လယ်ကညို့ငယ်နှင့် မယ်တို့ရဲ့တောရွာ၊
ကောက်ငန်းငယ်သာ သင်းပြာပြာေ၀ ခတောက်ကယ်နှင့်၊
လေသောက်ရာထုံကြူ မစုံသူ ဖော်မလွမ်းသော်ကော့၊
ကန်စွန်းငယ်ရေဖောင်ဆင်လို့ ယဉ်လှတယ်လေး။
စစ်စလီငယ် ပြာပီရေကြက် မောက်တင်ငှက်တို့၊
လက်ကွက်တခို ရိုးကျလျှိုက၊
လူလိုဘဲကြင် လွမ်းစထွင်လို့၊
မရွှင်နေကုန် သည်တဝှမ်းမှာလ၊
အလွမ်းသာဆုံတော့ ဖော်မစုံတကိုယ်မှာ၊
ရွှေမိုးညိုပတ်ကာချုန်းပါလို့ ပြုံးမိတယ်လေး။
“မန်ကျည်းသီး”
ထန်းစေ့ခွက်ကယ်နှင့် လက်ဖက်ကိုထည့်ကာ၊
တောငယ်ကလာ အိတ်ထဲမှာဘာပါသတုံးလို့၊
နှိုက်ကာမေးတဲ့ အမိရယ်လေး။
ငယ်ငယ်တုန်းကလုံးထားကထစ်၊
ကျည်းချောင်ကျစ်ကယ်နှင့်
အဆစ်ကယ်ခွေခွေ မန်ကျည်းသီး၊
မောင်ကြီးချွေခဲ့တယ်
အိမ်နေသူအသာရုံ့လို့ မြုံ့တော့ကွယ်လေး။
သာဝတ္ထိ ဦးကြီး (လွမ်းချင်း)
Comments
Post a Comment