အမောင်ငယ်လုလင်ပျို
သင်၏ပျိုမြစ်တင့်တယ်ပုံကို
မာန်ဟုန်တက်ဝင့်ကြွားမနေပါနဲ့
သင့်မိခင် မေတ္တာတရားကြောင့်ပါ
လောကီပညာဘွဲ့မဟာနဲ့
ယှဉ်ရာနှိုင်းဖက်ကြင်ယာဖက်က
လှပရုပ်ဆင်းပြည့်စုံခြင်းဖြင့်
ငါ………ကောမရှိပါစေနဲ့
သင့်ဖခင်မေတ္တာတရားကြောင့်ပါ
အမောင်ငယ်လုလင်ပျို
သင်၏စီးပွားတိုးတက်ငြားအံ့
အောင်မြင်လူစော်မမောက်မော်နဲ့
သင့်မိဘထောက်ပံ့ခြင်းကြောင့်သာ
ပျိုမြစ်ခြင်း အိုမင်းခြင်း
ကြင်ယာရှိခြင်း ကြင်ယာမရှိခြင်း
စီးပွားရေးအောင်မြင်ခြင်း မအောင်မြင်ခြင်း
ဒီလိုချိန်
လောကကြီးရဲ့ နိယာမတရားကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းချိန်
သင်၏အတ္တမာနကြောင့်
ခြောက်ပေကျင်းလေးအရောင်မစွန်းပါစေနဲ့
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment