း
ချိုသာတဲ့ အသံကလေးနဲ့
သာလိကာမလေး နှုတ်ခမ်းစကား
လူတိုင်းရင်ကို လှုပ်ရမ်းစေတယ်
လှပတဲ့ အရောင်အဆင်းက
နတ်မိမယ် ကိုယ်ပွားအလား
နှလုံးသားကို ကွန်းခိုစေတယ်
လေဟုန်မှာ ဝဲပျံရင်
အစုန်အဆန် အတက်အဆင်း
ခုနှစ်ထွေကကျိုးကွက် ထက်သာတယ်
အားလုံးကို ချီးကျူးတယ်
အားလုံးကို ဂုဏ်ယူတယ်
အားလုံးကိုအထင်ကြီးတယ်
အိုအေစစ် ဘိမ္မာန်ကို
နှုတ်ခမ်းပါး ကိုယ်ပွား ကကျိုး
အသံတိတ် ကားလိပ်ချအောင်ကြိုးဆွဲခဲ့တယ်
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment