ဟိုးတစ်ချိန်က
သက်တမ်းတွေမနုမရင့်
ခပ်စိမ်းစိမ်းမျက်နှာတွေနဲ့
ဘေးချင်းယှဉ်လို့တောင်
နှုတ်မဆက်ဖြစ်ခဲ့ဘူးနော်
တစ်လကျော်လက်တွဲ
ကျောင်းပြေးပြိုင်ပွဲမှာအတူပြိုင်ရင်း
ထန်းတောမှာမကြာမကြာရောက်တော့
ဖအေနာမည်တွေတောင်ရင်းနှီးလို့
တစ်ယောက်တစ်ထောင်တစ်ယောက်တစ်ထောင်
ဟစ်ကြွေးတိုင်း ကိုစိုးကြီးဆိုင်မှာပျော်နေကြပြီ
ကျောင်းပြေးတိုင်းဖူးဝေမှာထိုင်
ဂျာနယ်တွေမငြီးမငွေ့ဖတ်
တီးဆရာတောင်လက်သားကျအလွတ်ရနေတယ်
စာမေးပွဲကျတော့ အတူတူ
သံယောစဉ်အမျှင်တွေက Roll.no ကပ်လို့
စာမေးပွဲတွေနီးတိုင်းနီးတိုင်း
“ဘီအီးပါလည်းသေမှာပဲမမြဲဤခန္ဓာ”
ဆိုတဲ့အသံတွေကြားယောင်ရင်းပေါ့
အခုဆိုရင်တို့သူငယ်ချင်းတွေ
ကိုယ်ယုံကြည်ရာကိုကျောက်တိုင်စိုက်ဖို့
တနယ်တကျေးမှာဝေးကွာနေလည်း
တို့တစ်တွေရဲ့စည်းလုံးခြင်းနွေးထွေးမှုတွေဟာ
ကျောင်းတော်ကြီးမျက်နှာစာမှာပုံရိပ်တွေထင်ကျန်နေဆဲပါ
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment