ပျို့ဦးရောင်နီ မဆွေ့ခင်
ရာသီခွင်မှိုင်း အုံ့အုံ့ဆိုင်းတယ်
လွမ်းတယ် မိအညာရယ်
ညည်းရင်ခွင် မရောက်ခင်
တမာရနံ့ကိုယ်သင်းအနံ့က
နှာခေါင်းဝမှာ ထုံမွန်းစေတယ်
ကြည့်စမ်းပါဦး
ညည်းအမျိုးတွေ ထွားလိုက်ကြတာ
စိမ်းစိမ်းစိုစို ဖားဖားလျားလျား
အပျိုကြီးမတွေ အလား
တစ်ချိန်က တမာပင်တွေအောက်
နှစ်ယောက်တူတူ လက်ချင်းယှက်
ခုတော့ တစ်ယောက်ထဲပြန်လာလို့
ယဉ်စစနဲ့များ စနေတာလား မိအညာရယ်
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
အချိန်တွေဘယ်လောက်ညောင်းခဲ့ညောင်းခဲ့
တမာရနံ့ကိုမမေ့ခဲ့ပါဘူး မိအညာ
အကြောင်းအမျိုးမျိုးကြောင့်
နှစ်စဉ်အခါ မပြန်နိုင်ခဲ့ပေမယ့်
တို့တစ်တွေရင်ထဲမှာ
ထာဝရ ကိန်းအောင်းနေမြဲပါ
မုံရွာမြေမှ မိအညာ
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၁၁.၇.၂၀၁၅ (နံနက် ၆:၀၀ နာရီ)
Comments
Post a Comment