တောင်ခါးပန်းရယ်နှင့် ခင်တန်းကုန်းငယ်မြောင်၊
ကျော့ကွင်းကိုထောင်သည် ခွေးညီနောင် တခင်ခင်နှင့်၊
ယုန်ရှင်ကို ဘမ်းခဲ့ပ လေးထမ်းတဲ့ သည်ဖေကို၊
တဲအိမ်နေကြင်သူက တအူအူ ဟစ်ခေါ်လို့၊
အမှာတော်ပါးလိုက်ရှာတယ်လေး။
အိမ်ကိုပြန်လျှင် အကျွန် ကျွန်ုပ် ၊
ယုန်တထုတ်ကို ခွာဆုတ်ရေလှန်၊
ကျပ်ခိုးခံလို့ ။
ပန်းရန်နဝါ ရွက်နုညှာကို ၊
ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊
ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊
ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်၊
အာခေါင်မှာ ပူအောင်ထည့်လို့ မျိုလှဲ့ကွဲ့လေး။
လွမ်းချင်း ဦးကြီး (သာဝတ္ထိ)
Comments
Post a Comment