Skip to main content

ပြန်မပြောဖြစ်တဲ့ ကဗျာ


(၂၀၁၈ အတွက် ကဗျာစဉ်(၁))

လူတစ်ယောက် သူလုပ်တဲ့ အလုပ်အပေါ်
သစ္စာရှိတယ်။ သူ အလုပ်သမားကောင်း

လူတစ်ယောက် သူနေတဲ့ မွေးရပ်မြေကို သစ္စာရှိတယ်။
သူ ဒီမြေ ဒီရေ အတွက် ဝမ်းသာစရာ။

company နဲ့ မွေးရပ်မြေ နဲ့ ထိပ်တိုက်တွေ့ဆုံတဲ့
အခါက လူတစ်ယောက်သည် ဘယ်ပေတံကို သုံးမှာလဲ။ 
ကြည့်တဲ့ သူတွေ အားပေးတဲ့ သူတွေသည် 
ဘယ် ပေတံ ဖြင့် တိုင်းတာမည်နည်း။

အတွင်းမီးကို အပြင်ထုတ်ခွင့်မရှိသလို
အပြင် မီးကို အိမ်အတွင်း မသွင်းရ လို့ 
ရှေးလူကြီးများ ပြောစမတ်တွင် ဆုံးမကြတယ်။

တစ်ဖက်မှာလည်း မုသားဆို ရယ်ဖွယ် မသုံ းနှင့် ချစ်သား
တကယ်ရော လူသားတွေ ရှောင် နိုင်ခဲ့သလား?
မှန်သော်ငြားလည်း နားမခံနိုင် အကျိုးမရှိတာကို 
မပြောဖို့လည်း တစ်ဖက်က ရှိလာပြန်?
အမှန်တရား ကို ဘယ်အတိုင်းတာ ထိ မှန်စေချင်တာလဲ
တစ်ဝက် အမှန်တရား လောက် နဲ့ ရပ်တန့်နေမလား

Right Information အတွက် တောင်းဆိုကြတယ်။ 
Ethic ရှိတဲ့ Information အတွက် ရော 
ပူးတွဲ မကြေငြာသင့်ပေဘူးလား ?

အမေ ကိုးလလွယ် ဆယ်လဖွားအသက်နှင့် ရင်းခဲ့တယ်လေ။
ဖဝါးလက်နှလုံး ပုခုံး လက်နှစ်သစ် အရွယ်ကစ ပြုစုပျိုးထောင်ခဲ့တယ်။
ဘဝမှာ ပထမဆုံး ရင်းနှီး ချစ်ခင် တွယ်တာ ခဲ့ရတဲ့ အမျိုးသမီး။
အရွယ်ရောက် လူလားမြောက်လို့ သီးချိန်တန် သီး ပွင့်ချိန်တန် ပွင့်ခဲ့တယ်။
ရင်ခုန် မိန်းမော ပျိုမြစ် တင့်တယ်လှသော အမျိုးသမီး။ 
အိမ်ထောင်သည် ယောက်ျား ။ 
သတင်း တစ်ခု အတွက် အကြောင်းအရာတစ်ခု အတွက် ရင်ဆိုင်လာရချိန်
မိမိသည် ဘယ်ရှုထောင့် က ရပ်တည်မလဲ။ 
မိမိသည် ဘယ်သူ့ ကို အလုပ်အကျွေးပြုမှာလဲ။ 
အလုပ်သမားကောင်းလို့ ကြေငြာချိန် မှာ တစ်ဖက်မှာ မွေးရပ်မြေကို ရင်ဝကန်သလို
ရဲရဲတောက်သူရဲကောင်းကြီး ဖြစ်လို့ အမေ ရင်ထု မနာ ဖြစ်တဲ့ မိခင်တစ်ယောက် ငိုကြွေးနေသလို
ကိုယ်စားပြုကောင်းတစ်ယောက်ဖြစ်နိုင်သလို ဘယ်သူ့ကိုအဆုံးအစ မရှိသစ္စာခံ မလဲဆိုတဲ့
အချက်ပေါ်မှာလည်း မူတည်နေလျှက်။

ပြန်မပြောတဲ့ ဖြစ်တဲ့ ကဗျာတစ်ပုဒ်ကို အလွတ်ကျက်လျှက်။

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၄ ရက်။

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...