ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ
ဘကုံး နဲ့ ဝ လုံး မပြီ ပြင်ကတည်းက
ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။
လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့်
ကလေးက ကလေးပဲ မို့
ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။
တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။
အလယ်တန်းကျောင်းသားတစ်ယောက်
ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ
သူ့အတွက် မဟာအရေးပါ။
တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ
နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။
လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း
မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ?
မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ?
ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ?
လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား
ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။
ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ.
ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို
တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ
ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ
ကြီးကျယ်မြင့်မြတ်စွာ ခံစားတတ်ဖို့ ခွင့်လွှတ်တတ်တဲ့ နှလုံးသားတစ်စုံလိုတယ်
မပြည့်စုံသေးတဲ့ နောင်ရေးအတွက်
ဘဝတွေကို အထာကျကျ နှုတ်ဆက်နိုင်ဖို့အတွက်
ကြိုးစား ရုန်းကန်ကြဦးစို့ ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ခုနှစ် မေလ ၂၆ ရက်။
Comments
Post a Comment