ကောင်မလေး
လမ်းပေါ်မှာ ဒေါက်ဖိနပ်နီနီနဲ့
မနီးစပ်ချင်ပါနဲ့
ကောင်မလေးရဲ့ ခြေဖဝါးနုနု
အရောင်ပြောင်းသွားမှာ ငါမလိုချင်ဘူး။
ကောင်မလေး
အဆောင်ရှေ့မှာ ကေသာအလှနဲ့
လေညုင်းမခံပါနဲ့
ကောင်မလေးရဲ့ ယဉ်ကျေးမယ်ဆံနွယ်တစ်စု
လေပြေတွေကျီစယ်မှာ ငါမလိုချင်ဘူး။
ကောင်မလေး
ကော်ဖီဆိုင်မှာ အင်္ကျီနက်နက်နဲ့
မခို့တရို့ မထိုင်ပါနဲ့
ကောင်မလေးရဲ့ လှပတဲ့မနက်ခင်းကို
တံဆိပ်တပ်မယ့်မျက်ဝန်းတွေ ငါမလိုချင်ဘူး။
ကောင်မလေး
တောင်တန်းတွေကြီးတာ သဘာဝပါ
လေပြေတွေထန်တာ သဘာဝပါ
ညီမျှခြင်းတွေညီပြီး အဖြေမထွက်တာ
တစ်ဖက်သတ် အချစ်မို့ပါ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment