လောကမှာ အခက်အခဲတွေနဲ့ တွေ့ကြုံရင်
လဲကျသွားတတ်ပါတယ် လဲကျသင့်ပါတယ်။
လဲကျသွားတာ မင်းအပြစ်မဟုတ်ဘူး
လဲကျသွားတာ မင်းပျော့ညံ့လို့မဟုတ်ပါဘူး။
မင်းကိုနားလည်ပေးလို့ရပါတယ်
ပြန်လည် မနိုးထနိုင်ဘူးဆိုရင်တော့ ....
မင်းပျော့ညံ့မှု မင်းလူပျော့ ဖြစ်သွားပြီ။
သူများ သတ်လို့ မသေဘူး
ကိုယ့်ကိုယ်တိုင် သတ်မှပဲသေတာ
သူများက မင်းဘဝကိုအမြစ်ပြတ်အောင် မဖျက်နိုင်ဘူး
ပင်စည်ပြိုလဲ ရုံတင်ပါ
မင်းမှာ ရှင်သန်ဖို့ အမြစ် ပြန်လည်ထူထည်ဖို့ စိတ်ခွန်အားတွေ
ကျန်နေပါသေးတယ်။
ပြန်လည်နိုးထပါ
ကျေးဇူးပြုပြီးပြန်လည်နိုးထပါ
ကျေးဇူးပြုပြီး ပြန်-လည်-နိုး-ထ-ပါ ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment