Skip to main content

Posts

Showing posts with the label ဆောင်းပါး

White flashlight

Title - White flashlight (Writer - Sayar TharDu)  Reader - Poe Pauk  The Following Article Writer- Poe Pauk (TU-Monywa) I am slowly doing forward with hopefully. When you want to be too much, it doesn't happen. It doesn't happen when you don't want to. I don't think it's going to happen. If you try and do what you should do, I hope that you will reach your goal when the time is right.If not, it's a profit. It became even better. I regret that I found out too late. If we know early, we do it early. I have been using YouTube since 2013. I know that I can walk. I can't do it for my country, so I gave up. If necessary, find a way there are ways when you really get to know. I'm not saying that it's settled. If you know how to speak, it's like getting a free flight (for example, I say just example), I want to learn the method.I believe 80% that we will be able to get it so far. I found another way to earn money. I want to try the best.I have weak point...

ဂျာမနီအင်ဂျင်နီယာ- သာဓု လူဝါးဝတယ် ၊ ဖတ်ကြားသူ - ပိုးပေါက်

ဘဝမှာ စာမေးပွဲ သုံးခါကျခဲ့ခြင်း နှင့် ပြောင်းလဲလာသော ဘဝခံယူချက်များ - ပိ...

ဘဝမှာ စာမေးပွဲ သုံးခါကျခဲ့ခြင်း နှင့် ပြောင်းလဲလာသော ဘဝခံယူချက်များ -ပိုးပေါက် 

Root Cause to Open the Library

Why I am reading

Why I'm Reading:  First of all, after finishing the tenth grade, I had a lot of disagreements with my father. If the father himself thought it was right, he didn't give up, and I didn't give up either. Since he didn't hesitate to say what he believed in, father and son started to fall apart. Especially after finishing the 10th grade, my father only wanted me to go to distance learning. My mother wanted me to go to a vocational school. However, there was no one to guide me in my educational goals. It was a gift from God to me, and I went to Government Technological Colleage School through the guidance of my sister, a lottery seller. During my school days, I often had problems with my father. One thing I have noticed is that even before our father and son were born, there were those who did not get along with each other. I'd like to find out why people who do get through and why those who don't get through don't. If you read, you will know about people. Father...

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

Why I'm Reading -(Poe Pauk)

Why I'm Reading:  First of all, after finishing the tenth grade, I had a lot of disagreements with my father. If the father himself thought it was right, he didn't give up, and I didn't give up either. Since he didn't hesitate to say what he believed in, father and son started to fall apart. Especially after finishing the 10th grade, my father only wanted me to go to distance learning. My mother wanted me to go to a vocational school. However, there was no one to guide me in my educational goals. It was a gift from God to me, and I went to Government Technological Colleage School through the guidance of my sister, a lottery seller. During my school days, I often had problems with my father. One thing I have noticed is that even before our father and son were born, there were those who did not get along with each other. I'd like to find out why people who do get through and why those who don't get through don't. If you read, you will know about people. Father...

Mom said…….an egg

The old tent with smoke coming out... In that old tent, mother, father, children It's been many years since I've been cooking I can't get tired of cooking. I know that the engineering student mother's son has returned My heart made my mother work tirelessly. That thing is love...parents..love My son has to go to school in a village where food is poor With anxiety, the parents made me cook as hard as I could after closing the school... As I entered my mother's cooking hut, what was my mother cooking? Fried bitter gourd, which you like, and fried boiled red beans, and the sauce is in the back Picked four leaves and made pickle juice.. Son The next mother picked it up endlessly "Mom, I have to ask my son, which egg would you like to eat?" "Rev" Why, my mother is comfortable with this dish and often eats it Yes, I also know that you can be a child I'm asking because I remember Yes, mother and son are still asking how to do it There, when my mothe...

ပြန်လည်ဆုံတွေ့ကြပါစို့(၁၄ ကြိမ်မြောက် မုံရွာ GTI အာစရိယ ပူဇော်ပွဲ ဆီသို့ )

မတွေးဖူး။အာစရိယပူဇော်ပွဲအကြောင်းကို မတွေးဖူး။ စိတ်ကို အတင်းထိန်းချုပ်တယ်။ စိတ်တို့၏ သဘောသည် တားဆီးမှ ပိုလုပ်ချင်လာတယ်။ ပိုသွားချင်လာတယ်။ စိတ်ပဲ ရှိပါတော့တယ်။ စိတ်စေစားရာ နောက်ကွယ်မှာ ငွေကြေးသည် ရှင်ဘုရင်တစ်ပါးပါ။ ပျော်ရာမှာ မနေရ တော်ရာမှာနေကြရပါတယ်။ ပညာရပ်နဲ့သက်ဆိုင်လို့ သာ ရန်ကုန်မှာနေကြရတယ်။ သားသမီး ၃ ယောက် ရသည့်တိုင် တိုက်ခန်းပိုင် မရှိသေးပါ။ ၁၂ လပိုင်းကုန်ရင် အိမ်ငှားက စာချုပ်ချုပ်ရဦးမယ်။ ဝင်ငွေ အပို မရှိ၍ ထွက်ငွေ အပိုအကုန်မခံနိုင်သေးပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာလျှင်သိပါတယ်။ သူငယ်ချင်းတွေ ဒီလိုနေ့မျိုးမှာ ဆိုရင် မုံရွာ GTI,GTC အာစရိယ ပူဇော်ပွဲကို သွားပြီ။ ဌေးဇော် တစ်ယောက်တော့ ကိုယ်ပိုင်ကားနဲ့ ရန်ကုန်က သွားပြီလေ။ သူငယ်ချင်းချင်းဆိုတာ့ ခေါ်ပါတယ်။ သူ့ကားနဲ့လိုက်ခဲ့ဖို့။ လမ်းစရိတ်ကုန်စရိတ်မများပါဘူး။ ခွင့်တစ်ရက်ယူလိုက်ရင် သမီးငယ် နို့တစ်ဗူး စာလောက်တော့ ရတယ်ဆိုတဲ့ အသိက သူငယ်ချင်းနဲ့ အာစရိယဂုဏေ ဆရာဆရာများ ခွင့်လွှတ် ရှစ်ခိုးကြောင်း စိတ်ထဲမှာပဲ ပြောမိတယ်။ ဌေးဇော်က အညာသား ။သူ့အညာသားဖြစ်ကြောင်းထွေထွေထူးထူး ရှင်းစရာမလို။ အသားအရေ နှင့် စကားလုံးက သက်သေတည်လျှက်။ မာမြင့် သူကလည်း အညာသူစစ်စစ် တစ်ယောက်...
ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ခြင်း နှင့် ပြောင်းလဲလာသော စိတ်သဘောထား ဘဝ ခံယူချက်များ ************************************************************************************* ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ ဖူးတယ်။ ၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်) ၂)BE(၂၀၁၁ ဒုတိယအကြိမ် ရှုံးနိမ့်) ၃)IMCEITS(၂၀၁၃ တတိယအကြိမ် ရှုံးနိမ့်) ၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်) ပထအကြိမ် စာမေးပွဲ အောင်-မအောင် ဖုန်းဆက်ပြီး အပြန် လမ်းမှာ အဖေ နဲ့ တွေ့တယ်။ ထွန်စက် တစ်လုံး နဲ့ လယ်တော စက်ခုတ် သွားနေပါတယ်။ အဖေ ကျွန်တော် စာမေးပွဲကျတယ် . တက္ကသိုလ်စတက်ပြီ ဆိုကတည်းက မှာထားတယ်။ ကြိုက်တဲ့ အတန်း ကြိုက်တဲ့ နှစ် တစ်ကြိမ် ကျခွင့် ရှိတယ်။ ဆက်ထားပေးမယ် နောက်တစ်ကြိမ် ကျရင် ဆက်မထားဘူး ၂၀၀၇ စာမေးပွဲ ကျတော့ အဖေက ထွန်စက် တစ်လုံး နဲ့ အငှားလိုက်တယ်။ ကျွန်တော်က စပါးခြွေလှေ့စက် နဲ့ အငှားလိုက်တယ်။ ကျောင်းက ဖွင့်ပြီး။ ကိုယ်က နှစ်ကဆိုတော့ ကျောင်းဖွင့်ဖွင့်ခြင်း မသွားရဲတာလဲ ပါသလို ။ အိမ်ကို ကျောင်းသွားမယ်လို့ မပြောရဲတာလဲ ပါမယ်။ ဒီလို နဲ့ စက်ထိုးလိုက်တော့ရင်း စိတ်ထဲ မှာ စိတ်ဖြတ်ချက် ချထားတယ်။ ဘယ်တော့ မှ တောင်သူ လုပ်ငန်း ကို ပြန်မလုပ်တော့...

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး

နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။ သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင် လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက် တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ  သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို  အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။ ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက လူဦးရေနည်းတော...

သူလို ဆရာ

ဆရာဟူသည် သက္ကတစကား ''အာစာရ'' မှ ဆင်းသက် လာသည်ဟု တစ်နည်း ဆရာဟူသည် ''အာစရိယ'' ဟူသော ပါဠိဘာသာမှ ဆင်းသက်လာ သည်ဟု တစ်နည်း ဆရာဟူသည် ''ဆာယာ''ဟူသော ပါဠိစကားမှ ဆင်းသက် လာသည်ဟု တစ်နည်း ဆရာဟူသည် = ''ဆ'' ဟူသည် ချိန်ချိန်ဆဆ နှိုင်းနှိုင်းဆဆပြုတတ်သူ ''ရာ'' ဟူသည် အရာခပ်သိမ်းအရာအားလုံး...။ ထို့ကြောင့် ''ဆရာ..ဟူသည် အရာခပ်သိမ်း အရာအားလုံး ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆ ပြုမူလုပ်ကိုင်တတ်သူ'' ဟူ၍ တစ်နည်း အမျိုးမျိုးအဖုံဖုံ ဖွင့်ဆိုကြပါသည်။ ဆရာများတွင် သင်ဆရာ(မုတာစရိယ)၊ မြင်ဆရာ(ဒိဋ္ဌာစရိယ)၊ ကြား ဆရာ(သုတာစရိယ) ဟူ၍ ဆရာသုံးမျိုးရှိကြောင်း သိမြင်မှတ်သားရသည်။ လောကနိယာမ တွင် အကောင်းအဆိုး အကြောင်းအကျိုး ဒွန်တွဲ နေပြန်ပါသည်။ အလင်း အမှောင် ၊ အဖြူ အမည်း ၊ အချို အခါး ၊ အချစ် အမုန်း အစသဖြင့် ဆန့်ကျင်ဖက် အရာများ အတူယှဉ်တွဲနေလျက် ရှိကြပါသည်။ ဆရာကောင်းဖြင့် တွေ့ဆုံ ပညာဆည်းပူးးပြီး ဘဝကောင်းဖြင့် နေထိုင်သွားနိုင်ကြသူများ ရှိကြသလို တစ်ဖက်တွင်လည် ဆရာဆိုး များဖြင့် တွေ့ပြီး ဘဝပျက်သွားသူများလည်း ရှိနေပေလိမ့်မည်။ သို့သော် အင်မ...

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

POS နှင့် ကျွန်တော်

အပိုင်း (၁)  ဒီနေ့ အလုပ်လုပ်ရင်း စိတ်ကူးပေါက်လို့ POS Machine စက်လေးတွေ ကို ဓာတ်ပုံ ရိုက်မိတယ် ။ ဒီ POS စက်လေးတွေ ဟာ ကျွန်တော် ဘဝ အစိတ်အပိုင်းလေးတွေလိုပါပဲ ။ ဒီ POS စက်လေးတွေကြောင့် မိတ်ဆွေ အပေါင်းအသင်း ကောင်းများ ရခဲ့သလို ၊ ဒီ POS စက်လေးတွေ နဲ့ ပတ်သတ် ပြီး စိတ်ညစ်ခဲ့ရတာတွေ ၊ အလုပ်အတွေ့အကြုံတွေ ကို ပြန်လည် သတိရသွားတယ် ။ POS နဲ့ ပတ်သတ် ပြီး အလုပ် လုပ်ခဲ့တာ ၆ နှစ် ကျော်ရှိခဲ့ပါပြီ ။ ပထမ အလုပ် လူတိုင်း သတိရကြမယ် ထင်ပါတယ် ။ ဘယ်လို အင်တာဗျူး ဖြေခဲ့ တာ ဘယ်လို ကြောင့် လုပ်ဖြစ်ခဲ့တာ  ဘယ်လို ကြောင့် မလုပ်ဖြစ်ခဲ့တာ အစ သဖြင့် ပေါ့ ။ ဘဝ မှာ မှတ်မှတ်ရရ အလုပ်ခန့်မယ်လို့ ပြောပြီး လစာ‌ ညှိကြတဲ့အချိန် မှာ အဆင်မပြေဖြစ်ခဲ့တာပါ ။ ဆိပ်ကမ်းသာ လမ်းထဲ က Computer ဆိုင် တစ်ခု မှာပါ ၊ ဘဝ မှာ ငြင်းခံ ရလို့ ကျေးဇူးတင်သင့်တဲ့ အထဲ မှာ အဲဆိုင်ပိုင်ရှင် အစ်မလည်း ပါပါတယ် ။ ဆိုင်နာမည် တော့ မမှတ်မိတော့ပါဘူး ။ ကျောင်းပြီး လစာ လေး ဒီလောက် တောင်းတာ မရတော့ မလုပ်ဘူး ကွာ ဘာဖြစ်လဲ ဆိုပြီး ဆွေးမျိုးသားချင်း တစ်ယောက်ဆီ က ပိုက်ဆံ ချေးပြီး သင်တန်း တက်ဖြစ်ခဲ့တယ် ။ ရည်ရွယ်ချက်ကတော့ IMCEITS တက်ရင် စာမလိုက်နိုင်မှာ စိုးလို့ ...