ရွှေဘိုမြောက်ခြမ်း မြေလတ်နားမှာ
ယာမြေလယ်လုပ် စိုက်ပျိုးထုတ်ခဲ့
ရွှေရောင်လွှမ်းတဲ့ ဝါရွှေစပါးနဲ့
နိုင်ငံဝင်ငွေ ရှာဖွေနေခဲ့
ပြောင်ပြောင်ဝင်းဝင်း ရွှေအဆင်းပြည့်
ကြည်ညိုဖွယ်ရာ စေတီသာနဲ့
ဂုဏ်တင့်ဂုဏ်ဆင့် ဂုဏ်မြင့်နေမြဲပါ
ကူးသန်းသွားလာ ဆက်သွယ်ရေးမှာ
ကွန်ကရစ်လမ်း ခြောက်ပေလမ်းနဲ့
ထောက်ကူပြု ကျေးရွာစုဖြင့်
ကူကာစုရုံး ပြုပြင်ဆဲပါ
ပညာတန်ဆောင် အလင်းရောင်က
ကွယ်မှိန်ဖျောက်တောက်
မူလွန်လောက်နဲ့ မတင့်တယ်
ရွာကျယ်ကျယ်မှာ ဖွက်ငယ်ကထ
သွင်ပန်းပြင်ဆင် ရုပ်ဆင်းအင်က
ပြောင်လက်လှပ ဝမ်းသာကြနဲ့
ဂုဏ်ယူကြပါ တို့ကျေးရွာဟဲ့
ပြောသာပြောနေ ခပ်တွေတွေကြီး
အတွင်းမှာပုတ် စုတ်နေတဲ့အရာ
ပညာသာလျှင် အဓိက
ပိန်းမနေကြနဲ့ တို့တစ်တွေ
တောင်းကြဆိုကြ ပညာရေးသာအဓိက……..
ပိုးပေါက်(ရွှေထိမြေ)
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment