လွမ်းအောင်ဖန် နွမ်းသူတို့
ပူရော့အင့်
ဒေါင်းဖန်ဝါ အန်တုလို့
ပျိုဖြုချောတို့ တမာတော
မောမပြန်နိုင် လွမ်းငယ်ခိုင်
အမှာစော
မောင်ကြီး စိတ်မချ
တသသ လွမ်းလျှ နွမ်းလျှလို့
ရင်တွေမော
ပုဝါ တစ်ကမ်း ကုဋေ လှမ်းပါလို့
မောင်ကြီးအိမ် ဟိုးးဖက်နားက
ပုထစ်တို စွယ်တော်အိုက
အစွဲပြာ အသဲညှာခင်တော့တယ်။
မောင်ကြီး ချစ်နှမငယ်သို့…တမ်း
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၄.၇.၂၀၁၆
တနင်္ဂနွေနေ့
Comments
Post a Comment