အတိတ်မှာ
နုပျိုမှုတွေ ကျန်ခဲ့တယ်
မရင့်ကျက်မှုတွေ ချန်ခဲ့တယ်
ရုန်းကန်မှုတွေ ထမ်းခဲ့တယ်
မွေးဖွားခြင်းကို နားလည်သလို
သေဆုံးခြင်းကိုလည်း နှလုံးသွင်းခဲ့ကြတယ။်
ပစ္စုပ္ပန်မှာ
နားလည်မှု တွေထားကြမယ်
နွေးထွေးမှု တွေလက်ကမ်းကြမယ်
စည်းလုံးခြင်းတွေ ထပ်ဆင့်တိုးကြမယ်
ချစ်ခြင်းတရားကို နားလည်သလို
အမုန်းတရားကို ဖြေလျော့ကြမယ။်
အနာဂတ်မှာ
အိပ်မက်တွေ အကောင်အထည်ဖော်ကြမယ်
အောင်မြင်မှုတွေ ချိုမြိန်စွာ စားသုံးးကြမယ်
သံသယတွေ ထုတ်ရောင်းကြမယ်
လက်တွဲဖို့ဆုံးဖြတ်ထားသလို
လမ်းခွဲဖို့ဟာ မဆိုင်သလို နေကြစို့
ချစ်သူ မင်းလိုက်ရဲလားး
ကိုယ့်လက်ကို ရဲရဲတွဲထားး
သွားစို့လာ ကမ္ဘာမြေအဆုံးးး။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၅-၈-၂၀၁၆
Comments
Post a Comment