မောင်.. မိချော နောက်လ ဆို မြန်မာပြည် အပြီး ပြန်ခဲ့မယ်နော်.. မျှော်ရင်း စောင့်ရင်း လကိုနေ့စား ၊ နေ့ကို နာရီ စားလို့ အချိန်သည် သိပ်မလိုတော့ပါလား ။ "မောင် ပင်ပန်းလိမ့်မယ် "အကျဉ်းချုပ်ပြီး လက်မှတ်ထိုးလိုက် လည်း ဖြစ်ပါတယ်။ ဪ ချစ်တဲ့ သူလေး .........မိချော.... မိချော ဆိုတဲ့ ကောင်မလေး တစ်ယောက် ၊ ပိန်ပိန်ပါးပါး ၊ အရပ် မနိမ့်အမြင့် ၊ မမြင့်ဆိုသော်ငြားလည်း ကျွန်တော်ထက် အရပ်မြင့်ပါတယ်။ အသားရေ ကတော့ အညာသူတွေ ထုံစံအတိုင်း ညိုစိမ့်စိမ့်။ သာမာန် မိန်းကလေး သာမာန်ကျောင်းသူ တစ်ယောက်ပါပဲ ။ မိမိတို့ အတန်းထဲ က ကျောင်းသူ များကို ကျောင်းတက်ချိန်တွေတိုင်း " ဖုတ်လေတဲ့ ငပိ ရှိတယ် " လို့ မထင်ပဲ အခြား အတန်းတွေကိုသာ စော်ရှိုးသွားတတ်ကြတဲ့ ကျွန်တော်(မောင်ငနေ) တို့ အဖွဲ့ပါ ။ အတန်းချိန် တစ်ချိန်ပြီး တိုင်း အိမ်သာ သွားချင်သည် ဖြစ်စေ မသွားချင်သည် ဖြစ်စေ အပြင်ကိုထွက်ခဲ့ကြပါသည်။ ဘီတက်ပထမနှစ်တန်းက မမတွေကို သွားရှိုးလိုက် ၊ ပထမနှစ်က ညီမလေးတွေကို သွားရှိုးလိုက် ဖြင့် ကျွန်တော်တို့ အဖွဲ့ သည် ကော်ရစ်ဒါ တစ်လျှောက်မှာ လမ်းသလား နိုင်ဆုံး အဖွဲ့ပါ။ ကျွန်တော်တို့ ကျောင်းကြီးသည် သုံးထပ် ကျောင်းဆောင်ကြီး ဖြစ်ပါသည်။ ...
Article , Poem and Short Novel will upload .