(၂၀၁၈ အတွက် ကဗျာစဉ်(၁))
လူတစ်ယောက် သူလုပ်တဲ့ အလုပ်အပေါ်
သစ္စာရှိတယ်။ သူ အလုပ်သမားကောင်း
လူတစ်ယောက် သူနေတဲ့ မွေးရပ်မြေကို သစ္စာရှိတယ်။
သူ ဒီမြေ ဒီရေ အတွက် ဝမ်းသာစရာ။
company နဲ့ မွေးရပ်မြေ နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့
အခါက လူတစ်ယောက်သည် ဘယ်ပေတံကို သုံးမှာလဲ။
ကြည့်တဲ့ သူတွေ အားပေးတဲ့ သူတွေသည်
ဘယ် ပေတံ ဖြင့် တိုင်းတာမည်နည်း။
အတွင်းမီးကို အပြင်ထုတ်ခွင့်မရှိသလို
အပြင် မီးကို အိမ်အတွင်း မသွင်းရ လို့
ရှေးလူကြီးများ ပြောစမတ်တွင် ဆုံးမကြတယ်။
တစ်ဖက်မှာလည်း မုသားဆို ရယ်ဖွယ် မသုံ းနှင့် ချစ်သား
တကယ်ရော လူသားတွေ ရှောင် နိုင်ခဲ့သလား?
မှန်သော်ငြားလည်း နားမခံနိုင် အကျိုးမရှိတာကို
မပြောဖို့လည်း တစ်ဖက်က ရှိလာပြန်?
အမှန်တရား ကို ဘယ်အတိုင်းတာ ထိ မှန်စေချင်တာလဲ
တစ်ဝက် အမှန်တရား လောက် နဲ့ ရပ်တန့်နေမလား
Right Information အတွက် တောင်းဆိုကြတယ်။
Ethic ရှိတဲ့ Information အတွက် ရော
ပူးတွဲ မကြေငြာသင့်ပေဘူးလား ?
အမေ ကိုးလလွယ် ဆယ်လဖွားအသက်နှင့် ရင်းခဲ့တယ်လေ။
ဖဝါးလက်နှလုံး ပုခုံး လက်နှစ်သစ် အရွယ်ကစ ပြုစုပျိုးထောင်ခဲ့တယ်။
ဘဝမှာ ပထမဆုံး ရင်းနှီး ချစ်ခင် တွယ်တာ ခဲ့ရတဲ့ အမျိုးသမီး။
အရွယ်ရောက် လူလားမြောက်လို့ သီးချိန်တန် သီး ပွင့်ချိန်တန် ပွင့်ခဲ့တယ်။
ရင်ခုန် မိန်းမော ပျိုမြစ် တင့်တယ်လှသော အမျိုးသမီး။
အိမ်ထောင်သည် ယောက်ျား ။
သတင်း တစ်ခု အတွက် အကြောင်းအရာတစ်ခု အတွက် ရင်ဆိုင်လာရချိန်
မိမိသည် ဘယ်ရှုထောင့် က ရပ်တည်မလဲ။
မိမိသည် ဘယ်သူ့ ကို အလုပ်အကျွေးပြုမှာလဲ။
အလုပ်သမားကောင်းလို့ ကြေငြာချိန် မှာ တစ်ဖက်မှာ မွေးရပ်မြေကို ရင်ဝကန်သလို
ရဲရဲတောက်သူရဲကောင်းကြီး ဖြစ်လို့ အမေ ရင်ထု မနာ ဖြစ်တဲ့ မိခင်တစ်ယောက် ငိုကြွေးနေသလို
ကိုယ်စားပြုကောင်းတစ်ယောက်ဖြစ်နိုင်သလို ဘယ်သူ့ကိုအဆုံးအစ မရှိသစ္စာခံ မလဲဆိုတဲ့
အချက်ပေါ်မှာလည်း မူတည်နေလျှက်။
ပြန်မပြောတဲ့ ဖြစ်တဲ့ ကဗျာတစ်ပုဒ်ကို အလွတ်ကျက်လျှက်။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၄ ရက်။
Comments
Post a Comment