မှားလိမ့်မယ်။
ပြည်သူတွေ တစ်ခွက်လျှော့စားခဲ့။
တစ်နှပ်လျှော့စားခဲ့။
ကုန်ဈေးနှုန်းတက်တိုင်း အစိုးရ အပစ်မတင်နဲ့။
အစိုးရလစာ နဲ့ မလောက်ရင်ထွက်တဲ့။
ကုန်ဈေးနှုန်း တွေ တက်နေချိန်
ပြည်သူက အံကြိတ်ခံတယ်။
အခွန်တွေ ကောက်နေရချိန်
ပြည်သူက အံကြိတ်ခံတယ်။
YBS တွေ ပြောင်းလဲတယ်။
ပြောင်းလဲမှု က မညင်သာဖူး။
အခက်အခဲတွေ ငွေပိုကုန်မှုတွေ
ပြည်သူက အံကြိတ်ခံတယ်။
အထပ်မြင့်တွေ ပိတ်ပစ်လိုက်တယ်။
အလုပ်အကိုင်တွေ ရပ်ကုန်တယ်။
ပြောင်းလဲ မှုက မညင်သာဖူး။
အာဏာရှင် စီတဲ့ စိန်တွေကြည့်ပြီး
အံကြိတ်ခံတယ်။
ထောင်ထွက်တွေ ခြယ်မှုန်းတဲ့
ပန်းခင်းထဲမှာလဲ
ပြည်သူတွေ အံကြိတ်ခံဆဲပါလေ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
08-01-2018
Comments
Post a Comment