Skip to main content

ဘယ်တော့မှ………တို့တစ်တွေဆုံဖြစ်ကြတော့မှာမဟုတ်ပါဘူးးး


မျှော်လင့်ချက်များစွာ
ယုံကြည်ချက်မြင့်မားစွာ
ဘဝရဲ့တစ်ထောင့်တစ်နေရာမှာ
ခိုနားအိပ်စက်ဖို့
ဘယ်မလဲ အပြာရောင် နှုးညံ့မှုတွေ
အဆုံးအစမရှိ ညစ်ထေးနေတဲ့အတ္တတွေ
တစ်စပြီးတစ်စ ရှောင်လို့မရတဲ့ညတွေမှာ
ပြန်ပြီး မှိန်းမော ရစ်မူးခဲ့ကြတယ်
တစ်ချိန်ကဆို စံပယ်လည်းဖြူစင်ခဲ့သလို
ရောင်နီဦးလည်း ဝင်းပခဲ့တယ်
ခဏခဏထတောက်တတ်တဲ့မီးတစ်စကြောင့်
စိတ်တွေလည်း မီးခိုးရောင်ပြောင်းကုန်ကြပြီ
မလာနဲ့ မလာပါနဲ့ သူငယ်ချင်း
ဟန်လုပ်ပြီး အရောင်တွေတင်နေကြတယ်
ပန်းတိုင် ရေးခြယ်မှုမှာ အပူတွေပါနေမယ်
အရောင်မှိုင်းမှိုင်းတွေပါနေတယ်
တကယ့်အစစ်အမှန်က ဘယ်မှာခိုနားနေတာလဲ
ခေါ်လိုက်ပါ လာခဲ့ပါဦး လာခဲ့ပါဦး
မိတ်ဆွေတွေဖြစ်ခွင့် တစ်ညလောက်တော့ကုန်ဆုံးပါရစေ
အရောင်တွေတော့ ခဏလောက်ထားခဲ့ပေးပါ
မင်းနဲ့တို့နဲ့က တကယ့်သူငယ်ချင်းမိတ်ဆွေတွေပါ
ခဏလောက်ပြန်ကြည့်ပေးပါ တို့ါ့ကိုမှတ်မိသေးလား
ဟင့်အင်း မင်းမယုံကြည်ရင် မလာခဲ့ပါနဲ့
အရောင်ရှိမှအရောဝင်မယ်ဆိုရင်တော့............
တို့တစ်တွေက အရောင်မရှိတဲ့မြို့မှာခိုနားနေတယ်
ဆယ်စုနှစ်အတွင်း သမိုင်းတွေရေးထိုးခဲ့ကြတယ်
ကလေးဘဝတုန်းက မင်းဟာတို့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ
စကားလုံးတွေပဲကျန်ခဲ့တော့မှာလား
ယုံကြည်မှုတွေ အောင်မြင်မှုတွေ အတူတကွစိုက်ထူဖို့
ပြန်မလာမြစ်ဖြစ်သွားခဲ့တ ဲ့အရောင် ပြောင်းမှုမှာ
တို့တစ်တွေ ဆုံဖြစ်ကြတော့မှာမဟုတ်ပါဘူး
ဘယ်တော့မှ........ဘယ်တော့မှ............

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၆-၁၁-၂၀၁၅(ကြာသပတေးနေ့)
၁၅ ကြိမ်မြောက် အာစရိယပူဇော်ပွဲ အမှတ်တရ 

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...