ဟိုးအဝေးက လမ်းငယ်လေး
မှုန်ပြပြ သူညွှန်ပေး။
လမ်း တော့ လမ်းပဲ
သာမာန် မြေလှမ်းမှ မဟုတ်ပဲ။
အသိဉာဏ်ခြင်း ပွတ်ရှမှုဖြစ်တော့
နိုင်လျှက် နှင့် ဆုမရခဲ့ဘူးလေ။
တစ်နေ့တော့ ဒီလမ်းပဲ နောက်တစ်ကြိမ်
တက်ကြွပုံ ဖောက်ထွက်ခြင်းမတူတော့
ကျဉ်းထဲမှာပဲ ဆက်လက် ငိုကြွေးပေါ့။
အရပ်ပုသူဟာ မေ့ာ်ကြည့်တော့ လည်ပင်းညောင်းတယ်။
အရပ်ရှည်ပြန်တော့ အပေါ်ကြည့်နေရင် မတရားရာ ရောက်တယ်။
အရပ်ရှည်ပြီး အောက်ကြည့်နေပြန်ရတော့လည်း ဇတ်ညောင်းတယ်။
ကြည့်နေတာခြင်း တူပါတယ်။
ခြောက်တစ်လှည့်
ကိုးတစ်လှည့်
မစဉ်းစားတတ်တာပဲ လိုပါတယ်။
လမ်းငယ်လေးမှာ
ဟိုးအဝေးဆုံးရောက်တော့
နောက်ထပ် ဟိုးအဝေးဆုံး ကို
ပြန်မျှော်နေတတ်ပေါ့။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၉-၃-၂၀၁၈
Comments
Post a Comment