အလွမ်းဟာ ရထားတစ်စင်းဆို
မရပ်မနားခုတ်မောင်း ခဲ့တာ
ဇလီဖားတုန်းက သက်သေပါ။
မင်းဆီရောက်မလာနိုင်တော့တဲ့
ရထားတစ်စင်းပါ။
ချစ်ရတာ မြစ်တစ်စင်းဆို
စီးမျော လို့ ကမ်းပါးကုန်တာ သက်သေပါ။
မြစ်တစ်စင်းရဲ့အသက်ဟာ
ရေဖြစ်ခဲ့သလို
ငါ့ အသက်ဟာ မင်းပါ။
စည်းကမ်းမှာ အသားကျစွာ
လိုက်နာ တတ်သူမို့
မင်းစေစားရာ စကားလုံးများကို
အတွန့်မတက်ရဲပါဘူးး ချစ်သူ
အချစ်ဆိုတဲ့စကားလုံးတွေ
မပိုင်ခဲ့ပေမယ့်
သတိရခြင်းတွေကိုတော့
ထာဝရ ပိုင်ဆိုင်သွားပါပြီ။
တနင်္ဂနွေ အလွမ်းဟာ
ဦးတည်ချက်မဲ့နေတဲ့ မြစ်တစ်စင်းပမာ
ဆက်ဆွေးမယ်
လမင်းငယ်......။
ပိုးပေါက်
နည်းပညာတက္ကသိုလ် (မုံရွာ)
၂၀၁၆ စက်တင်ဘာလ ၁၀ ရက် ။
Comments
Post a Comment