Skip to main content

အလွမ်းဆိုတာ

အလွမ်းဆိုတာ

နှလုံးသားက တက်လာတဲ့ ရေလှိုင်းတစ်ခုလို

ဟင်းခနဲ့ သက်ပြင်းချတာတောင်

ပါမသွားခဲ့ဘူးး

အသက်ကြီးမှ လွမ်းတာလား

အသက်ငယ်မှ လွမ်းတာလားး

အလွမ်းကို ခွဲ မခြားတတ်ပါလားး?

ငယ်ငယ်က မုံလှရွာကို ရွံ့ထဲဖွက်ထဲ

ကျောင်းသွားတက်ရတာကိုလွမ်းတယ်။

မိုးရွာထဲ ရွံ့ဖွက်တွေထဲ သူငယ်ချင်းတွေ

အပြိုင်သွားခဲ့ရတာကိုလွမ်းတယ်။

စက်ဘီး တွေ တူတူစီးပြီး ကျောင်းတက်ချိန်တွေ

လွမ်းတယ်။

စက်ဘီး နဲ့ ဝက်မ ကြီး တိုက်ပြီး

ချုံပုတ်ပေါ် ရောက်သွားတဲ့

သူငယ်ချင်း ကို လွမ်းတယ် ။

လက်ပံပင်နီနီရဲရဲကြီးတွေကို လွမ်းတယ်။

ဇီးတောကြီးလည်း လွမ်းတယ်။

အလွမ်းတွေ ရာထူးတိုးတော့

စနေ တနင်္ဂနွေကို လွမ်းတတ်လာတယ်

ရေဦးကျောင်းတက်တော့ ရွာလူကြုံ ကို လွမ်းတတ်လာတယ်

ကိုယ့်နာမည် အခေါ်ကို လွမ်းတတ်လာတယ်။

အထက ၁ အနောက်ပေါက်က ထမင်းကျွေးတဲ့ ဆရာ အဏ္ဏဝါ အိမ်ကိုလွမ်းတယ်

မနက်စောစော ထမင်းစားသွားချိန်

ဆွမ်းခံကြွကိုယ်တော် ကို စက်ဘီးနဲ့တိုက်တဲ့

သူငယ်ချင်းကို လွမ်းတယ်

ဘောလုံးပွဲ ခိုးကြည့်တဲ့ ကောင်တွေ ပိုလွမ်းတယ်။

မလိမ့်ချင် လိမ့်ချင်နဲ့ စီးခဲ့တဲ့ ဘီးကလေးကို လွမ်းတယ်

စွယ်တော်လမ်းကို ချစ်တယ်။ မြို့သစ် လမ်းသစ်ကို ချစ်တယ်။

မြို့သစ်လမ်းဟောင်းဟာ ဝါရင့် အပျိုကြီးတစ်ယောက်လို

တိတ်တခိုး ချစ်ခဲ့ဖူးတယ်။

မြသီတာရှေ့ ဂစ်တာတီးခဲ့တယ်။

အေးသီတာကျော် ရောက်တော့ ပြေးခဲ့ဖူးတယ်။

ဒီလိုနဲ့ ကျောင်းမှန်မှန် မတက်ခဲ့ရတာတွေ

နောင်တ ရတယ်။

လွမ်းမယ်မှန်းသိ ရင် နှစ်ဆ တက်ခဲ့ပါရဲ့။

ရင်ခွင်မှာ တွယ်ငြိမယ် မကြံသေး

ထန်းတောတွေဆီ လှမ်းခဲ့ရတယ်။

ခေတ်ကျောင်းသားအဆောင်ကိုလွမ်းတယ်။

မိုးရွာထဲ အပြေးပြိုင်ခဲ့တာကိုလွမ်းတယ်။

နွားချစ်သူအဆောင် ကို လွမ်းတယ်။

သုံးပြည်ချက်ကုန်အောင် စားတဲ့သူငယ်ချင်းတွေ ပိုလွမ်းတယ်။

ဖဲရိုက်နေချိန် ဆရာကြီး ဦးကြည်စိုး အဆောင်စစ်လို့ ပြေးခဲ့ရတာ ကို လွမ်းတယ်။

လင်းရောင်ခြည် အဆောင် ကို လွမ်းတယ်။

ခြင်းခတ်ရတဲ့ အချိန်တွေ သတိရတယိ။

တစ်ရေးနိုး အိပ်ယာထလို့ မိုးညုင်းဘုရားဖူးချိန်ဟာ ကြည်နှုးရတယ်။

ခုတော့ သူငယ်ချင်းတစ်ချို့ဟာ နှုတ်ဆက်မယ်ဆိုတောင် မသိနိုင်တော့ဘူးး

လင်းရောင်ခြည် အဆောင် ရေအိုးခွဲတဲ့ ဘဲကြီးတွေက ပိုမိုက်တယ်

ထူးချွန်အဆောင်ဟာ ယောက်ကျားလေးအဆောင်ထဲမှာတော့ ခမ်းနားတယ်။

ယောက်ျားလေးတွေ ဖြစ်လို့ တန်ဖိုးကြီးလို့

နေဝင်ရင်သော့ပိတ်တယ်။

သော့ပါးစပ် ဟာ မနက်ခင်းတိုင်း ဆင်ကော်ကျွေးလို့ နေ့တိုင်းတံတိုင်းကိုကျော်ပြီး ကျောင်းသွားရတယ်။

ကျောင်းပြေးတိုင်း ပထမထပ်ကနေ ခုန်ချရဲတဲ့ဘဲကြီးတွေ ရှိတယ်။

အဲထက်ပိုကြွေတာက ခုန်ချရဲတဲ့ စော်တွေပဲ

ဆက်လွမ်းရန် ကျန်သေး


ပိုးပေါက်

နည်းပညာတက္ကသိုလ် မုံရွာ

၂၀၁၉ ဇွန်လ ၂၂ ရက်။

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...