အမြင်မှာ သက်သာပေမယ့်
ဂွေကိုင်ကာ ငွေရှာသူမို့
မလွယ်သူပါ မရွှေချော
ခရီးစဉ်တိုင်း ငွေဝင်ပေမယ့်
သားတို့ရင်းထားရတာလဲ အသက်ပါ
လွယ်ကူချော့မွေ့စွာ ရောက်အောင်
မမြဲမပြတ်ပွားထားရတာလဲ
ဂုဏ်တော်ပါ
ခရီးသည်ပေါ်မှာမူတည်သွားရတဲ့
ခရီးပေမို့ လ့ူအကြိုက်ကို လိုက်ကာ
ကိုယ်သိသိ မသိသိ ရင်ဘတ်နဲ့ရင်းကာ
ဝန်ဆောင်မှုလည်းပေးရပါတယ်
မိသားစု ထမင်းဝိုင်းဆိုတာ
ကျွန်တော်တို့ကားသမားအတွက်
မဆုံဖြစ်ကြတဲ့ ငယ်ချစ်ဦးပုံပြင်တစ်ခုလိုပါ
အားရပါးရဆုတောင်းဖြစ်တာက
အိမ်လွမ်းသူတို့ အလွမ်းရထား
အိမ်ကပ်နိုင်ဖို့ပါ
အတွေးဟာ လမ်းမှာ
အဆွေးဟာ လမ်းမှာ
လမ်းတကာ့လမ်း ဖြောင့်သော်လည်းရှိ
ကြမ်သော်လည်းရှိ ဂွေကိုင်သူ လက်စွဲသီချင်းက
အိမ်လွမ်းသူ သက်ထားပါမေ
ပိုးပေါက်
နည်းပညာတက္ကသိုလ် မုံရွာ
၆.၉.၂၀၁၆ (အင်္ဂါနေ့)
Comments
Post a Comment