ပြည်တော်ဝင်ပေါက်ရယ် သွယ်တန်းကာမို့
ဝဲဘက်ဝဲယာယူကလစ်ပင်တန်းရယ်က
ပျိုတော်တွေ ယိမ်းကသည့်နှယ်
လွှမ်းထက်ကာမိုး
ထုထည်ကြီးမား ဥဿဘုရားတွေမှ
တချွင်ချွင်တရား ဓမ္မဆွဲလွဲသံတွေက
အေးချမ်းခြင်းနိမိတ်ကိုဆောင်
လောကသားကောင်တွေ ချေချွတ်သည့်နှယ်
လမ်းတစ်လျှောက် ကျွဲခလောက်သံရယ်အစ
ပျိုဦးရောင်နီ တက်ဆဲနေခြည်ရယ်က
တောတက်မယ် ရွယ်ပျိုဖြူတစ်သိုက်ကိုလှ
စွဲမက်ဖွယ်ဓလေ့တမ်းကိုပ လှမ်းခဲ့ပါစို့လေး
“နှောင်ဝေဝေ…………..”
“ဆွမ်းတော်ဗျို့……………………”
ရွာဦးကျောင်းမှ သံဃာတော်များ
စီတန်းကာ ကြွချီလာ
တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူရေစက်မကွာဆက်၍
လှူဖွယ် လှူဒါန်း ဒါနအစွမ်း ကုသိုလ်တွေက
အတူမှန်းရန် နိဗ္ဗာန်လမ်းကိုပါ့
လှမ်းကြပါစို့ မြန်းကြပါစို့လေး…………
ပိုးပေါက်(ရွှွေထိေြမ်)
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment