ပြေးသာ ပြေးခဲ့တယ်
ခရီး မတွင်ခဲ့ဘူးကွယ်။
ရောက်သာ ရောက်ခဲ့တယ်
ခရီး မမှန်ခဲ့ဘူးကွယ်။
ပေါင်းသာ ပေါင်းခဲ့ရတယ်
သူငယ်ချင်း မမှန်ခဲ့ဘူးကွယ်။
ဘဝအမောတွေ နားခိုဖို့
ပြန်စရာ အိမ် မရှိခဲ့ဘူးကွယ်။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)။
၂၀၁၈ စက်တင်ဘာလ ၉။
Article , Poem and Short Novel will upload .
Comments
Post a Comment