Skip to main content

အမေ့ ကို ပြန်မပြော ဖြစ်တဲ့ ရန်ကုန် ညနေ


မိုးချုပ်ချုပ် ကားရှုတ်ရှုတ် နေဝင်ညချမ်းလေ
သူ့ ခြေလှမ်း သူ့ဝမ်းနဲ့ သူ့အထွာ အရ
မင်းဘယ်လာ မှာလဲ ဘယ်ဆိုင်မှာလဲ
ရွေးပြီး ဝမ်းတစ်ထွာစာကို ဖြည့်ကြတယ်။

သံလမ်းလမ်းဘေး အစ သမိုင်းညဈေး
လှည်းတန်းညဈေး ကမ်းနားဈေး
၁၉ လမ်း လသာ မင်းဘယ်ခြေလှမ်းကိုရွေး
အမေ လူကုန်ထန် တဲ့ လေ
အမေ လူဆင်းရဲ တဲ့လေ

အိုတီဆိုတာ အကြောက်ဆုံး သတ္တဝါပါ
သုတ်သုတ်စား သုတ်သုတ်သွားတဲ့ ရန်ကုန်မှာ
သား လူချော သုတ်သုတ် ကို ကျွမ်းနေပါပြီ
ဒယီးဒယိုင် က တတ်နေလို့ အမေ စိတ်ဆိုးမလား
အရက်သမား သိုင်းပါ။
တောအရက် နဲ့ မမှားပါနဲ့
ရန်ကုန်မြို့ က YBS ပေါ်မှ ကကြတာပါ။

ဝမ်းဟောင်းလောင်းနဲ့ သိုင်းကွက်ကရင်း
နီယွန်မီးတန်းက ဝတ္ထုတွေထဲကလို ............
ကောင်လေး နဲ့ ကောင်မလေး လက်ချင်းတွဲ
စိတ်ကူးရင်း ကမ္ဘာထဲကလို လေပြေ မဟုတ်ဘူး။
ကား အိတ်ဇောက ဒေါသတကြီးထွက်လာတဲ့
လေပူတွေပါ ညော်အပြင်းစားတွေဟာ
ဗိုက်ဆာမှုကို လျှော့ကြစေမှာပါ။

ထမင်းချိုင့်ဟာ အသားနဲ့ တစ်သားထဲကျတဲ့
လောကီ အလှတရား တက်တူးး းတစ်ခုပါ။
သိပ်ကို ကုန်ဈေးနှုန်းတတ်တဲ့အခါ
သူဟာ နတ်သမီး တစ်ပါးပါ။
ညနေ တောထိုင် တောင်ထိုင်
ဘလက်ဖောင်းက အစ ဆိုင်ကြီးး ကနားဆုံး
အမေ့သားမောင် ယောင်တောင်တောင်မလုပ်မိပါ။

ရန်ကုန်ညနေ ဟာ ဆက်သွားနေတယ်။
ခရာ မတုတ်သေးဘူး။
မီးပွိုင့် မမိသေးဘူး။
လမ်းတော့ ပိတ်နေတယ်။
ဒီညနေလည်း ထုံးစံအတိုင်း အိမ်ပြန်နောက်ကျမယ်။

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၈ စက်တင်ဘာလ ၁၂။
(၂၀၁၈ ခုနှစ် ရင်ဘတ်ထဲက ကဗျာစဉ်(၂))

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...