လောကကြီးက မတရားဘူး လို့ ပြောကြတယ်
လောကကြီးက လောကကြီးပါ
တရားခြင်း မတရားခြင်း သူမလုပ်ပါ
တရားခြင်း မတရားခြင်း ကို လောကထဲမှာ
မှီတင်းနေထိုင်ကြကုန်သော လူသားများက ပြုလုပ်ကြပါတယ်
လူသားများသည် အမှန်တရားကို ချစ်ကြသည်။
သို့သော် သူတို့ဘဝ အမှန်တရား များကို ဖုံးကွယ်ဖို့
တစ်နည်းတစ်ဖုံ ကြိုးစားကြသည်။
မုသားကို မကြိုက်ပါ လိမ်ပြောခြင်းကို မုန်းကြပါသည်။
သို့သော် တည့်တည့်ပြောသော် လက်မခံကြပါ
မုသားမုန်းသည်ဟုဆိုသော်လဲ အတိုင်းအတာတစ်ခု
ထိ သုံးစွဲနေလျှက်ရှိပါသည်..........
လောကအတွင်းရှိကြသော လူသားအကုန်လုံးသည်
မတရားသည်
လူသားအကုန်လုံးသည် တရားသည်
ဟူ၍ မရှိပါ
တရားချင်သူသည် တရား၍ မတရားချင်သူသည် မတရားပါ
တရားခြင်း မတရားခြင်းသည် ဖြူခြင်းမဲခြင်း ရှည်ခြင်းပုခြင်း
ဝခြင်း ပိန်ခြင်း ဘာသာရှိခြင်း ဘာသာမဲ့ခြင်း လူမျိုးတူခြင်း
လူမျိုးမတူခြင်း အလျှင် းမသက်ဆိုင်ပါ။
လောကကြီးသည် လောကကြီးသာဖြစ်သည်။
စိန်လှိုင်(သာဝတ္ထိ)
Comments
Post a Comment