Skip to main content

Posts

Showing posts with the label လွမ်းချင်း

ပေါ်မလာမျှော်ကာငို

ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊ တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန် ငါတို့တောဆီက၊ လေရောရာ မိုးတွေဆင်လျှင် မရွှင်လွမ်းလိုက်လှနော်အဝေး။ စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊ ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊ ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊ ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊ ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊ မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊ အကျွန့်လူလည်း ရွှံ့ထူမြေတာ၊ ဟိုတစ်ရွာက ပေါ်မလာလို့၊ မျှော်ကာသာငိုမိတယ်။ နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။ သာဝတ္ထိ ဦးကြီး(လွမ်းချင်း)

စပ်ဟင်းချို

တခါလေလိုက်ခဲ့တော့ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။ စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက် ကင်ပလင်း ဂုံမင်းဖက်လို့ ငါးပျက်ကယ်ရောရီ၊ လောရွှေပီပတီရုံး ဗြုန်းစပ်ကာကျိုပြီးလျှင်၊ ဆီးချိုပင့်ရိပ်သာမှာ နှစ်မျက်နှာယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။ သာဝတ္ထိ ဦးကြီး(လွမ်းချင်း)

မောင်မမြင်စမ်းစေရ

မိုးစရိုက်ပေမို့ ပျိုးစိုက်ကယ်ပျော်ပျော် လက်စားငယ်ခေါ်သည် မျက်ဝါးဖော်သူငယ်ချင်းတွေနှင့် လယ်ခင်းပြန့်သမန်းပြင်မှာ အငန်းတွင်သူငါဆင်းပါလို့ မူရာချင်းမြို့သူမှီပေါင် တို့တူညီသံချိုတေးငယ်နှင့် ဖန်ချိုအေးချိန်လောက်ဆီကို အိမ်ရောက်မှီကြဲပြန်ရတယ်လေး။ တို ထမီငယ် ဟိုဆီဖုံးရုံ အလုံးခြုံလို့ ကုန်းပုံကညီ ခေါင်းရေနှက်တဲ့ တဘက်နီနှင့် ပလီလိုက်ထာ။ ဂုတ်ပေါ်ရောက်တဲ့ ဆံထောက်ဟာကို တကြော့ချည်ရုံး လျှော့ရီထုံးလို့ ပွင့်လုံးငယ်ခတ္တာ ။ ယောင်မငိုက်အောင် ထောင်စိုက်ခါနှင့် ကြိုက်ရှာတဲ့မောင် မမြင်စမ်းစေရ ဘွင်ပန်းကာလောင်လိမ့်မယ် တောခေါင်တဲ့ မြောက်ရွာကို မရောက်လာမြို့တော်ယွန်းဆီက ကန်သင်းခုံမို့မော်စွန်းကို လွမ်းလိမ့်မယ်လေး။။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ဆယ်အိမ်မင်းစည်းစိမ်

စည်းစိမ်ကြီးပါဘိ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင် ယှဉ်လက်ပြိုင်ကျယ်စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့ ဇွန်းမတန် ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖား ပုန်းရည်ကျိုသည်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်းမင့်ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။ စားသောက်ဖွယ်ရာ ပြီးသောခါဝယ်၊ ရသာချမ်းငြိမ် အခြင်မြေသက်၊ ပင်ထန်းရွက်နှင့် ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင် ခြေလိမ်တင်လို့၊ ကုတင်ကြမ်းပေါက် သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည် အဆီရယ်ဖိန်း၊ မှိန်းတဲ့ချည်နှင့် မကြည်သမ်းဝေ ထယ်မင်းပုံ နေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ ခေါင်းကတော်ကိုယ်တိုင်နှိပ်ခါမှ သူအိပ်တယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ဒြပ်ကြီးသည့် သမီးပျိုခင်

သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊ အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊ ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊ ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊ သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊ဝတ်စားငယ်ဆင်သယ်၊ အလိုမမြင်ဝံ့ပါလားနော်အဝေး။ အဘိုးတန်ရာ ဆင်သည်မှာလဲ၊ ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။ ရွှေချည်ဝတ်မှာ လက်စွပ်တွေရံလိုက်လို့၊ ခေါက်ပြန်ကျောရင် ၊ကျောက်ပုတီးညီအောင်ဆင်လို့၊ အင်မတန့်အနေမှာ သူအမေဆယ်အိမ်မင်းပေမို့ တင်းလှတယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း)

ပြုံးမိတယ်

လယ်ကညို့ငယ်နှင့် မယ်တို့ရဲ့တောရွာ၊ ကောက်ငန်းငယ်သာ သင်းပြာပြာေ၀ ခတောက်ကယ်နှင့်၊ လေသောက်ရာထုံကြူ မစုံသူ ဖော်မလွမ်းသော်ကော့၊ ကန်စွန်းငယ်ရေဖောင်ဆင်လို့ ယဉ်လှတယ်လေး။ စစ်စလီငယ် ပြာပီရေကြက် မောက်တင်ငှက်တို့၊ လက်ကွက်တခို ရိုးကျလျှိုက၊ လူလိုဘဲကြင် လွမ်းစထွင်လို့၊ မရွှင်နေကုန် သည်တဝှမ်းမှာလ၊ အလွမ်းသာဆုံတော့ ဖော်မစုံတကိုယ်မှာ၊ ရွှေမိုးညိုပတ်ကာချုန်းပါလို့ ပြုံးမိတယ်လေး။ “မန်ကျည်းသီး” ထန်းစေ့ခွက်ကယ်နှင့် လက်ဖက်ကိုထည့်ကာ၊ တောငယ်ကလာ အိတ်ထဲမှာဘာပါသတုံးလို့၊ နှိုက်ကာမေးတဲ့ အမိရယ်လေး။ ငယ်ငယ်တုန်းကလုံးထားကထစ်၊ ကျည်းချောင်ကျစ်ကယ်နှင့် အဆစ်ကယ်ခွေခွေ မန်ကျည်းသီး၊ မောင်ကြီးချွေခဲ့တယ်  အိမ်နေသူအသာရုံ့လို့ မြုံ့တော့ကွယ်လေး။ သာဝတ္ထိ ဦးကြီး (လွမ်းချင်း) 

စိုးလှပါတယ်

သပြေကသီးသနှင့် ရေကြီးငယ်ဘောင်ဘင်၊ ထွန်ရေးငယ်ငင်သည် ပျို့ဦးရင် အပြန်ခက်ရှာလိမ့်၊ တဘက်က ချောင်းကာသည် ရွှေညာမှာ ညိုတဲ့မိုးငယ်မို့ ပျိုစိုးတယ် မောင်ငဲ့လေး။ ခါးမင်ကြောင်ငယ် ရွှေရောင်ဘယ်ဝေ့၊ အမယ်လေးဆိုတုန်းက ပျိုပုန်းလို့တွေ့သူမို့၊ တနေ့သာသာ တညဉ့်ကွာမူ၊ ဗျာပါသဲနင် တစ်နှစ်ထင်လို့၊ မရွှင်တမျှော် ရေရှင်တားလို့၊ ရက်အားပုံပေါ်ချည့် ချောင်းကျော်တဲ့လယ်နှယ်ကို၊ ကိုယ်တာတွယ် မစုံမက်သာဘူ့ တောတက်ဖေလေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

ကျွေးချင်လှတယ်

ခါတလှဲ့ လာခဲ့ပကျုပ်တို့ဆီ၊ ရာသီရောက်ကပေါ့ ဖားကင်ခြောက်ကျပ်တင်ဟာကို ငရုတ်ဝါစပ်တူထောင်းပါလို့၊ ဧည့်ကောင်းမို့တမင်ဆော် ။ တို့ကြီးတော်နွေကလှန်းပါတဲ့ ခရမ်းခြောက်ကျိုပုန်းရည်၊ တူနှစ်မည်ဆင်တဲ့ဟင်း။ ထမင်းပုသိမ်ဆန်နှင့် ကိုရင်ကိုကျွေးချင်လှတယ်။ ပဲနောက်နှင့်ပြောင်းဆန် ကောက်သားငယ်ရံ၊ ဝေဖန်နှောယှက် ရောကာချက်လို့၊ ပြောဘက်ကယ်မမြင်။ သြဇာပြွမ်းတဲ့ သုံးလွန်းတင်ကို ခင်မင်ဖွယ်ရာ သည်ချိန်ကိုလာခဲ့ပ၊ တောရွာသူ့ခံ့ပုံကို အသားကုန်လက်ပြိုင်ဆွဲလို့၊ နွှဲစေ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

လာခဲ့ပကျုပ်တို့ရွာ

ခါတလှဲ့ လာခဲ့ပကျုပ်တို့ရွာ၊  ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘု၊ ရွာမြောက်က မန်ကျည်းစင်။ ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊ မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊ ကြောက်စဖွယ်မျက်နှာထားပါလု့ိ၊ ရွာသားတွေအာဏာကြို့ရ၊ မင်းပြည်စိုးအိမ်အိုတောင်မှာ အခေါင်စောက်နှင့်တဲကိုလေး။ ဖျာမလွန် နွားခွံအခင်း မြေတလင်းမှာနေခင်းပျော်အင်၊ လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊ အိမ်လုံးသာညံတော့၊ သန်းယံချိန်ကျော် လူချင်းကိုလှ၊ အပျင်းပြေဖျော်ရအောင်၊ လုံးတော်ပုပြောင်းဆန်ကို  ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊ ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

“ နှမလိပ်ပြာရွှင်စေ့မယ် “

ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊ သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊ သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊ ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းပိုကရိုနှင့်၊ အကို့ ကိုဗန်ပြလိုက်မယ်လေး။ တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊ နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊ အသက်ကယ်နှင်းဆောင် ။ နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊ ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊ ရွှေလိပ်ပြာရွှင်စေ့မယ်၊ ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊ ခြေရေကုန်လည်ဆံကမ်းချိန်မှ ဗန်းပ့မယ်လေး။ လွမ်းချင်း ဦးကြီး(သာဝတ္ထိ)

လေးထမ်းတဲ့ဖေ

တောင်ခါးပန်းရယ်နှင့် ခင်တန်းကုန်းငယ်မြောင်၊ ကျော့ကွင်းကိုထောင်သည် ခွေးညီနောင် တခင်ခင်နှင့်၊ ယုန်ရှင်ကို ဘမ်းခဲ့ပ လေးထမ်းတဲ့ သည်ဖေကို၊ တဲအိမ်နေကြင်သူက တအူအူ ဟစ်ခေါ်လို့၊ အမှာတော်ပါးလိုက်ရှာတယ်လေး။ အိမ်ကိုပြန်လျှင် အကျွန် ကျွန်ုပ် ၊ ယုန်တထုတ်ကို ခွာဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့ ။ ပန်းရန်နဝါ ရွက်နုညှာကို ၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊ ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်၊ အာခေါင်မှာ ပူအောင်ထည့်လို့ မျိုလှဲ့ကွဲ့လေး။ လွမ်းချင်း ဦးကြီး (သာဝတ္ထိ)