Skip to main content

စကားလုံးတွေ နဲ့ မြှင့်တဲ့ပညာရေး



အဆင့်မြင့်ပညာရေး စီမံကိန်း
ကျောင်းတက်နှစ်တွေ ထပ်တိုးလာ
နှစ်တိုးလို့တတ်လာမယ်ထင်သလား
တိုးလိုက်ဒီထက်တိုးလိုက်
အဲလိုဆိုဆယ်နှစ်လည်းတက်မယ်
အစမ်းသပ်ခံတော့မလုပ်နဲ့
ခင်ဗျားတို့မှားတော့ ဆောရီး
ကျုပ်တို့ဘဝတွေမှာတော့ခါးသီးလို့
ခေါင်းစဉ်တွေ့ပဲပြောင်းသွားတယ်
အကြောင်းအရာတွေကတော့အရင်အတိုင်းပဲ
သွားကြည့်လိုက် lab ခန်းတွေ
သော့တန်းလန်းနဲ့ အခုထိအချုပ်ကျနေတုန်း
ကွန်ပျူတာဆို ဟီရိုရှီးမားထက်ဆိုးသေး
ပေါက်ကွဲပစ္စည်းအတိုင်း မတို့ရမထိရ
နှစ်တွေဘယ်လောက်ညောင်းခဲ့ပြီထင်လဲ
သင်ရိုးညွန်းတမ်း တွေအတွက်
စာအုပ်ဖိုးတွေ သွင်းလိုက်ရတာ
နှစ်ကုန်လို့တောင်မဲနှိုက်လို့မဆုံးဘူး
အဲလိုအဆင်မပြေမှုတွေ နှစ်ဘယ်လောက်
စံတေးခံကျောင်းသားတွေ ဖြတ်သန်းခဲ့ပြီလဲ
နှစ်ဦးစကတည်းက အားကစားကြေးသွင်းခဲ့သေး
ကျုပ်တို့ကစားတော့ကိုယ့်ငွေနဲ့ကိုယ်
မသိလို့ပါ ကျုပ်တို့မကစားတဲ့နှစ်တွေ
ဘယ်သူတွေကဝါးကြစားကြသလဲ
နှစ်တွေနှစ်တွေမနည်းမနောပါ
အကြောင်းအရာတစ်ခုအတွက်ဆို
ဘယ်တော့မှကြိုတင်အကြောင်းမကြားဘူး
မှောက်လိုကမှောက်လှန်လိုကလှန်
ဒင်းတို့အကြံဒါအကုန်ပဲလား
ပို့ပစ်လိုက်တာကျောင်းတွေကျောင်းတွေ
မြို့စွန်မြို့ဝေးကိုယ့်ထူမ ှထရမယ့်ဘဝတွေ
ကျောင်းစာကြည့်တိုက်တွေမရှိဘူး
ကျောင်းသားတွေယာဉ်ထားဖို့မရှိဘူး
အားကစားအတွက် ဘာမှမရှိဘူး
စိတ်ဝင်စားစရာ လက်တွေ့မရှိဘူး
ဒါတွေ………..ဒါတွေက အဆင့်မြင့်တွေလား
ကျွန်တော့်အထင်ကတော့
စကားလုံးတွေ အမြင့်ကြီးနဲ့စီထားတဲ့ပညာရေးဟာ
အဆင့်မြင့်ပညာရေးလို့ ဆိုသလားဗျာ…………..

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...