Skip to main content

ကဗျာ လက်ဆောင်


လူ့ဘဝ ကို
ဘာရည်ရွယ်ချက်နဲ့ရောက်လာသလဲ
အဖြေ အမျိုးမျိုး ရှိပါလိမ့်မယ်
မိမိဖြေတဲ့အဖြေ
တကယ်လုပ်နေသလားး
လုပ်ပြီးကြပြီလားးး
လုပ်ဖို့စဉ်းစားနေပြီလားး

ရုန်းကန်နေရခြင်းက ဘဝပါ
ငယ်စဉ်ကလေးဘဝ က ဗိုက်ဆာရင်
မတောင်းတတ်တော့ ငိုတယ်
မရရင် ဆက်ငိုတယ်
အသားတွေ တုန်နေအောင်
အသံတွေဝင်သွားအောင်
ရတော့ ပျော်တယ်
အငိုရပ်သွားတယ်
အောင်မြင်သွားတယ်

အသက်အရွယ်တစ်ခုမှာ
ခက်ခဲမှုဟာ နာမည်အမျိုးမျိုးနဲ့လာတယ်
စာမေးပွဲကျတယ်
အလုပ်မရဘူးး
သင်တန်းမတက်နိုင်ဘူး
နိုင်ငံခြားမသွားနိုင်ဘူးး
လစာမတိုးဘူးး
အဖေ နောက်မိန်းမ ယူတယ်
အမေ နောက်ယောက်ျားယူတယ်
အသည်းကွဲတယ်
လက်ထပ်ခါနီး လမ်းခွဲစကားပြောတယ်
ကျန်းမာရေး မကောင်းဘူးး
အဖေ မချစ်ဘူး အမေ မချစ်ဘူး
မိသားစုမှာ ချစ်ခင်ခြင်းမခံရဘူး
အားလုံးဟာ ခက်ခဲမှု ရုန်းကန်မှုတွေပါ

ခက်ခဲမှု နဲ့ သင်ဟာ ကြိုးဝိုင်းထဲမှာ
သူနိုင် ကိုယ်နိုင် ထိူးသတ်နိုင်ပါတယ်
လှဲကျသူ ရှိမယ် မထနိုင်သူရှိမယ်
ရူနိးထွက်နိူင်မယ် မအောင်မြင်သူရှိမယ်
ရုန်းထွက်နိုင်မယ် အောင်မြင်သူရှိမယ်
လမ်းကြောင်းတော့ တစ်နည်းမဟုတိတစ်နည်းရှိနေပါတယ်
ကြိုးဝိုင်းထဲက မထွက်မခြင်း အောင်မြင်အောင်
ထိုးသတ်ဖို့ အခွင့်အရေးရှိပါတယ်

ဘဝပြိုင်ပွဲမှာ သင်အရှုံးမပေးမခြင်း
မရှုံးပါဘူးး သင်စိတ်သာလျှင် ခံစစ်မှူး
သင်စိတ်လျှင် ဦးဆောင်သူ
ဘယ်လို အခက်အခဲကြုံတွေ့ပါစေ
ဘဝကို အဆုံးသတ်ပစ်ဖို့ မစဉ်စားပါနဲ့
စိတ်ဓာတ်ခွန်အားနဲ့ပဲ ပြန်လည် မြင့်တင်ပါ
အခက်အခဲ ဟာသတ္တိရှိသူတွေအတွက်ပေးတဲ့
ပုစ္ဆာတစ်ပုဒ်ပါ အဖြေ ရှိပါတယ်
အချိန်တွေ ကြာသွားတော့
ဒါဟာလည်း ပြီးသွားမှာပါ
ဘဝအတွက် တန်ဖိုးရှိမယိ့ အရာတွေ လုပ်ဆောင်ရင်း
ငါတို့ဘယ်တော့မရှုံးဘူး
ဘယ်တော့ မှ ဒူးမထောက်ဘူးဆိုတာ
သက်သေပြရ်င်း ရင်ဆိုင်ကြရအောင်
လာစမ်းဟဲ့ ဒုက္ခဆိုပြီးးး ပေါ့

ပိုးပေါက်
နည်းပညာတက္ကသိုလ် မုံရွာ
၉.၉.၂၀၁၆်
ကဗျာ လက်ဆောင်ပေးပါတယ်
နာမည်လဲ မပြောတော့ပါဘူးး
ကဗျာခေါင်းစဉ် လဲပေးမထားပါဘူး
ကျွန်တော် တတ်နိုင်တဲ့ဘက်က ကူညီတာပါ
@@@@@@@@@@@@@@@

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...