ဟန်ဆောင်ပန်ဆောင် မလုပ်တတ်တော့
ဒုတ်ခနဲ့ ကျ အင်းလောက
ခင်ပြန်တော့ အရိုအသေတန်
တည်ပြန်တော့ မာနခဲ
အေးအေးနေတော့ ကမြင်းကြောထ
အလိုက်အသင့်ကနေတော့ အသက်မပါ
လူ့ဘဝ ကိုယ့်နေသမျှ
ဝေဖန်တုံးတိုက် အရှုံးခိုက်ပါများတော့
ဒီမောင်လည်း အသည်းနာ
ရှုမဝဒီချစ်သည်းလည်း အပစ်နာတော့
သြော် မျှော်လင့်ရင်း……ဝေး…………ကွာ.
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment