ကျွန်တော်ရဲ့ အသက် expire date ကျွန်တော်မသိ။
မုန့်တစ်ခု ဝယ်လျှင် expire ကို ကြည့်ကြသည်။
လူတစ်ယောက်သည် ရော expire ဘယ်လောက်ပါလိမ့်။
မျှော်လင့်ချက်ဟူသည် ရင်ခုန်ဖို့ကောင်းသည်။
စောင့်ဆိုင်းနေရချိန်သည် ရှည်ကြာလွန်းသည်။
ကျွန်တော်ဖို့ မိတ်ဆွေသည်
တန်ဖိုးကြီး ရတနာ တစ်ပါးပင်။
ဆုံးဖြတ်ချက်သည် လက်ထဲက လွှတ်လိုက်တဲ့
နယ်ရုပ်တစ်ကောင်လို ပြန်မခုန်နိုင်သေးခင်
ဘာမဆို။
ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေ
ကျွန်တော်တို့ ကုန်ဆုံသွားတဲ့အချိန်တွေကို
မေ့ပစ်လိုက်ကြတယ်။
တစ်လှမ်း နဲ့ တစ်လှမ်းကြားမှာ
သတိကြီးစွာဖြင့် ပန်းတိုင်မှာ ဆုံကြရအောင်ပါ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ဇူလိုင် ၁၇ ရက်။
Comments
Post a Comment