Skip to main content

ပိုကောင်း တဲ့ နေ့ရက်များ နှင့်လောက ခြေလှမ်းများ

In the villages, they want better cattle.

A cleaner motorcycle than when I was in university
The girls would like to ride motorcycles.
They want to ride.

If it's a knife, they want to use a better knife.

I want to play for a better team in the 21st century.
They consider a good team that keeps winning.

There is no shame in failing kindergarten exams
He is ashamed of his position.

My mother said that today my son laughed because my mother did not sell the market
My head started getting hot. Are you tired?

My Mom , son also don't know how to write "ဋ" in the classroom
you don't know that son sweating.
Yes, sympathy is on the lips.
Everyone has their own problems.

Failing the primary exam is not same than failing middle school.
 The cost of school is not big.
For parents who fail high school exams
Twenty hundred thousand, yes. Thirty hundred thousand, yes.
The university exam is too tough
I have friends who have not even set foot in the university.
The world class test is grade school
Better than university schools.
As if one wrong step could lead to level five
It can also reach the bottom.

Players want to go to a better team
Better teams and better players
They want.

Better mood, better clothes
Better vehicles, better apartments
Better friends, better phones
Better restaurants, better income
Better friends, better company
Better salaries and better countries
Better places
  Better and better
I spent many hours on better things.

Making time for better things
Listening to better things
The time is full
World exam.
  I don't give more time.
I didn't even get the last call from my mother.

Worm hole
University of Technology (Monywa)


ရွာတွေမှာဆိုရင် ပိုကောင်းတဲ့ နွားကို ခိုင်းချင်တယ်။

တက္ကသိုလ်တက်စဉ် က ဆို ပိုသန့်တဲ့ ဆိုင်ကယ် 
ကောင်မလေးတွေ ကြိုက်မယ် ဆိုင်ကယ် စီးခဲ့ကြတယ်။
စီးချင်ကြတယ်။

ဓားဆိုရင်လည်း ပိုကောင်းတဲ့ ဓားကိုလှီးချင် သုံးချင်ကြတယ်။

၂၁ ရာစုမှာ ပိုကောင်းတဲ့ အသင်းမှာ ပွဲထွက်ခွင့်ရချင်တယ်။
နိုင်ပွဲတွေ ဆက်နေတဲ့ အသင်းကောင်းလို့  ယူဆကြတယ်။

သူငယ်တန်း စာမေးပွဲ ကျတာ ရှက်စရာ မဟုတ်ဘူးတဲ့
သူ့အနေ အထား နဲ့ သူတော့ ရှက်တာပဲဗျာ။

အမေက ပြောတယ် ဒီနေ့ ငါ့သားရယ် အမေ ဈေးရောင်းမရောင်းလို့
ခေါင်းသာပူလာတယ်။  ရင်မော မပြေပါလားတဲ့

အမေရယ် သားလည်း စာသင်ခန်းထဲမှာ " ဋ " မရေးတတ်လို့
ချွေးတွေ ပြန်နေတာ အမေ မသိဘူးဗျာတဲ့။
ဟုတ်တယ် ကိုယ်ချင်းစာ တရားဟာ နှုတ်ဖျားမှာပဲ။
လူတိုင်းကတော့ ကိုယ့်ဒုက္ခဟာ အကြီးစားပဲ။ 

မူလတန်းစာမေးပွဲကျတာ ဟာ အလယ်တန်းလောက် 
ရှက်စရာ မကောင်းဘူး။ ကျောင်းစရိတ် မကြီးဘူး။
အထက်တန်း စာမေးပွဲကျရင် မိဘတွေ အတွက်
သိန်းနှစ်ဆယ်လည်း ဟုတ်တယ်။ သိန်းသုံးဆယ်လည်း ဟုတ်တယ်။
တက္ကသိုလ်စာမေးပွဲကျတော့ အလျော်အစားပြင်းလွန်းလို့
တက္ကသိုလ်ထဲတောင် ခြေမချဖြစ်တော့တဲ့ သူငယ်ချင်းတွေ ရှိတယ်။ 
လောက ကြိုးဝိုင်း စာမေးပွဲဟာ အတန်းကျောင်း 
တက္ကသိုလ် ကျောင်းတွေ ထက် အလျော်အစားပြင်းတယ်။
ခြေတစ်လှမ်းမှားရင်း အဆင့်ငါး ရောက်သွားနိုင်သလို
ဟိုး အောက်ဆုံးထိလည်း ရောက်သွားနိုင်တယ်။

ကစားသမားတွေက ပိုကောင်းတဲ့ အသင်းကို သွားချင်ကြသလို
ပိုကောင်းတဲ့ အသင်းတွေကလည်း ပိုကောင်းတဲ့ ကစားသမားကို
လိုချင်ကြတယ်။ 

ပိုကောင်းတဲ့ စိတ်ဓာတ် ပိုကောင်းတဲ့ ဝတ်စားဆင်ယင်မှုတွေ 
ပိုကောင်းတဲ့ ယာဉ်တွေ ပိုကောင်းတဲ့ တိုက်ခန်းတွေ 
ပိုကောင်းတဲ့ သူငယ်ချင်းတွေ  ပိုကောင်းတဲ့ ဖုန်းတွေ 
ပိုကောင်းတဲ့ စားသောက်ဆိုင်တွေ ပိုကောင်းတဲ့ ဝင်ငွေ
ပိုကောင်းတဲ့ သူငယ်ချင်းတွေ ပိုကောင်းတဲ့ company တွေ
ပိုကောင်းတဲ့ လစာတွေ ပိုကောင်းတဲ့ နိုင်ငံတွေ နဲ့ 
ပိုကောင်းတဲ့ နေရာဒေသတွေ 
 ပိုကောင်းတွေ ပိုကောင်းတွေ
ပိုကောင်းမှုတွေ အတွက် နာရီပေါင်းများစွာ ပေးခဲ့ရတယ်။

ပိုကောင်းတွေ အတွက် အချိန်ပေးရင်း 
ပိုကောင်းတဲ့ အရာတွေ နားဆင်ရင်း
အချိန်ပြည့်ပြီ တဲ့ 
လောက စာမေးပွဲပါ ။
 အချိန်ပို မပေးဘူး တဲ့ ။
အမေ့ ဆီ နောက်ဆုံး ဖုန်းဆက်ခွင့်လေးတောင် မရခဲ့ဘူး။

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်။

Comments

Popular posts from this blog

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး

နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။ သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင် လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက် တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ  သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို  အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။ ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက လူဦးရေနည်းတော...

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...