ထိမ်သဖန်းငယ်နှင့် လိမ်သန်းငဲ့ဖလံ၊
တယ်ပေါက်ကယ်သန်သည် နယ်မြောက်ဌာန် ငါတို့တောဆီက၊
လေရောရာ မိုးတွေဆင်လျှင် မရွှင်လွမ်းလိုက်လှနော်အဝေး။
စိမ်းမင်ကြောင်ငယ် ပေါင်တစ်ဖက်ထိုး၊
ကွက်ပုဆိုးနှင့် ရက်ပိုးမပါ၊
ပေါင်းပုဝါလည်း ခေါင်းမှာပေညစ်၊
ဗလပွေရစ်လို့ ထွေသစ်ကယ်မဆို၊
ကျည်းပင်လျှိုမှာ နှစ်ကိုယ်ယှဉ်တွေ့၊
မြင်သနေ့ရယ်က ကြင်ငွေ့ငယ်ဆုံသူ၊
အကျွန့်လူလည်း ရွှံ့ထူမြေတာ၊
ဟိုတစ်ရွာက ပေါ်မလာလို့၊
မျှော်ကာသာငိုမိတယ်။
နေညိုစချိန်ဆီကို တိမ်အနီ ပြာ အကွက်ကယ်က
ညှာဘယ်ကိုသူမပေးလို့ ဆွေးလှတယ်လေး။
သာဝတ္ထိ ဦးကြီး(လွမ်းချင်း)
Comments
Post a Comment