ဒီလိုလေဗျာ အမေရ
ကျောင်းတက်နေစဉ် ဘဝထင်
ဘဝင်လေဟပ် အမြင်တက်
တွက်ပါမှတ်ပါ CALCULATOR
ES လေးမှကိုင်သဗျာ
ယူနီဖောင်းလေးကော့ပြန်ရေး
ဒိုဘီဆိုင် ကိုအမြန်ပြေး
ကျောင်းတက်ရတာ မောလိုက်တာ
ထမင်းလေးတောင် ချက်မစားပါ
မိဘတွေကိုမညှာတာ တို့ကျောင်းသားဘဝပါ
ကျောင်းကိုမှန်မှန် မတက်ချင်
ကျူရှင်ကိုပဲ အားကိုးသင်
လစဉ်ဆီဖိုး နှစ်သောင်းတိုး
တိုးလိုက်တိုးလိုက် သိန်းထိလိုက်
အမေတို့ခမျှာ ငွေတိုးရှာ
သုံးစွဲရတာ မလောက်ပါ
လကုန်လကုန် ဖုန်းဆက်မှာ
မိဘတွေခမျှ ကြောက်နေတာ
ကျောင်းပြီးဖို့ရေး အမြန်တွေး
ငွေလေးရွှင်ရွှင် စိတ်ကူးယဉ်
ပြန်ကာပေးမယ် အမေရယ်
သားဟာ ဘီးအီးကျောင်းသားကွယ်
အလုပ်မရှားတာ သေချာတယ်
ဒီလိုလေးနဲ့ ပလီကာ
ငွေ့ပို့ပေးပါ အမေရာ
သား……….ကျောင်းကိုသွားတော့မှာ………..
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment