ကျွန်တော်တို့
မွေးနေ့ကို မှတ်သားကြသည်။
ကျင်းပကြသည်။
သေနေ့ကိုကား မသိရသေး။
မွေးချိန်ကို သိရသည်။
အသက်ရွယ် အချိန်အခါကိုသိကြသည်။
သေချိန်ကိုကား မသိရသေး။
မွေးရပ်မြေမှာ
အဖေ အမေကို ဦးထိပ်ပန်ဆင်လျှက်
သေရပ်မြေမှာ
အိုအဘယ်သို့သော အချင်းအရာဖြင့်
ပျိုမျစ်ခြင်းမှာ တင့်တယ်ပေမယ့်
အိုမင်းခြင်းမှာ မလွန်နိုင်သေး။
ခေတ်မီတိုးတက်ခြင်းဟာ
ဘဝအတွက် ကူထောက်ပေမယ့်
သေဆုံးခြင်းမှာ မီးမမွှေးနိုင်သေး။
သေနေ့၊သေချိန်၊သေမြေ ထိုထွေထွေ
လိုအင်တွေ ဆန္ဒတွေ ဘယတွေ ပေါများချိန်
နောက်ဆံမတင်း သေမင်းခေါ်ရာ။
အဘယ်နေရာ မရွေး ကင်းလွတ်ဝေးသို့
ကြည်ကြည်သာသာ လိုက်ခဲ့ကြပါ။
သေမင်းလက်တွင်းတို့သာ......
ပိုးပေါက်(သာဝတ္ထိ)
ဧပြီလ ၈ ရက် ၂၀၁၇။
Comments
Post a Comment