ပိုးတစ်ကောင်ရဲ့ ဘဝမှာ
ခရမ်းသီးဟာ အရသာရှိဆုံး
ဘယ်သူမသိ သိသိ
သူပဲထိုးဖောက်ခဲ့တယ်။
ကလေးတစ်ယောက်ရဲ့ ဘဝမှာ
ဆိတ်နို့ဟာ အစိမ့်ဆုံး
ဘယ်သူတွေမသိ သိသိ
သူပဲ သောက်ခဲ့တယ်။
ဆိတ်ကလေးရဲ့ ဘဝမှာ
လျှောက်တဲ့ လမ်းတွေရေတွက်ရင်း
ကမ္ဘာကြီးဘယ်လောက်ကျယ် သူမသိ
သူသိတဲ့ လမ်းပဲလျှောက်ခဲ့တယ်။
လူတစ်ယောက်ရဲ့ ဘဝမှာ
အချစ်ရဲ့ အိုအေစစ်ကိုရှာဖွေရင်း
ကီးမမှန် ရမ်သမ်တွေပြန်ရခဲ့
အရှုံးတံဆိပ်တွေဘောင်ခတ်
အမုန်းတံတိုင်းကြီး ဦးခေါင်းနဲ့တိုက်
မဖြစ်နိုင်ဘူးဆိုရယ်ခွင့်ရှိ
မဆုံးသောမနက်ဖြန်တွေကျော်လွန်
ရသမမြောက်လည်းဆက်လက်နွှဲနေဆဲပါပဲ
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment