ကြောင့် ထိုင် တတ်တိုင်း ခြသေ့ၤလို့ ထင်မနေနဲ့  သေချာအောင် တစ်ချက်လောက် ဟိန်းကြည့်လိုက်ဦးး ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
အလကား ဆိုရင် လူသိပ်စည်တာ အလကား ဆိုရင် သိပ်လိုချင်တာ အလကားတွေ အလကားတွေက လူတွေကို သိပ်ထုံထိုင်းစေတာပါ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)
အဲဒီမြို့ပြည အိပ်ပြန်လမ်းတွေ ဘတ်စ်ကား ဆိုတဲ့ ယာဉ်နဲ့ ကျောပိုး အိတ် ပိုက်သူ ပိုက် လက်ဆွဲ ကွင်း ကိုင်ကာ ငိုက်သူ ငိုက် လှည်းတန်း မီးပွိုင့် ဆိုတာ သံသရာမှာ နှစ်ဘဝကူးလို့တောင် ရမလားး မှတ်ရတယ် အဲဒါ မြို့ပြ ည အစ ဆိုတာတဲ့လေ မိသားစု ထမင်းဝိုင်းလားး လာမပြောနဲ့ လမ်းဘေးဆိုင် စားချင်စားး မိမိဖာသာ ကြက်ဥနဲ့ ဆွဲချင်ဆွဲ မြို့သူ မြို့သားတွေ အချိန်ဟာ ဗိုက်ဟောင်းလောင်းနဲ့ပါ ကိုယ်ချင်းစာတရားဆိုတာကလည်းး လကုန်ခါနီးး ပိုက်ဆံအိတ်လိုပါပဲ မျက်နှာငယ်ရပါတယ် သေချာတာကတော့ YBS ဟာ အလှစီးယာဉ် မဟုတ်ခဲ့ဖူးဗျာ့ ဝန်ကြီးချုပ် စီးတုန်းကလို ကင်မရာ တဖျပ်ဖျပ် ရိုက်မှာလားလို့ မော့်ကြည့်တာ့ ငါ့ညီ မျက်စိမှုန်နေပြီတဲ့ အဲဒါက နီယွန် မီးတန်းတွေဟာ့ လမ်းလျောက်နေ်သူကို ဘတ်စ်ကားပေါ်ကလူက ဟေ့လူ နားကန်းနေလားး ဘေးးကပ်လျောက်လေ ကိုယ်ချင်း မစာနိုင်ဘူးး ကိုယ်ပိုင် ကားပေါ်ကလူတွေက ဟာ ဘတ်စ်ကားး ရှေ့ဆုံးခုံတွေက သက်ကြီးတွေ ဘုန်းကြီးတွေ ကိုယ်ဝန်ဆောင်သည်တွေအတွက် ဒီလောက်လေးတောင် နားမလည်ဘူးးလားး ဗိုက်ဟောင်းလောင်းနဲ့ သိုင်းကွက်နင်းရတဲ့ လူတစ်ယောက်အတွက် ခုံလွတ်ဟာ ရွှေပဲ ဟုတ်တယ် ကိုယ်ချင်းမစာနိုင်ဘူးး ကားဟွန်းသံ တွေ ဘရိတ်အုပ်သံတွေ မှတ်တိုင်အော်သံ ခရီးသည်ခေါ်သ...

ချစ်နှမငယ်..သို့..တမ်း

လွမ်းအောင်ဖန် နွမ်းသူတို့ ပူရော့အင့် ဒေါင်းဖန်ဝါ အန်တုလို့ ပျိုဖြုချောတို့ တမာတော မောမပြန်နိုင် လွမ်းငယ်ခိုင် အမှာစော မောင်ကြီး စိတ်မချ တသသ လွမ်းလျှ နွမ်းလျှလို့ ရင်တွေမော ပုဝါ တစ်ကမ်း ကုဋေ လှမ်းပါလို့ မောင်ကြီးအိမ် ဟိုးးဖက်နားက ပုထစ်တို စွယ်တော်အိုက အစွဲပြာ အသဲညှာခင်တော့တယ်။ မောင်ကြီး ချစ်နှမငယ်သို့…တမ်း ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၄.၇.၂၀၁၆ တနင်္ဂနွေနေ့

နှောင်ဖွဲ့ကြိုး

မထွက်စေချင့် ဝေဒနာ ဖယ်ခွာ ကျင်းလှည်း စမ်းရေလည်း တသွင်သွင် ကမ်းကပ်စေချင် ဝေးနေပေရ မြို့တစ်ရွာ လှမ်းမှာကာ ဆွေးနေပြီမို့ အလွမ်းတွေလည်း တသွင်သွင် နားဆင်စေချင် ချစ်ရေက သံဟေး မှေးဆက်ကာ ပျော်မဝင်ပါဘု ဒီမိုးက တပျက်ပျက်နဲ့ အလွမ်းဓာတ်ကတိုး ကိုပုချေ လွမ်းနိုင်ပါဟု မြစ်ဧရာ သားငယ်ဘေးမှာ ခွန်းချိုကာ ကြီးမိရာမှ သံယောဉ်ဇဉ် နောင်ဖွဲ့ကြိုးး ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁၅-၈-၂၀၁၆ တနလာၤနေ့

စနေ အလွမ်းး

သူမ ဘယ်လောက်ချစ်ဖို့ကောင်းလဲ POS လေးလိုပဲ ရှည်ရှည်သွယ်သွယ်လေးပါ သူမ အသံလေးက အပြစ်ကင်းစင် ကလေးငယ် တစ်ယောက်သဖွယ် Error မတက်ခဲ့တစ်လလုံး သူမ ကို တိုးလို့ ချစ်မိတယ် သူမ တစ်ယောက်ရယ် POS တစ်လုံးရယ် ကျွန်တော့် ဘဝတစ်ခုရယ် ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၃-၉-၂၀၁၆
အဖေ ငါ့သား မင်းအင်ယာကျောင်း စတက်ကတည်းက နောက်ဆုံးနှစ်အထိ အဖေ ဆိုင်ကယ်နဲ့ပညာသင်စရိတ်ထောက်ထားတယ် မင်းသားသမီးကျတော့ ကားနဲ့ကျောင်းကို ပို့ပါ သား ခုတော့ အဖေရာ ကားထားလို့ ဂွေဖိုးတောင် မစုနိုင်သေးပါဘူးး ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၃၁.၈.၂၀၁၆ ဗုဒ္ဓဟူးနေ

ပြန်မပြောဖြစ်တဲ့ ကဗျာ

(၂၀၁၈ အတွက် ကဗျာစဉ်(၁)) လူတစ်ယောက် သူလုပ်တဲ့ အလုပ်အပေါ် သစ္စာရှိတယ်။ သူ အလုပ်သမားကောင်း လူတစ်ယောက် သူနေတဲ့ မွေးရပ်မြေကို သစ္စာရှိတယ်။ သူ ဒီမြေ ဒီရေ အတွက် ဝမ်းသာစရာ။ company နဲ့ မွေးရပ်မြေ နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ အခါက လူတစ်ယောက်သည် ဘယ်ပေတံကို သုံးမှာလဲ။  ကြည့်တဲ့ သူတွေ အားပေးတဲ့ သူတွေသည်  ဘယ် ပေတံ ဖြင့် တိုင်းတာမည်နည်း။ အတွင်းမီးကို အပြင်ထုတ်ခွင့်မရှိသလို အပြင် မီးကို အိမ်အတွင်း မသွင်းရ လို့  ရှေးလူကြီးများ ပြောစမတ်တွင် ဆုံးမကြတယ်။ တစ်ဖက်မှာလည်း မုသားဆို ရယ်ဖွယ် မသုံ းနှင့် ချစ်သား တကယ်ရော လူသားတွေ ရှောင် နိုင်ခဲ့သလား? မှန်သော်ငြားလည်း နားမခံနိုင် အကျိုးမရှိတာကို  မပြောဖို့လည်း တစ်ဖက်က ရှိလာပြန်? အမှန်တရား ကို ဘယ်အတိုင်းတာ ထိ မှန်စေချင်တာလဲ တစ်ဝက် အမှန်တရား လောက် နဲ့ ရပ်တန့်နေမလား Right Information အတွက် တောင်းဆိုကြတယ်။  Ethic ရှိတဲ့ Information အတွက် ရော  ပူးတွဲ မကြေငြာသင့်ပေဘူးလား ? အမေ ကိုးလလွယ် ဆယ်လဖွားအသက်နှင့် ရင်းခဲ့တယ်လေ။ ဖဝါးလက်နှလုံး ပုခုံး လက်နှစ်သစ် အရွယ်ကစ ပြုစုပျိုးထောင်ခဲ့တယ်။ ဘဝမှာ ပထမဆုံး ရင်းနှီး ချစ်ခင် တွယ်တာ ခဲ့ရတဲ့ အမျိုးသမီး။ အရွယ်ရောက...
For me Loneliness Except for homesickness There is no other Poe Pauk Monywa University of Technology ကျွန်ုပ်အတွက် အထီးကျန် ဆန်မှုသည် အိမ်လွမ်းရုံမှအပါး အခြားမရှိ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ
လူ့ဘဝ မှာ အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာ တွေ့ကြရတယ် လူတစ်ယောက် အမှားတွေ သင်ခန်းစာယူ မိမိအတွေ့အကြုံများဖြင့် ရင်းနှီး ကြိုးစားစွာ ဘဝကို အောင်မြင်အောင် တည်ဆောက်ကြပါတယ် အမှားမရှိရင် ဘဝဟာ မအောင်မြင်နိုင်သလို မှားတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်ပါမည်။ အမှားဟာလဲ အများလက်ခံအမှားရှိသလို အများလက်မခံနိုင်တယ့် အမှားလည်းရှိံ ငါ့မှားသွားတယ် မင်းစော်နဲ့ အိပ်လိုက်မိတယ် ငါ့မှားသွားတယ် မင်းသင်တန်းတက်မယ့်ပိုက်ဆံ ဖဲရိုက်လိုက်မိတယ် ငါမှားသွားတယ် မင်းပိုက်ဆံ အရက်သောက်လိုက်မိတယ် ငါမှားသွားတယ် ် မူးလို့ရမ်းမိတယ် ဆဲမိတယ် မှားသွားတယ် မှားပေမယ့် သေးနဲ့ချေးတော့ ရွံ့ရမှန်းသိတယ် ကျွန်တော်တို့အမှားကို ခွင့်လွှတ်တတ်အောင် ကျေအေးတတ်အောင် ဆုံးမကြတယ် ခွင့်လွှတ်ဖို့သင်ပေးကြတယ် ကာယကံရှင် သင်ကိုယ်တိုင် ပြုကျင့်ခံရတယ်ဆိုရင်ရော သင့်ရဲ့ သနားညာတာမှု ကို ကျွနု်ပ်စားသုံးလို့ရပါမည်လော် မှားတိုင်း သင်ခွင့်လွှတ်မည်လော သင်ကိုယ်တိုင် နာကျဉ်မှု မခံစားရပဲ ကိုယ်ချင်းစာတယ်ဆိုတာ ယဉ်ကျေးမှု အရ စကာလုံးထက် ပိုမည်မထင်ပါ အမှားတွေလုပ်တိုင်း မကောင်းဟူက ပေါင်းသင်းအပ်သူမရှိ အမှန်လုပ်သူတိုင်း ကောင်းဟူက မပေါင်းသင်းအပ်သူမရှိ အကောင်းနှင့်အဆိုး အကြ...

ပြန်စရာ အိမ်မရှိခဲ့ပါ

ပြေးသာ ပြေးခဲ့တယ် ခရီး မတွင်ခဲ့ဘူးကွယ်။ ရောက်သာ ရောက်ခဲ့တယ် ခရီး မမှန်ခဲ့ဘူးကွယ်။ ပေါင်းသာ ပေါင်းခဲ့ရတယ် သူငယ်ချင်း မမှန်ခဲ့ဘူးကွယ်။ ဘဝအမောတွေ နားခိုဖို့ ပြန်စရာ အိမ် မရှိခဲ့ဘူးကွယ်။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)။ ၂၀၁၈ စက်တင်ဘာလ ၉။
အားတင်းထားပေမယ့် သူ့အလိုလို ကျလာတဲ့ မျက်ရည်ကို ငါဘယ်လိုတားဆီးနိုင်မှာလဲ တစ်နေ့နေ့ပေါ့ ဖြတ်ကျာ်နိုင်အောင် အားမွေးရင်း တစ်နေ့နေပေါ့ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၉.၉.၂၀၁၆

ကဗျာ လက်ဆောင်

လူ့ဘဝ ကို ဘာရည်ရွယ်ချက်နဲ့ရောက်လာသလဲ အဖြေ အမျိုးမျိုး ရှိပါလိမ့်မယ် မိမိဖြေတဲ့အဖြေ တကယ်လုပ်နေသလားး လုပ်ပြီးကြပြီလားးး လုပ်ဖို့စဉ်းစားနေပြီလားး ရုန်းကန်နေရခြင်းက ဘဝပါ ငယ်စဉ်ကလေးဘဝ က ဗိုက်ဆာရင် မတောင်းတတ်တော့ ငိုတယ် မရရင် ဆက်ငိုတယ် အသားတွေ တုန်နေအောင် အသံတွေဝင်သွားအောင် ရတော့ ပျော်တယ် အငိုရပ်သွားတယ် အောင်မြင်သွားတယ် အသက်အရွယ်တစ်ခုမှာ ခက်ခဲမှုဟာ နာမည်အမျိုးမျိုးနဲ့လာတယ် စာမေးပွဲကျတယ် အလုပ်မရဘူးး သင်တန်းမတက်နိုင်ဘူး နိုင်ငံခြားမသွားနိုင်ဘူးး လစာမတိုးဘူးး အဖေ နောက်မိန်းမ ယူတယ် အမေ နောက်ယောက်ျားယူတယ် အသည်းကွဲတယ် လက်ထပ်ခါနီး လမ်းခွဲစကားပြောတယ် ကျန်းမာရေး မကောင်းဘူးး အဖေ မချစ်ဘူး အမေ မချစ်ဘူး မိသားစုမှာ ချစ်ခင်ခြင်းမခံရဘူး အားလုံးဟာ ခက်ခဲမှု ရုန်းကန်မှုတွေပါ ခက်ခဲမှု နဲ့ သင်ဟာ ကြိုးဝိုင်းထဲမှာ သူနိုင် ကိုယ်နိုင် ထိူးသတ်နိုင်ပါတယ် လှဲကျသူ ရှိမယ် မထနိုင်သူရှိမယ် ရူနိးထွက်နိူင်မယ် မအောင်မြင်သူရှိမယ် ရုန်းထွက်နိုင်မယ် အောင်မြင်သူရှိမယ် လမ်းကြောင်းတော့ တစ်နည်းမဟုတိတစ်နည်းရှိနေပါတယ် ကြိုးဝိုင်းထဲက မထွက်မခြင်း အောင်မြင်အောင် ထိုးသတ်ဖို့ အခွင့်အရေးရှိပါတယ် ဘဝပြိုင်ပွဲမှာ သင်အရှုံးမပေးမခြင်း မရှုံးပါဘူ...

လိုအင်မပြည့်ဝ ညများ

တစ်နေ့သောအခါဝယ် ငါဟာ ငိုကြွေးခြင်းဂီတနဲ့ လောကကြီးမှာ ခြေစုံရပ်မိတယ်။ ရေဒီယိုတွေ ကတ်စက်တွေ အလှကြည့် ဖွဖွလေးကိုင်တဲ့ခေတ်မှာ ငါ လူဖြစ်လာတယ်။ လိုချင်တိုင်း တောင့်တတိုင်း လပြည့်ညကို ကြည့်ခွင့်မရှိတဲ့ မြွေဆိုးပမာ တွန့်လိမ်ခွေခေါက် နှစ်စက်များကြားက အိပ်ယာခင်းတွေ စိုစွဲလို့ နှစ်စဉ်ကြုံမြဲမို့။ မညီမျှတဲ့ ညီမျှခြင်းတွေ မြေဆီမြေသြဇာမရတဲ့ကြားက ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း တိုးထွက်ခဲ့ရတယ်။ တိမ်တောက်တဲ့ညနေခင်းတွေမှာ ဆေးတံအို ဗလာကျင်းနဲ့ မရှုပဲ သွင်းခံရတဲ့ဒီရင်ဝကို ဝေဒနာတွေ……….စေတနာတွေ တစ်စက်ပြီး……………..တစ်စက် ငါ……..အလိုမပြည့်တဲ့အခါ ပြန်ပြီးမော့သောက်မိတယ်။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁၆-၆-၂၀၁၄

အိမ်လွမ်းသူ

အမြင်မှာ သက်သာပေမယ့် ဂွေကိုင်ကာ ငွေရှာသူမို့ မလွယ်သူပါ မရွှေချော ခရီးစဉ်တိုင်း ငွေဝင်ပေမယ့် သားတို့ရင်းထားရတာလဲ အသက်ပါ လွယ်ကူချော့မွေ့စွာ ရောက်အောင် မမြဲမပြတ်ပွားထားရတာလဲ ဂုဏ်တော်ပါ ခရီးသည်ပေါ်မှာမူတည်သွားရတဲ့ ခရီးပေမို့ လ့ူအကြိုက်ကို လိုက်ကာ ကိုယ်သိသိ မသိသိ ရင်ဘတ်နဲ့ရင်းကာ ဝန်ဆောင်မှုလည်းပေးရပါတယ် မိသားစု ထမင်းဝိုင်းဆိုတာ ကျွန်တော်တို့ကားသမားအတွက် မဆုံဖြစ်ကြတဲ့ ငယ်ချစ်ဦးပုံပြင်တစ်ခုလိုပါ အားရပါးရဆုတောင်းဖြစ်တာက  အိမ်လွမ်းသူတို့ အလွမ်းရထား အိမ်ကပ်နိုင်ဖို့ပါ အတွေးဟာ လမ်းမှာ အဆွေးဟာ လမ်းမှာ လမ်းတကာ့လမ်း ဖြောင့်သော်လည်းရှိ ကြမ်သော်လည်းရှိ ဂွေကိုင်သူ လက်စွဲသီချင်းက အိမ်လွမ်းသူ သက်ထားပါမေ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၆.၉.၂၀၁၆  (အင်္ဂါနေ့)

ခေါင်းစဉ်မဲ့ အလွမ်းး

အလွမ်းဟာ ရထားတစ်စင်းဆို မရပ်မနားခုတ်မောင်း ခဲ့တာ ဇလီဖားတုန်းက သက်သေပါ။ မင်းဆီရောက်မလာနိုင်တော့တဲ့ ရထားတစ်စင်းပါ။ ချစ်ရတာ မြစ်တစ်စင်းဆို စီးမျော လို့ ကမ်းပါးကုန်တာ သက်သေပါ။ မြစ်တစ်စင်းရဲ့အသက်ဟာ ရေဖြစ်ခဲ့သလို ငါ့ အသက်ဟာ မင်းပါ။ စည်းကမ်းမှာ အသားကျစွာ လိုက်နာ တတ်သူမို့ မင်းစေစားရာ စကားလုံးများကို အတွန့်မတက်ရဲပါဘူးး ချစ်သူ အချစ်ဆိုတဲ့စကားလုံးတွေ မပိုင်ခဲ့ပေမယ့် သတိရခြင်းတွေကိုတော့ ထာဝရ ပိုင်ဆိုင်သွားပါပြီ။ တနင်္ဂနွေ အလွမ်းဟာ ဦးတည်ချက်မဲ့နေတဲ့ မြစ်တစ်စင်းပမာ ဆက်ဆွေးမယ်  လမင်းငယ်......။ ပိုးပေါက် နည်းပညာတက္ကသိုလ် (မုံရွာ) ၂၀၁၆ စက်တင်ဘာလ ၁၀ ရက် ။

အမေ့ ကို ပြန်မပြော ဖြစ်တဲ့ ရန်ကုန် ညနေ

မိုးချုပ်ချုပ် ကားရှုတ်ရှုတ် နေဝင်ညချမ်းလေ သူ့ ခြေလှမ်း သူ့ဝမ်းနဲ့ သူ့အထွာ အရ မင်းဘယ်လာ မှာလဲ ဘယ်ဆိုင်မှာလဲ ရွေးပြီး ဝမ်းတစ်ထွာစာကို ဖြည့်ကြတယ်။ သံလမ်းလမ်းဘေး အစ သမိုင်းညဈေး လှည်းတန်းညဈေး ကမ်းနားဈေး ၁၉ လမ်း လသာ မင်းဘယ်ခြေလှမ်းကိုရွေး အမေ လူကုန်ထန် တဲ့ လေ အမေ လူဆင်းရဲ တဲ့လေ အိုတီဆိုတာ အကြောက်ဆုံး သတ္တဝါပါ သုတ်သုတ်စား သုတ်သုတ်သွားတဲ့ ရန်ကုန်မှာ သား လူချော သုတ်သုတ် ကို ကျွမ်းနေပါပြီ ဒယီးဒယိုင် က တတ်နေလို့ အမေ စိတ်ဆိုးမလား အရက်သမား သိုင်းပါ။ တောအရက် နဲ့ မမှားပါနဲ့ ရန်ကုန်မြို့ က YBS ပေါ်မှ ကကြတာပါ။ ဝမ်းဟောင်းလောင်းနဲ့ သိုင်းကွက်ကရင်း နီယွန်မီးတန်းက ဝတ္ထုတွေထဲကလို ............ ကောင်လေး နဲ့ ကောင်မလေး လက်ချင်းတွဲ စိတ်ကူးရင်း ကမ္ဘာထဲကလို လေပြေ မဟုတ်ဘူး။ ကား အိတ်ဇောက ဒေါသတကြီးထွက်လာတဲ့ လေပူတွေပါ ညော်အပြင်းစားတွေဟာ ဗိုက်ဆာမှုကို လျှော့ကြစေမှာပါ။ ထမင်းချိုင့်ဟာ အသားနဲ့ တစ်သားထဲကျတဲ့ လောကီ အလှတရား တက်တူးး းတစ်ခုပါ။ သိပ်ကို ကုန်ဈေးနှုန်းတတ်တဲ့အခါ သူဟာ နတ်သမီး တစ်ပါးပါ။ ညနေ တောထိုင် တောင်ထိုင် ဘလက်ဖောင်းက အစ ဆိုင်ကြီးး ကနားဆုံး အမေ့သားမောင် ယောင်တောင်တောင်မလုပ်မိပါ။ ရန်ကုန်ညနေ ဟာ ဆက်သွားနေတယ်။ ခရာ မ...

ပြန်-လည်-နိုး-ထ-ပါ

လောကမှာ အခက်အခဲတွေနဲ့ တွေ့ကြုံရင် လဲကျသွားတတ်ပါတယ် လဲကျသင့်ပါတယ်။ လဲကျသွားတာ မင်းအပြစ်မဟုတ်ဘူး လဲကျသွားတာ မင်းပျော့ညံ့လို့မဟုတ်ပါဘူး။ မင်းကိုနားလည်ပေးလို့ရပါတယ် ပြန်လည် မနိုးထနိုင်ဘူးဆိုရင်တော့ .... မင်းပျော့ညံ့မှု မင်းလူပျော့ ဖြစ်သွားပြီ။ သူများ သတ်လို့ မသေဘူး ကိုယ့်ကိုယ်တိုင် သတ်မှပဲသေတာ သူများက မင်းဘဝကိုအမြစ်ပြတ်အောင် မဖျက်နိုင်ဘူး ပင်စည်ပြိုလဲ ရုံတင်ပါ မင်းမှာ ရှင်သန်ဖို့ အမြစ် ပြန်လည်ထူထည်ဖို့ စိတ်ခွန်အားတွေ ကျန်နေပါသေးတယ်။ ပြန်လည်နိုးထပါ ကျေးဇူးပြုပြီးပြန်လည်နိုးထပါ ကျေးဇူးပြုပြီး ပြန်-လည်-နိုး-ထ-ပါ ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

ငါ ..........သေရဲပြီလား

ဝေးလွန်းတဲ့ အခါလည်း မမြင်ရဘူး။  နီးလွန်းတဲ့ အခါလည်း မမြင်ရဘူး။  ချစ်တဲ့ မျက်စိနဲ့ ကြည့်တဲ့အခါ ချောကြတယ်။ မုန်းတဲ့ မျက်စိ နဲ့ ကြည့်တဲ့အခါ မဲ့တတ်ကြတယ်။  ချစ်ခြင်း မုန်းခြင်း အစွန်းနှစ်ဖက် လွတ်တဲ့အခါ လူဟာ လူတစ်ယောက်ပါပဲ။ နာမည်ဆိုတာ သတ်မှတ်ချက်တွေပါ။  အသားအရောင်ဆိုတာ ခဏသုံးဆွဲရတဲ့ ခဲတံလိုပါ။ အမြဲမပိုင်တဲ့ နှုတ်ခမ်းတွေ အမြဲမပိုင်တဲ့ ဆံနွယ်တွေမှာ တို့တစ်တွေ ဘယ်ထောင့်မှာ မာန်တက်နေကြပါလိမ့်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အားကောင်းနေတဲ့ ခေတ်မှာ  စိတ်ပိုင်းဆိုင်ရာ ကြေးမုံပြင်ကို ဘယ်နှစ်ခါ  ဆေးကြောမိခဲ့ပါလိမ့်။ နှဖူးပေါ်လက်တင်ပြီး မေးကြည့်လိုက်တယ်။  "ငါ ..........သေရဲပြီလား " ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀။ (၂၀၁၈ ခုနှစ် ရင်ဘတ်ထဲက ကဗျာစဉ်(၃))

ပြန်လည်ဆုံတွေ့ကြပါစို့(၁၄ ကြိမ်မြောက် မုံရွာ GTI အာစရိယ ပူဇော်ပွဲ ဆီသို့ )

မတွေးဖူး။အာစရိယပူဇော်ပွဲအကြောင်းကို မတွေးဖူး။ စိတ်ကို အတင်းထိန်းချုပ်တယ်။ စိတ်တို့၏ သဘောသည် တားဆီးမှ ပိုလုပ်ချင်လာတယ်။ ပိုသွားချင်လာတယ်။ စိတ်ပဲ ရှိပါတော့တယ်။ စိတ်စေစားရာ နောက်ကွယ်မှာ ငွေကြေးသည် ရှင်ဘုရင်တစ်ပါးပါ။ ပျော်ရာမှာ မနေရ တော်ရာမှာနေကြရပါတယ်။ ပညာရပ်နဲ့သက်ဆိုင်လို့ သာ ရန်ကုန်မှာနေကြရတယ်။ သားသမီး ၃ ယောက် ရသည့်တိုင် တိုက်ခန်းပိုင် မရှိသေးပါ။ ၁၂ လပိုင်းကုန်ရင် အိမ်ငှားက စာချုပ်ချုပ်ရဦးမယ်။ ဝင်ငွေ အပို မရှိ၍ ထွက်ငွေ အပိုအကုန်မခံနိုင်သေးပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာလျှင်သိပါတယ်။ သူငယ်ချင်းတွေ ဒီလိုနေ့မျိုးမှာ ဆိုရင် မုံရွာ GTI,GTC အာစရိယ ပူဇော်ပွဲကို သွားပြီ။ ဌေးဇော် တစ်ယောက်တော့ ကိုယ်ပိုင်ကားနဲ့ ရန်ကုန်က သွားပြီလေ။ သူငယ်ချင်းချင်းဆိုတာ့ ခေါ်ပါတယ်။ သူ့ကားနဲ့လိုက်ခဲ့ဖို့။ လမ်းစရိတ်ကုန်စရိတ်မများပါဘူး။ ခွင့်တစ်ရက်ယူလိုက်ရင် သမီးငယ် နို့တစ်ဗူး စာလောက်တော့ ရတယ်ဆိုတဲ့ အသိက သူငယ်ချင်းနဲ့ အာစရိယဂုဏေ ဆရာဆရာများ ခွင့်လွှတ် ရှစ်ခိုးကြောင်း စိတ်ထဲမှာပဲ ပြောမိတယ်။ ဌေးဇော်က အညာသား ။သူ့အညာသားဖြစ်ကြောင်းထွေထွေထူးထူး ရှင်းစရာမလို။ အသားအရေ နှင့် စကားလုံးက သက်သေတည်လျှက်။ မာမြင့် သူကလည်း အညာသူစစ်စစ် တစ်ယောက်...
အရွေ့တစ်ခုမှာ ဆုပ်ကိုင်ထားဖို့မလိုဘူး။ စီးမျောတတ်ဖို့လိုတယ် ဒေဝီရယ်။ ရွေ့သွားတဲ့ လှိုင်းတစ်ခုမှာ သွေဖယ်ခဲ့တဲ့ အတ္တတစ်ခု လွင့်ပစ်ခဲ့။ လမ်းဖြတ်မကူးပဲ မီးနီကို စောင့်ဆိုင်းဆဲ။ ပိုးပေါက် နည်းပညာတက္ကသိုလ် မုံရွာ ၁၆ နိုဝင်ဘာလ ၂၀၁၈။

နွားတော့ နွားပါ တန်ဖိုးခြင်း မတူ တဲ့ နွားပါ

နွားတော့ နွားပါ ။ ခြေလေးချောင်း နဲ့ မြက်စားတာပါ။ တောကသူတွေ နွား ကို ခေါ်တော့ ဖေ့သားကြီး ရုန်းလိုက်ပါလား ဟာ့ သားမောင်ကြီး ကြိတ်ထား ရုန်းထား။ ခိုင်းတော့ ခိုင်းတာပဲ ဆွေးမျိုးစပ်သံတွေဖြင့်။ နွားတော့ နွားပါ။ ခြေနှစ်ချောင်းနဲ့ မြက်မစားဘူး။ မြို့ကသူတွေ နွားကို ဘယ်လို ခေါ်လဲ ဘယ်လို သတ်မှတ်လဲ။ အဲလူ နွားကျ တာ။ လှည်းကျိုးထမ်းခိုင်းခံရတာ. ပြောတော့ ပြောတာပဲ စေတနာပေါင်းစံဖြင့်။ နွားတော့ နွားပဲ . မွေးတော့ ခြံပေါက်မို့ တစ်ဖုံ ငယ်တုန်းဝယ်တော့ တစ်သွယ် ချစ်ကြတာပဲ. တောသူ တောင်သားများဟာ နွားကို မိတ်ဆွေတစ်ယောက်ကို အဆွေခင်ပွန်းလို ဆက်ဆံကြတယ်။ ချစ်ခင်ကြတယ်။ သေဆုံးတော့ လူတစ်ယောက် နည်းနည်း ဝမ်းနည်းကြတယ်. ဟော့ အခုတော့ အိမ်က နွားဝါကြီး ခေါင်းချသွားတယ်. အမေ သူ့ဆွေမျိုးတစ်ယောက် သေဆုံးသလို ဝမ်းနည်းတယ်. အလေးထားပုံခြင်း မတူတော့ တန်ဖိုးရှိခြင်း မတူတော့ဘူး. နွားတော့ နွားပဲ အမေ့တစ်အတွက်တော့ လက်ရုံးတစ်ခု ပြုတ်သလို အမေ ပူဆွေးနေမှာပဲ အဖေ ပူဆွေးနေမှာပဲ။ အမေက နွားကို ပူချိန် အဖေက နွားကိုပူချိန် ကျွန်တော်က အမေ့ကို ပူတယ် ကျွန်တော်က အဖေ့ ကိုပူတယ် နွားတော့ နွားပဲ အားကိုးအားထိုက် ပြုသူတွေ တန်ဖိုးရှိသူတွေ လူ့လောကထဲ က ထွက်တဲ့ အခါ ပူ...

လူတွေ

လူတွေ ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြတယ် ဘယ်လိုသေမယ် ဆိုတာ မစဉ်းစားကြဘူး။ လူတွေ ဝမ်းစာအတွက် ဖြည့်ဆည်းဖို့သတိရတယ် ဉာဏ်စာအတွက် သတိမရဘူး။ လူတွေ သူတစ်ပါးကို လက်ညှိုးထိုးဖို့လွယ်ကူကြတယ် မိမိ ကိုယ်ပြန်လည်ဆန်းစစ်ဖို့ မေ့နေကြတယ်။ လူတွေ သူတစ်ပါးကိုပြောင်းလဲဖို့တိုက်တွန်းကြတယ် မိမိ ကိုယ်တိုင်ပြောင်းလဲဖို့ ငြင်းဆန်ကြတယ် ။ လူတွေ တစ်ပါးသူ ကိုပြောကြားဖို့ အားသန်ကြတယ် မိမိ နားပါတာတော့ မျက်ကွယ်ပြုကြတယ်။ အော် လူတွေ ပိုင်ဆိုင်မှု ဗလာနတ္ထိဖြင့် ခရီးဆက်ရမယ့် လူတွေ သွားရမယ့်ရက်ကိုရော သိပြီလားလို့ တို့လူတွေ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၆-၈-၂၀၁၆ ရေဦးမဂ္ဂဇင်းထဲမှာ ပါ တဲ့ ကဗျာ လေးပါ။

ပေါ်မလာမျှော်ကာငို

ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊ တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန် ငါတို့တောဆီက၊ လေရောရာ မိုးတွေဆင်လျှင် မရွှင်လွမ်းလိုက်လှနော်အဝေး။ စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊ ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊ ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊ ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊ ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊ မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊ အကျွန့်လူလည်း ရွှံ့ထူမြေတာ၊ ဟိုတစ်ရွာက ပေါ်မလာလို့၊ မျှော်ကာသာငိုမိတယ်။ နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။ သာဝတ္ထိ ဦးကြီး(လွမ်းချင်း)

စပ်ဟင်းချို

တခါလေလိုက်ခဲ့တော့ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။ စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက် ကင်ပလင်း ဂုံမင်းဖက်လို့ ငါးပျက်ကယ်ရောရီ၊ လောရွှေပီပတီရုံး ဗြုန်းစပ်ကာကျိုပြီးလျှင်၊ ဆီးချိုပင့်ရိပ်သာမှာ နှစ်မျက်နှာယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။ သာဝတ္ထိ ဦးကြီး(လွမ်းချင်း)

မောင်မမြင်စမ်းစေရ

မိုးစရိုက်ပေမို့ ပျိုးစိုက်ကယ်ပျော်ပျော် လက်စားငယ်ခေါ်သည် မျက်ဝါးဖော်သူငယ်ချင်းတွေနှင့် လယ်ခင်းပြန့်သမန်းပြင်မှာ အငန်းတွင်သူငါဆင်းပါလို့ မူရာချင်းမြို့သူမှီပေါင် တို့တူညီသံချိုတေးငယ်နှင့် ဖန်ချိုအေးချိန်လောက်ဆီကို အိမ်ရောက်မှီကြဲပြန်ရတယ်လေး။ တို ထမီငယ် ဟိုဆီဖုံးရုံ အလုံးခြုံလို့ ကုန်းပုံကညီ ခေါင်းရေနှက်တဲ့ တဘက်နီနှင့် ပလီလိုက်ထာ။ ဂုတ်ပေါ်ရောက်တဲ့ ဆံထောက်ဟာကို တကြော့ချည်ရုံး လျှော့ရီထုံးလို့ ပွင့်လုံးငယ်ခတ္တာ ။ ယောင်မငိုက်အောင် ထောင်စိုက်ခါနှင့် ကြိုက်ရှာတဲ့မောင် မမြင်စမ်းစေရ ဘွင်ပန်းကာလောင်လိမ့်မယ် တောခေါင်တဲ့ မြောက်ရွာကို မရောက်လာမြို့တော်ယွန်းဆီက ကန်သင်းခုံမို့မော်စွန်းကို လွမ်းလိမ့်မယ်လေး။။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ဆယ်အိမ်မင်းစည်းစိမ်

စည်းစိမ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင် ယှဉ်လက်ပြိုင်ကျယ်စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖား ပုန်းရည်ကျိုသည်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊ ရသာချမ်းငြိမ် အခြင်မြေသက်၊ ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့၊ ကုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း၊ မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ဒြပ်ကြီးသည့် သမီးပျိုခင်

သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊ အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊ ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊ ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊ သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊ဝတ်စားငယ်ဆင်သယ်၊ အလိုမမြင်ဝံ့ပါလားနော်အဝေး။ အဘိုးတန်ရာ ဆင်သည်မှာလဲ၊ ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။ ရွှေချည်ဝတ်မှာ လက်စွပ်တွေရံလိုက်လို့၊ ခေါက်ပြန်ကျောရင် ၊ကျောက်ပုတီးညီအောင်ဆင်လို့၊ အင်မတန့်အနေမှာ သူအမေဆယ်အိမ်မင်းပေမို့ တင်းလှတယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ပြုံးမိတယ်

လယ်ကညို့ငယ်နှင့် မယ်တို့ရဲ့တောရွာ၊ ကောက်ငန်းငယ်သာ သင်းပြာပြာေ၀ ခတောက်ကယ်နှင့်၊ လေသောက်ရာထုံကြူ မစုံသူ ဖော်မလွမ်းသော်ကော့၊ ကန်စွန်းငယ်ရေဖောင်ဆင်လို့ ယဉ်လှတယ်လေး။ စစ်စလီငယ် ပြာပီရေကြက် မောက်တင်ငှက်တို့၊ လက်ကွက်တခို ရိုးကျလျှိုက၊ လူလိုဘဲကြင် လွမ်းစထွင်လို့၊ မရွှင်နေကုန် သည်တဝှမ်းမှာလ၊ အလွမ်းသာဆုံတော့ ဖော်မစုံတကိုယ်မှာ၊ ရွှေမိုးညိုပတ်ကာချုန်းပါလို့ ပြုံးမိတယ်လေး။ “မန်ကျည်းသီး” ထန်းစေ့ခွက်ကယ်နှင့် လက်ဖက်ကိုထည့်ကာ၊ တောငယ်ကလာ အိတ်ထဲမှာဘာပါသတုံးလို့၊ နှိုက်ကာမေးတဲ့ အမိရယ်လေး။ ငယ်ငယ်တုန်းကလုံးထားကထစ်၊ ကျည်းချောင်ကျစ်ကယ်နှင့် အဆစ်ကယ်ခွေခွေ မန်ကျည်းသီး၊ မောင်ကြီးချွေခဲ့တယ်  အိမ်နေသူအသာရုံ့လို့ မြုံ့တော့ကွယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း) 

စိုးလှပါတယ်

သပြေကသီးသနှင့် ရေကြီးငယ်ဘောင်ဘင်၊ ထွန်ရေးငယ်ငင်သည် ပျို့ဦးရင် အပြန်ခက်ရှာလိမ့်၊ တဘက်က ချောင်းကာသည် ရွှေညာမှာ ညိုတဲ့မိုးငယ်မို့ ပျိုစိုးတယ် မောင်ငဲ့လေး။ ခါးမင်ကြောင်ငယ် ရွှေရောင်ဘယ်ဝေ့၊ အမယ်လေးဆိုတုန်းက ပျိုပုန်းလို့တွေ့သူမို့၊ တနေ့သာသာ တညဉ့်ကွာမူ၊ ဗျာပါသဲနင် တစ်နှစ်ထင်လို့၊ မရွှင်တမျှော် ရေရှင်တားလို့၊ ရက်အားပုံပေါ်ချည့် ချောင်းကျော်တဲ့လယ်နှယ်ကို၊ ကိုယ်တာတွယ် မစုံမက်သာဘူ့ တောတက်ဖေလေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

ကျွေးချင်လှတယ်

ခါတလှဲ့ လာခဲ့ပကျုပ်တို့ဆီ၊ ရာသီရောက်ကပေါ့ ဖားကင်ခြောက်ကျပ်တင်ဟာကို ငရုတ်ဝါစပ်တူထောင်းပါလို့၊ ဧည့်ကောင်းမို့တမင်ဆော် ။ တို့ကြီးတော်နွေကလှန်းပါတဲ့ ခရမ်းခြောက်ကျိုပုန်းရည်၊ တူနှစ်မည်ဆင်တဲ့ဟင်း။ ထမင်းပုသိမ်ဆန်နှင့် ကိုရင်ကိုကျွေးချင်လှတယ်။ ပဲနောက်နှင့်ပြောင်းဆန် ကောက်သားငယ်ရံ၊ ဝေဖန်နှောယှက် ရောကာချက်လို့၊ ပြောဘက်ကယ်မမြင်။ သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို ခင်မင်ဖွယ်ရာ သည်ချိန်ကိုလာခဲ့ပ၊ တောရွာသူ့ခံ့ပုံကို အသားကုန်လက်ပြိုင်ဆွဲလို့၊ နွှဲစေ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

လာခဲ့ပကျုပ်တို့ရွာ

ခါတလှဲ့ လာခဲ့ပကျုပ်တို့ရွာ၊  ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘု၊ ရွာမြောက်က မန်ကျည်းစင်။ ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊ မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊ ကြောက်စဖွယ်မျက်နှာထားပါလု့ိ၊ ရွာသားတွေအာဏာကြို့ရ၊ မင်းပြည်စိုးအိမ်အိုတောင်မှာ အခေါင်စောက်နှင့်တဲကိုလေး။ ဖျာမလွန် နွားခွံအခင်း မြေတလင်းမှာနေခင်းပျော်အင်၊ လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊ အိမ်လုံးသာညံတော့၊ သန်းယံချိန်ကျော် လူချင်းကိုလှ၊ အပျင်းပြေဖျော်ရအောင်၊ လုံးတော်ပုပြောင်းဆန်ကို  ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊ ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

“ နှမလိပ်ပြာရွှင်စေ့မယ် “

ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊ သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊ သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊ ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းပိုကရိုနှင့်၊ အကို့ ကိုဗန်ပြလိုက်မယ်လေး။ တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊ နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊ အသက်ကယ်နှင်းဆောင် ။ နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊ ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊ ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊ ခြေရေကုန်လည်ဆံကမ်းချိန်မှ ဗန်းပ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

လေးထမ်းတဲ့ဖေ

တောင်ခါးပန်းရယ်နှင့် ခင်တန်းကုန်းငယ်မြောင်၊ ကျော့ကွင်းကိုထောင်သည် ခွေးညီနောင် တခင်ခင်နှင့်၊ ယုန်ရှင်ကို ဘမ်းခဲ့ပ လေးထမ်းတဲ့ သည်ဖေကို၊ တဲအိမ်နေကြင်သူက တအူအူ ဟစ်ခေါ်လို့၊ အမှာတော်ပါးလိုက်ရှာတယ်လေး။ အိမ်ကိုပြန်လျှင် အကျွန် ကျွန်ုပ် ၊ ယုန်တထုတ်ကို ခွာဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့ ။ ပန်းရန်နဝါ ရွက်နုညှာကို ၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊ ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်၊ အာခေါင်မှာ ပူအောင်ထည့်လို့ မျိုလှဲ့ကွဲ့လေး။ လွမ်းချင်း ဦးကြီး (သာဝတ္ထိ)
ရေဦး ဟိုးး နယ်စွန် မြို့လေး မှ ရေဦးး အေးအေးချမ်းချမ်း မြစ်ကမ်းဘေးမှာ နားခိုနေတဲ့ ရေဦး ကဗျာတွေ ထွက်လို့ စာတွေ ထွက်လို့ နှစ်စဉ် မဂ္ဂဇင်းအနုပညာသံတွေ သောင်းသောင်းညံလို့ ပိုးပေါက်(သာဝတ္ထိ) နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်။
ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ခြင်း နှင့် ပြောင်းလဲလာသော စိတ်သဘောထား ဘဝ ခံယူချက်များ ************************************************************************************* ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ ဖူးတယ်။ ၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်) ၂)BE(၂၀၁၁ ဒုတိယအကြိမ် ရှုံးနိမ့်) ၃)IMCEITS(၂၀၁၃ တတိယအကြိမ် ရှုံးနိမ့်) ၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်) ပထအကြိမ် စာမေးပွဲ အောင်-မအောင် ဖုန်းဆက်ပြီး အပြန် လမ်းမှာ အဖေ နဲ့ တွေ့တယ်။ ထွန်စက် တစ်လုံး နဲ့ လယ်တော စက်ခုတ် သွားနေပါတယ်။ အဖေ ကျွန်တော် စာမေးပွဲကျတယ် . တက္ကသိုလ်စတက်ပြီ ဆိုကတည်းက မှာထားတယ်။ ကြိုက်တဲ့ အတန်း ကြိုက်တဲ့ နှစ် တစ်ကြိမ် ကျခွင့် ရှိတယ်။ ဆက်ထားပေးမယ် နောက်တစ်ကြိမ် ကျရင် ဆက်မထားဘူး ၂၀၀၇ စာမေးပွဲ ကျတော့ အဖေက ထွန်စက် တစ်လုံး နဲ့ အငှားလိုက်တယ်။ ကျွန်တော်က စပါးခြွေလှေ့စက် နဲ့ အငှားလိုက်တယ်။ ကျောင်းက ဖွင့်ပြီး။ ကိုယ်က နှစ်ကဆိုတော့ ကျောင်းဖွင့်ဖွင့်ခြင်း မသွားရဲတာလဲ ပါသလို ။ အိမ်ကို ကျောင်းသွားမယ်လို့ မပြောရဲတာလဲ ပါမယ်။ ဒီလို နဲ့ စက်ထိုးလိုက်တော့ရင်း စိတ်ထဲ မှာ စိတ်ဖြတ်ချက် ချထားတယ်။ ဘယ်တော့ မှ တောင်သူ လုပ်ငန်း ကို ပြန်မလုပ်တော့...

လင်ပျောက်နေတဲ့ မယားငယ်

လာလမ်းကို တံခါးဖွင့်ထားတယ်။ အချစ်ဟာ အိမ်အိုမှာ ခိုမနားဖူး နားလည်မှု မရှိတာလို့ အန်မချော်ကြေး အချစ်တွေ ဝေဆာဖွင့်ဖူးဖို့  ဆန်အိုးထဲက ဆန်ရှိပါစေ  အိမ်ထောင်ရေးလည်း သာယာပါစေ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၁-၁-၂၀၁၈ ကဗျာဆရာ ကိုလွမ်းသူ ကဗျာ ဖတ်ပြီး ကိုးကားရေးဖွဲ့ထားပါသည်။

အသက် သုံးဆယ်ဆိုတဲ့ ဘူတာ

ထွက်သက် နဲ့ စ တဲ့ မိုင်ရှည်ခရီး မှာ မိမိကိုယ်တိုင်ပဲ မောင်းချင်ချင် မမောင်းချင်ချင် ရပ်တန့်လို့ မရတာကတော့ အချိန်ရထားပါ။ ဥသြဆွဲ လို့ လန့်နိုးခဲ့တယ်။ အသက် သုံးဆယ်ဆိုတဲ့ ဘူတာကို ငါရောက်နေတယ်။ လာခဲ့တဲ့ လမ်းကို ကြည့်တယ်။ ရပ်နေတဲ့ ဘူတာကို ကြည့်တယ်။ ဟိုး သွားရမယ့် ခရီးလမ်းကို ကြည့်တယ်။ ၂၈ ဘူတာ မှာ ခရီးသည် မိန်းမငယ်တစ်ယောက် သူလည်း ကျွန်တော်ကို ကြည့်နေသလို ကျွန်တော်လည်း သူ့ကို ကြည့်နေတယ်။ သူမသည် ကျွန်တော့ နံရိုးတစ်ချောင်း။ စထွက်ခဲ့တဲ့ ဘူတာရုံကြီးကို သတိရတယ်။ ဖြတ်သန်းခဲ့တဲ့ ကြား ဘူတာတွေ သတိရတယ်။ ၃၁ ဘူတာ ကို မျှော်လင့်နေတယ်။ဘာတွေ ထူးခြားလာမလဲ? ရာသီ သုံးခု ဖြတ်သန်းပြီးတဲ့ နောက် နွေ၊မိုး၊ဆောင်း တစ်ရာသီ နှစ်ပတ်လည်ပြီးနောက် နောက်တစ်ရာသီ ဒီဆောင်းမကုန်ခင် ငါတို့ ထမင်းထုတ်လေးဖြည်စားကြတာပေါ့ နောက် ဘူတာ ကို ခရီးဆက်ရင်း အချိန်တွေလည်း လည်ပတ်နေတဲ့ သံသရာ ခရီးသွားတွေအကြောင်း ရယ်ရယ်မောမော အတင်းတုပ်ကြတာပေါ့။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၉ ဇန်နဝါရီလ ၁၈ ရက်။
ငြိမ်သက်ခြင်းမှာ  ဦးနှောက်တွေ ယောင်ရမ်းလို့ မြို့မကျတဲ့ တောရွာကလေးက ဟန်ပါပါ ဘောင်းဘီဝတ်ပြီး။ ခလေး စကားပြောတော့လည်း ဘဝ မှာ ဆေးတံ မလိုပဲ အိုချင်နေမိပြီ။ ပိုးပေါက် နည်းပညာ တက္ကသိုလ် (မုံရွာ)

Happy New Year

ကြိုလိုက်ကြပုံ အစီအရီပုလင်းတွေ နှုတ်ခမ်းချင်းတိုက် ခွက်တွေ ဆက်တိုက်ချခဲ့တဲ့ည။ မဖြေသာ ရင်မှာဆွေးမို့ ငိုအတွေးကလေးနဲ့နင် မကန်းချင်အမြင် စာတွေဖတ်။ ကိုယ်စီကိုယ်စီ ချစ်တေးကျူးလို့ ခံခံပြင်းပြင်း အတိုတွေအတင်းဖွာ ရင်မှာဗလာမဲ့ ငါနဲ့ဟဲ့ အံတွေကိုကြိတ် မာန်တွေသိပ်သမို့ ရွံ့စိတ်နှင့် ဘောင်မဝင် နောင်တွင်မဲ့လူသား happy new year။ 29-1-2013(အုတ်ကျင်း တိုက်ခန်း အမှတ်တရ)  ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

ပိုးပေါက်ဆိတ်ကလေးတို့ဘဝ

ပိုးတစ်ကောင်ရဲ့ ဘဝမှာ  ခရမ်းသီးဟာ အရသာရှိဆုံး ဘယ်သူမသိ သိသိ သူပဲထိုးဖောက်ခဲ့တယ်။ ကလေးတစ်ယောက်ရဲ့ ဘဝမှာ  ဆိတ်နို့ဟာ အစိမ့်ဆုံး ဘယ်သူတွေမသိ သိသိ သူပဲ သောက်ခဲ့တယ်။ ဆိတ်ကလေးရဲ့ ဘဝမှာ  လျှောက်တဲ့ လမ်းတွေရေတွက်ရင်း ကမ္ဘာကြီးဘယ်လောက်ကျယ် သူမသိ သူသိတဲ့ လမ်းပဲလျှောက်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ အချစ်ရဲ့ အိုအေစစ်ကိုရှာဖွေရင်း ကီးမမှန် ရမ်သမ်တွေပြန်ရခဲ့ အရှုံးတံဆိပ်တွေဘောင်ခတ် အမုန်းတံတိုင်းကြီး ဦးခေါင်းနဲ့တိုက် မဖြစ်နိုင်ဘူးဆိုရယ်ခွင့်ရှိ မဆုံးသောမနက်ဖြန်တွေကျော်လွန် ရသမမြောက်လည်းဆက်လက်နွှဲနေဆဲပါပဲ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တစ်ဖက်သတ်ဆန်သောကဗျာ

ကောင်မလေး လမ်းပေါ်မှာ ဒေါက်ဖိနပ်နီနီနဲ့ မနီးစပ်ချင်ပါနဲ့ ကောင်မလေးရဲ့ ခြေဖဝါးနုနု အရောင်ပြောင်းသွားမှာ ငါမလိုချင်ဘူး။ ကောင်မလေး အဆောင်ရှေ့မှာ ကေသာအလှနဲ့ လေညုင်းမခံပါနဲ့ ကောင်မလေးရဲ့ ယဉ်ကျေးမယ်ဆံနွယ်တစ်စု လေပြေတွေကျီစယ်မှာ ငါမလိုချင်ဘူး။ ကောင်မလေး ကော်ဖီဆိုင်မှာ အင်္ကျီနက်နက်နဲ့ မခို့တရို့ မထိုင်ပါနဲ့ ကောင်မလေးရဲ့ လှပတဲ့မနက်ခင်းကို တံဆိပ်တပ်မယ့်မျက်ဝန်းတွေ ငါမလိုချင်ဘူး။ ကောင်မလေး တောင်တန်းတွေကြီးတာ သဘာဝပါ လေပြေတွေထန်တာ သဘာဝပါ ညီမျှခြင်းတွေညီပြီး အဖြေမထွက်တာ တစ်ဖက်သတ် အချစ်မို့ပါ။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

ခေါင်းစဉ်မဲ့ကဗျာ(၃)

မိသားစုဝင် အချင်းချင်း တွေကြဖို့ အကြောင်းပြချက် ရှိဖို့ လိုမည် မထင်ပါ။ တွေ့ကြတဲ့ခါ အားရပါးရ နှုတ်ဆက်ကြပါ။ ထွေးပွေ့ကြပါ ချစ်ခင်ကြပါ။ ဒါဟာ နောက်ဆုံး နှုတ်ဆက်တဲ့ အနမ်းလည်း ဖြစ်နိုင်ပါတယ်။ ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) ၂၀၁၉ ခုနှစ်ကဗျာ

ပိုကောင်း တဲ့ နေ့ရက်များ နှင့်လောက ခြေလှမ်းများ

In the villages, they want better cattle. A cleaner motorcycle than when I was in university The girls would like to ride motorcycles. They want to ride. If it's a knife, they want to use a better knife. I want to play for a better team in the 21st century. They consider a good team that keeps winning. There is no shame in failing kindergarten exams He is ashamed of his position. My mother said that today my son laughed because my mother did not sell the market My head started getting hot. Are you tired? My Mom , son also don't know how to write "ဋ" in the classroom you don't know that son sweating. Yes, sympathy is on the lips. Everyone has their own problems. Failing the primary exam is not same than failing middle school.  The cost of school is not big. For parents who fail high school exams Twenty hundred thousand, yes. Thirty hundred thousand, yes. The university exam is too tough I have friends who have not even set foot in the university. The world class te...

ဘဝ နေဝင်ချိန် ရောက် မှ တောက်မခေါက်စေချင်

Open your eyes and heart   Death must be taken to heart. Tomorrow is not mine. A rental body owned for a moment in life Ask for ego. Ask to calculate. Only the time that I currently have For yourself or something Be productive. People who are dead and whose name is not dead A day in his life There was no one who owned 25 hours. After the sunset of life I don't want to knock it off. Worm hole University of Technology (Monywa) March 21, 2017. မျက်စိနှလုံး  ဖွင့်တာ နဲ့  သေခြင်းတရားကို နှလုံးသွင်းရမယ်။  မနက်ဖြန်တိုင်းက ကိုယ်မပိုင်ဘူး။ တစ်ဘဝ တစ်ခဏ ပဲ ပိုင်တဲ့ အငှားခန္ဓာကိုယ် အတ္တ အတွက် ခိုင်းထား။ ပရ တွက် ခိုင်းထား။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချိန်တွေ ကိုပဲ ကိုယ့်အတွက် (သို့) တစ်စုံတစ်ခုအတွက် အကျိုးရှိရှိ လုပ်ဆောင်ပါ။ လူသေပြီး နာမည် မသေသူတွေလည်း  သူ့ဘဝ သူ့တစ်ရက်တာမှာ ၂၅ နာရီ ပိုင်ဆိုင်ခဲ့သူ မရှိခဲ့ပါဘူး။ ဘဝ နေဝင်ချိန်ရောက်မှ  တောက် မခေါက်စေချင်ပါဘူး။ ပိုးပေါက်  နည်းပညာ တက္ကသိုလ်(မုံရွာ) ၂၀၁၇ မတ်လ ၂၁။