Skip to main content

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ


“နှစ်တွေ အလီလီပြောင်း
ရွက်ဟောင်း ကြွေလို့
ရွက်သစ်ဝေလည်း
ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို
လက်ပြလည်း မင်းမငို
အဟောင်းတွေပစ်မြဲ မနှစ်မခဲ
ချစ်ဆဲပါ အမိတက္ကသိုလ်"

နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။
တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့်
ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။
ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း
ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လောက်သူများဖြင့် ပျော်ရွှင်ခြင်းးဝမ်းနည်းခြင်း
ခံစားချက်များဖြင့် ပြည့်နက်နေသော်လည်း မိခင်တက္ကသိုလ် အိုကြီးသည် ခံစားမှုတို့ ထုံထေးဟန်ဖြင့် နွေးထွေးပျူငှာစွာ နှစ်စဉ်နှစ်တိုင်း ကြိုဆို နှုတ်ဆက်နေလျှက်ရှိပါသည်။ အမိတက္ကသိုလ်ကိုယ်တိုင် ခန့်ညားထည်ဝါစွာ ရပ်တည်နေသလို အနီးအနားရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော မိုးညုင်း သမ္ဗုဒ္ဓေ ကပ်ကျော်စေတီတော်မြတ်ကြီး နှင့် ဗောဓိတစ်ထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ကြားတွင် တည်ရှိပါသည်။
အမိတက္ကသိုလ်သို့ တက်ရောက်သော ကျောင်းသားကျောင်းသူ စာရင်းတွင် အကြမ်းဖျဥ်းအားဖြင့် သုံးမျိုးသုံးစားခွဲခြားနိုင်ပါသည်။ မြို့ထဲ မှ တက်ရောက်ကြသော ကျောင်းသားကျောင်းသူများ နေ့ချင်းပြန် လိုက်ထရက် မော်တော်ယာဉ်ဖြင့် နေ့ချင်းပြန် တက်ကျောင်းသားကျောင်းသူများ နယ်ဝေး အဆောင်နေ ကျောင်းသားကျောင်းသူများဟူ၍ ခွဲခြား သတ်မှတ်နိုင်ပါသည်။ နေ့ချင်းပြန် ကျောင်းသားကျောင်းသူများသည်လည်း မနက်ကျောင်းမတက်မီ
သမ္ဗုဒ္ဓေစေတီတော်မြတ်ကြီးတွင် ဝင်ရောက် ဘုရားရှစ်ခိုး ဘုရားပန်းကပ် သောက်တော်ရေ ဆီမီးများကပ်လှူပြီး မှ ကျောင်းသို့ ဝင်ရောက်ကြလေသည်။ အဆောင်နေ ကျောင်းသားကျောင်းသူများသည်လည်း တက္ကသိုလ်ကျောင်းအလှတရားများဖြင့် အညီ ညနေ နေဝင်တရော တွင် အဆောင်ရှေ့ ချစ်သူ လာလမ်းကို မျှော်လင့်နေသော လှသွေးကြွယ် ပျိုမေများသည်လည်း ချစ်သူဖြင့် ဘုရားသွားရန်အတွက် ဖီးလိမ်းပြင်ဆင်ပြီး ဘုရားတူတူသွားကြလေသည်။အဓိက လမ်းမကြီး အဖြစ် ကျောင်းရှေ့ လမ်းသည် သက်တမ်းရင့် ကို့ကိုပင်ကြီးများ မယ်ဇလီပင်ကြီးများ တမာပင်များဖြင့် အုံ့မှိုးင်း ကာ အုံ့ဆိုင်းကာ ချစ်သူ စုံတွဲများ လက်ချင်းချိပ် လမ်းလျှောက်သွားနေကြသည်မှာ နှစ်တွေပြောင်းလဲသော်လည်း မရိုးနိုင်သော ်မြင်ကွင်းတစ်ခုပင် ။ နှစ်စဉ် နှစ်တိုင်း လှသွေးကြွယ်မှု သွေးသစ်လောင်း မှုနှင့် ကျောင်းလမ်းသည် အမြဲတမ်းပင် လန်းဆန်း တက်ကြွနေပါသည်။ အမိတက္ကသိုလ် ကျောင်းရှေ့ တစ်လျှောက် ကော်ဖီဆိုင် အကြော်စုံဆိုင် များတွင် အလုအယှက် ပျော်ရွှင်စွာ စားသောက်ခြင်း နောက်ပြောင် ကျီစယ်ကြ တက္ကသိုလ်ကျောင်းသားဘဝ ကျောင်းသားအလှများဖြင့် တန်ဆာဆင်ဖြတ်သန်း နေပေတော့သည်။တမာတန်းသည် အညာမြေ ဖြစ်ကြောင်း သက်သေပြု ပုံရိပ်တစ်ရပ်အဖြင့် မားမားမတ်မတ် ရပ်တည်ပေးနေသည် ။ ကြည့်လိုက်တိုင်း တမာရွက်ကြွေ တမာမြေနံ့ မွေးကြူထုံသင်း လှိုင်မြဲသင်း၏။ အို …..ချစ်သော အညာမြေ ရယ်။
လေပြေ လေညုင်း ရယ် တစ်ချက်ဝေ့နှင့် အတူ ပါလာသော သံပြိုင်
သာဓု ခေါ်သံကြောင့် စကားဝိုင်းအတွင်း ခတ္တ ခဏ အသံတိတ်ရန် လိုက်ပြလိုက်သည်။ သူငယ်ချင်းများသည် လည်း အဘယ်ကြောင့် ရယ်လို့ မသိငြားသော်လည်း အသံမထွက်ကြပေ။ သာဓုခေါ်အမျှဝေသံသည် တိုးညုင်း ညင်သာစွာ ထွက်ပေါ်လာချိန်တွင် ရင်ထဲ အသည်းထဲတွင် အေးမြ ငြိမ်းချမ်းသာယာ သွားလေသည်။
ဘုရားရှစ်ခိုး သာဓု ခေါ်သံက ဘယ်ဘုရားဝတ်တက်အသင်းလဲ သူငယ်ချင်း
ငါတို့ မုံရွာ နည်းပညာတက္ကသိုလ်မှာ White Geneation ပရဟိတ လူငယ်အဖွဲ့ ၊
နိဗ္ဗာန်ဆော် ပရဟိတ သာသနာဟိတ အဖွဲ့ ၊ Civil Foundation ပရဟိတအသင်း ရယ်လို့ အသင်းတွေ ရှိတယ်။
အဲလို ရှိတဲ့ အသင်းတွေမှာ ဟိုအသင်းက သာတယ်။ ဒီအသင်းက သာတယ်ဆိုပြီး ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကြားမှာ အသံတွေ ထွက်နေတာ ကြားတာ တစ်ကြောင်း၊ အားလုံးဟာ တန်ခိုးကြီး ကပ်ကျော်စေတီတော်မြတ်ကြီးအနီးတွေ လေးငါးနှစ်မျှကြာအောင် နေထိုင်သွားကြသော်လည်း သမ္ဗုဒ္ဓေ ဂါထာတော်တစ်ပုဒ်တောင် ရမသွားကြဘူးတဲ့
အဲလို အကြောင်းအချင်းအရာများကြောင့် နည်းပညာတ္ကသိုလ်(မုံရွာ) ဘုရားဝတ်တက်အသင်းရယ်လို့ တည်ထောင်သွားတယ်လို့ ငါတော့ ကြားဖူးတယ်။
နောက်ပြီး တက္ကသိုလ်ဆိုတာ ပညာရပ်တစ်ခုတည်းတင် သင်ကြားဖို့ မဟုတ်ဖူးတဲ့ တက္ကသိုလ်တက်ရင်း ပညာရေး ၊ လူမှုရေး ၊စီးပွားရေး ၊နိုင်ငံရေး ၊အားကစား ၊ ပရဟိတ အစရှိသဖြင့်ပေါ့ကွာ အားလုံးဟာ တက္ကသိုလ်တက်နေစဉ်အတွင်း စည်းလုံးခြင်း ပေါင်းစည်းခြင်း နားလည်းခြင်း စာနာခြင်း မျှဝေခြင်း နှစ်သိမ့်ခြင်း အေးတူ ပူမျှ မေဂျာပေါင်းစုံ အသင်းပေါင်းစုံ စည်းလုံးစေချင်တယ်။ နားလည်မှု ရှိရှိ လက်တွဲစေချင်တယ်။ အမှန်တရားက မရှက်သင့် မရှက်ထိုက်တာ ကို မရှက်ပဲ ရှက်သင့်ရှက်ထိုက်တာကို ရှက်သင့်တယ်။ အဲလို နားလည်ဖို့ ဆိုတာ ငါတို့တစ်တွေ များများ သိဖို့ ငါတို့ ကျောင်းစာကြည့်တိုက်ပြန်ဖွင့်ဖို့ ပြန်လည် သက်ဝင်လည်ပတ်အောင် ကြိုးစားသင့်တယ် ။ ညနေခင်းဆည်းတာ ဟာ အရမ်းလှသလို အရမ်းအကျဉ်းတန်သွားတဲ့ အခြေအနေလည်း ရှိတယ်။ တက္ကသိုလ်တက်နေစဉ်မှာ အချစ်ရေး မစဉ်းစားနဲ့ လို့ ကန့်သတ်လို့ မရသလို အတင်းအကြပ်ဖြစ်အောင်လည်း မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကာယကံရှင် အချင်း ချင်း ချစ်ကြိုက်ကြလို့ ချစ်သူများသွားသူတွေ ပါသော်လည်း သူငယ်ချင်းအချင်းချင်း အပြောင်လွန်ရာမှ တစ်ဆင့် ချစ်သူ သမီးရည်စားတွေ ဖြစ်သွားကြတယ်။ အမှန်တကယ် သက်ဝင်မြတ်နိုးမှုကြောင့် မဟုတ်ပဲ ။ ပတ်ဝန်းကျင်ကြောင့် ဖြစ်သွားကြတယ်။ တစ်ယောက်နှင့်တစ်ယောက် အနွံတာ ခံဖို့ မစဉ်းစားကြပဲ ရည်းစားဘဝ ပြတ်ဆဲကြပြန်လေတယ်။ ရည်စားနဲ့ အသည်းကွဲတာ ဖြစ်ဖြစ် ပရဟိတ လုပ်လိုတာပဲ ဖြစ်ဖြစ် ဘုရားသွားရှစ်ခိုးတာချင်းတူတူ တက္ကသိုလ်ကျောင်းသားကျောင်းသူ ဘဝ မေဂျာပေါင်းစုံ အသင်းပေါင်းစုံ အရောင်သွေးပေါင်းစုံဖြင့် ညီညာ စွာ ရှစ်ခိုးကန်တော့ အမျှဝေ ဆုတောင်းကြတာ ငါတော့ ဒီအမျှဝေသံ ရှစ်ခိုးသံနှင့် အတူ အမိကျောင်းတော်ကြီးနှင့် အတူ ထပ်တူ ဂုဏ်ယူတယ်ကွာ။
အော် ညီလေးတွေ ညီမလေးတွေ အကြောင်းတိုက်ဆိုင်ခြင်းကြောင့် အမိတက္ကသိုလ်အား လာရောက် နှုတ်ဆက်တဲ့ အကြိမ်ဖန်များစွာထဲတွင် ယခုတစ်ခေါက်သည် ဘဝတွင် အမှတ်တရ ရှိပေတော့မည်။
အသက်ငယ်သော်လည်း အသိမငယ်သော ကျောင်းသားတွေ၊ အသင်း အသီးသီးမှ ဦးဆောင်နေကြသော ကျောင်းသား ကျောင်းသူတွေ ၊ နောင်တစ်ခေါင်မှာ ခေါင်းဆောင်ကောင်းများ ဖြစ်ကြမှာပါ။ ငယ်ရွယ်စဉ်မှာ အထောက်အပံ့ကောင်းများစွာဖြင့် ကြီးပြင်းခဲ့ရလျှင် အင်ဂျင်နီယာခေတ် တစ်ခေတ် ပြန်လည် ဦးမော့ နိုင်မှာပါလို့ ရင်ထဲ တီးတိုး ဆိုမိလေသည်။
လက်တွေ့ခန်းများ ၊ ကွန်ပျူတာ ခန်းမကြီးများ၊ အားကစား ခန်းမများ၊ ဘာသာရေး အဆုံးအမ သင်တန်းများ ၊ စာပေ ဂီတ အနုပညာ အခန်းများ ဖြင့် ခေတ်သစ် အင်ဂျင်နီယာ မောင်မယ်များကို ပြုစုပျိုးထောင်ပေးမည်ဆိုရင်ဖြင့် ရွှေခေတ်ဟာ မြေကြီး လက်ခတ်မလွှဲပါ။ တော်ချင် ကြိုးစားချင်ပါသော်လည်း သော့တန်းလန်းနှင့် အချုပ်ချနေတာ လက်တွေ့ခန်းများဟာ မျိုးဆက်သစ် များအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်ရလေသည်။
ညနေခင်း ပုဇွန်သွေးရောင် အောက် မှ တက္ကသိုလ် ကျောင်းညနေခင်း တစ်ခု ၊ သာမာန်အကြော်ဆိုင် တစ်ခု စကားဝိုင်းသည် စိန်ခေါ်မှု ၊ ပြုပြင်ပြောင်းလဲမှု ၊ အောက်ခြေမှာ လွှဲမှားမှု လိုအပ်မှုများစွာကို ပြသနေလျှက်ရှိပါသည်။ တစ်နေ့ သာဓုခေါ်ဆိုသံတွေနှင့် လူငယ်တွေ၊ ငြိမ်းချမ်းခြင်းတရားဓမ္မ များကို လက်ကိုင်ထားသော လူငယ်တွေ ၊ အနာဂတ် စုပေါင်းစည်းလုံးခြင်းပြရုပ် သာသနာနယ်မြေမှ ခေတ်လူငယ်တွေ ၊ လိမ်မာရေးခြားရှိသော အခြေအနေ တစ်ရက်ထက် တစ်ရက်ပိုမြတ်အောင် ရှုချင်စဖွယ် တက္ကသိုလ်နယ်မြေဟာ သာဓုခေါ်ဆိုသံများဖြင့် ထုံမှုန်းနေမြဲ နေလျှက်ရှိသော နယ်မြေ။

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

Comments

Popular posts from this blog

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး

နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။ သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင် လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက် တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ  သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို  အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။ ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက လူဦးရေနည်းတော...

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...