Skip to main content

အလွမ်းဆိုတာ

အလွမ်းဆိုတာ

နှလုံးသားက တက်လာတဲ့ ရေလှိုင်းတစ်ခုလို

ဟင်းခနဲ့ သက်ပြင်းချတာတောင်

ပါမသွားခဲ့ဘူးး

အသက်ကြီးမှ လွမ်းတာလား

အသက်ငယ်မှ လွမ်းတာလားး

အလွမ်းကို ခွဲ မခြားတတ်ပါလားး?

ငယ်ငယ်က မုံလှရွာကို ရွံ့ထဲဖွက်ထဲ

ကျောင်းသွားတက်ရတာကိုလွမ်းတယ်။

မိုးရွာထဲ ရွံ့ဖွက်တွေထဲ သူငယ်ချင်းတွေ

အပြိုင်သွားခဲ့ရတာကိုလွမ်းတယ်။

စက်ဘီး တွေ တူတူစီးပြီး ကျောင်းတက်ချိန်တွေ

လွမ်းတယ်။

စက်ဘီး နဲ့ ဝက်မ ကြီး တိုက်ပြီး

ချုံပုတ်ပေါ် ရောက်သွားတဲ့

သူငယ်ချင်း ကို လွမ်းတယ် ။

လက်ပံပင်နီနီရဲရဲကြီးတွေကို လွမ်းတယ်။

ဇီးတောကြီးလည်း လွမ်းတယ်။

အလွမ်းတွေ ရာထူးတိုးတော့

စနေ တနင်္ဂနွေကို လွမ်းတတ်လာတယ်

ရေဦးကျောင်းတက်တော့ ရွာလူကြုံ ကို လွမ်းတတ်လာတယ်

ကိုယ့်နာမည် အခေါ်ကို လွမ်းတတ်လာတယ်။

အထက ၁ အနောက်ပေါက်က ထမင်းကျွေးတဲ့ ဆရာ အဏ္ဏဝါ အိမ်ကိုလွမ်းတယ်

မနက်စောစော ထမင်းစားသွားချိန်

ဆွမ်းခံကြွကိုယ်တော် ကို စက်ဘီးနဲ့တိုက်တဲ့

သူငယ်ချင်းကို လွမ်းတယ်

ဘောလုံးပွဲ ခိုးကြည့်တဲ့ ကောင်တွေ ပိုလွမ်းတယ်။

မလိမ့်ချင် လိမ့်ချင်နဲ့ စီးခဲ့တဲ့ ဘီးကလေးကို လွမ်းတယ်

စွယ်တော်လမ်းကို ချစ်တယ်။ မြို့သစ် လမ်းသစ်ကို ချစ်တယ်။

မြို့သစ်လမ်းဟောင်းဟာ ဝါရင့် အပျိုကြီးတစ်ယောက်လို

တိတ်တခိုး ချစ်ခဲ့ဖူးတယ်။

မြသီတာရှေ့ ဂစ်တာတီးခဲ့တယ်။

အေးသီတာကျော် ရောက်တော့ ပြေးခဲ့ဖူးတယ်။

ဒီလိုနဲ့ ကျောင်းမှန်မှန် မတက်ခဲ့ရတာတွေ

နောင်တ ရတယ်။

လွမ်းမယ်မှန်းသိ ရင် နှစ်ဆ တက်ခဲ့ပါရဲ့။

ရင်ခွင်မှာ တွယ်ငြိမယ် မကြံသေး

ထန်းတောတွေဆီ လှမ်းခဲ့ရတယ်။

ခေတ်ကျောင်းသားအဆောင်ကိုလွမ်းတယ်။

မိုးရွာထဲ အပြေးပြိုင်ခဲ့တာကိုလွမ်းတယ်။

နွားချစ်သူအဆောင် ကို လွမ်းတယ်။

သုံးပြည်ချက်ကုန်အောင် စားတဲ့သူငယ်ချင်းတွေ ပိုလွမ်းတယ်။

ဖဲရိုက်နေချိန် ဆရာကြီး ဦးကြည်စိုး အဆောင်စစ်လို့ ပြေးခဲ့ရတာ ကို လွမ်းတယ်။

လင်းရောင်ခြည် အဆောင် ကို လွမ်းတယ်။

ခြင်းခတ်ရတဲ့ အချိန်တွေ သတိရတယိ။

တစ်ရေးနိုး အိပ်ယာထလို့ မိုးညုင်းဘုရားဖူးချိန်ဟာ ကြည်နှုးရတယ်။

ခုတော့ သူငယ်ချင်းတစ်ချို့ဟာ နှုတ်ဆက်မယ်ဆိုတောင် မသိနိုင်တော့ဘူးး

လင်းရောင်ခြည် အဆောင် ရေအိုးခွဲတဲ့ ဘဲကြီးတွေက ပိုမိုက်တယ်

ထူးချွန်အဆောင်ဟာ ယောက်ကျားလေးအဆောင်ထဲမှာတော့ ခမ်းနားတယ်။

ယောက်ျားလေးတွေ ဖြစ်လို့ တန်ဖိုးကြီးလို့

နေဝင်ရင်သော့ပိတ်တယ်။

သော့ပါးစပ် ဟာ မနက်ခင်းတိုင်း ဆင်ကော်ကျွေးလို့ နေ့တိုင်းတံတိုင်းကိုကျော်ပြီး ကျောင်းသွားရတယ်။

ကျောင်းပြေးတိုင်း ပထမထပ်ကနေ ခုန်ချရဲတဲ့ဘဲကြီးတွေ ရှိတယ်။

အဲထက်ပိုကြွေတာက ခုန်ချရဲတဲ့ စော်တွေပဲ

ဆက်လွမ်းရန် ကျန်သေး


ပိုးပေါက်

နည်းပညာတက္ကသိုလ် မုံရွာ

၂၀၁၉ ဇွန်လ ၂၂ ရက်။

Comments

Popular posts from this blog

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး

နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။ သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင် လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက် တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ  သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို  အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။ ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက လူဦးရေနည်းတော...

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...