Skip to main content

ယနေ့ အခြေအနေထက် ပို ကောင်းသော အခွင့်အလမ်းများဆီသို့

ဘမျိုး ဘိုးတူ

ချောင်းရိုးမြောင်းရိုးသာ တိမ်ကောရိုးထုံစံ ရှိလိမ့်မည်

ဆွေရိုး မျိုးရိုး ဘယ်တော့ မှ မတိမ်ကော ။

လူမှာ အမျိုး ကြက်မှာအရိုး အစဖြင့်

ဆွေးမျိုး ဆင့်ဆက် ဖြစ်ပွားလာသော

မျိုးဆက် အကောင်းတွေ ရှိသလို

အဆိုးတွေလည်း ရှိနေပေလိ့မ်မည် ။

မျိုးရိုးသည် အတန်အသင့် အရေးပါသည်ဟု

မှတ်ယူရပေလိမ့်မယ်။ (လူတစ်ဦးတစ်ယောက်ချင်းဆီတွင် မူတည်ပါသည်)

ရှေးအစဉ်အဆက် ကြက်တိုက် ငှက်တိုက်

ဖဲရိုက် အရက်သောက် သော အသိုင်းအဝိုင်း မှ

လူငယ်တစ်ယောက် လိမ်လိမ်မာမာဖြင့် ကြီးပြင်းလာသော်လည်း

လူ့အသိုင်းအဝိုင်းသည် လွယ်လွယ် နဲ့ လက်မခံတတ်ကြပေ။

လူငယ်လေးသည် လိမ်အောင်နေသော်လည်း

ခဏနေ ဘမျိုး ဘိုးတူ လိမ့်မယ် ဟူ၍လည်ကောင်း

ခွေးမီးကောက် ကျဉ်တောင်စွပ် ပါ ဟု လည်းကောင်း

ပြောင်းလဲ ချင်သော အကောင်းဖက် ကိုဦးတည်သော

စိတ် ဇော စေတနာ များ ပျက်သင့်သလောက် ပျက်ကုန်ပါဘိ။

လူသိသော အမှား လူမသိသောအမှား

လူလက်ခံ နိုင်သော အမှား လူလက်မခံနိုင်သော အမှား

လူအသိုက်အဝန်း မှာ စာနာခြင်းအားဖြင့် အမှား

လူအသိုက်အဝန်း မှာ ခွင့်လွတ်မပေးသော အမှား

၇၅ သက်တမ်း သုံးပိုင်း စင်းလုံးချော များ ရှိနိုင်ကြလို

၂၅ နောက်ပိုင်း မှ အကောင်းဖက် ဦးတည်သော

၅၀ ပြီးမှ အကောက်ဖက် ဦးတည်သော

အပြုသဘောဆောင်သော အတွေး

အပြုသဘောဆောင်သော စကား

အပြုသဘောဆောင်သာ အမူအကျင့်

အပြုသဘောဆောင်သော မှတ်ချက်

ကြိုဆိုခြင်းအားဖြင့် ကောင်းမွန်သော

လူမူ့အသိုက်အဝန်း အဖွဲ့အစည်းတစ်ရပ်ဆီသို့။

ပါးရိုက်လို့ နားကိုက်သော

မဲမဲမြင် ပစ်ချင်သော

လူ့အသိုက်အဝန်း မှ အဆင်မပြေသော

လုပ်ငန်းခွင်မှ အဆင်မပြေသော

အိမ်ထောင်ရေး အဆင်မပြေသော

ဘဝ ကို ကြိတ်မှိတ်လက်ခံ ပြီး

လိုအင် မပြည့်ဝသော ညများ မှ

ပစ်လွတ်လိုက်သော မြားတစ်စင်းအလား

အန်ထွက်လာသော မိုင်းများ

မင်းပစ် ငါပစ် သူပစ်

မင်းစွန့် ငါစွန့် သူစွန့်

အများသုံး သန့်စင်ခန်းလောက်သာသာ ဖြစ်ကုန်နေပါပြီ၊

လက်ဖျာက် တစ်ချက် တီးတာ လိုက်တာ နဲ့ ဖြစ်တည် လာခြင်း

မဟုတ်ငြားသော်လည်း ပေါက်ကွဲ ဖို့ အသင့်ဖြစ်နေသော လူအုပ်အတွက်

စကားတစ်လုံး ဖြင့်လည်း သေစေနိုင်ပါတယ် ။

ယနေ့ အခြေအနေထက် ပို ကောင်းသော အခွင့်အလမ်းများဆီသို့။


ပိုးပေါက်

နည်းပညာတက္ကသိုလ်(မုံရွာ)

၂၀၂၀ မေလ ၁၉ ရက် ။

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...