အလွမ်းဆိုတာ နှလုံးသားက တက်လာတဲ့ ရေလှိုင်းတစ်ခုလို ဟင်းခနဲ့ သက်ပြင်းချတာတောင် ပါမသွားခဲ့ဘူးး အသက်ကြီးမှ လွမ်းတာလား အသက်ငယ်မှ လွမ်းတာလားး အလွမ်းကို ခွဲ မခြားတတ်ပါလားး? ငယ်ငယ်က မုံလှရွာကို ရွံ့ထဲဖွက်ထဲ ကျောင်းသွားတက်ရတာကိုလွမ်းတယ်။ မိုးရွာထဲ ရွံ့ဖွက်တွေထဲ သူငယ်ချင်းတွေ အပြိုင်သွားခဲ့ရတာကိုလွမ်းတယ်။ စက်ဘီး တွေ တူတူစီးပြီး ကျောင်းတက်ချိန်တွေ လွမ်းတယ်။ စက်ဘီး နဲ့ ဝက်မ ကြီး တိုက်ပြီး ချုံပုတ်ပေါ် ရောက်သွားတဲ့ သူငယ်ချင်း ကို လွမ်းတယ် ။ လက်ပံပင်နီနီရဲရဲကြီးတွေကို လွမ်းတယ်။ ဇီးတောကြီးလည်း လွမ်းတယ်။ အလွမ်းတွေ ရာထူးတိုးတော့ စနေ တနင်္ဂနွေကို လွမ်းတတ်လာတယ် ရေဦးကျောင်းတက်တော့ ရွာလူကြုံ ကို လွမ်းတတ်လာတယ် ကိုယ့်နာမည် အခေါ်ကို လွမ်းတတ်လာတယ်။ အထက ၁ အနောက်ပေါက်က ထမင်းကျွေးတဲ့ ဆရာ အဏ္ဏဝါ အိမ်ကိုလွမ်းတယ် မနက်စောစော ထမင်းစားသွားချိန် ဆွမ်းခံကြွကိုယ်တော် ကို စက်ဘီးနဲ့တိုက်တဲ့ သူငယ်ချင်းကို လွမ်းတယ် ဘောလုံးပွဲ ခိုးကြည့်တဲ့ ကောင်တွေ ပိုလွမ်းတယ်။ မလိမ့်ချင် လိမ့်ချင်နဲ့ စီးခဲ့တဲ့ ဘီးကလေးကို လွမ်းတယ် စွယ်တော်လမ်းကို ချစ်တယ်။ မြို့သစ် လမ်းသစ်ကို ချစ်တယ်။ မြို့သစ်လမ်းဟောင်းဟာ ဝါရင့် အပျိုကြီးတစ်ယောက်လို တိတ်တခိုး ခ...
Article , Poem and Short Novel will upload .