ဒီနွေ အပူချိန်ပြင်းတယ်
မမျှော်လင့်တဲ့ တံလျှပ်တွေ
လျှပ်စီးလက်တယ်
ဖိနပ်မပါလို့အပြစ်တင်မယ်
ရေဗူးမပါလို့ဘေးထုတ်ထားတယ်
ဟုတ်တယ်ဘဝတစ်ခုက
တံတွေးတစ်စက်ဟာမိုးပေါက်လို့မှတ်တယ်
မျက်လုံးတွေဖွင့်မထားဘူး
ရယ်မောလိုသူတွေအတွက်
လူရွှင်တော်လုပ်မယ်
အသိတရားကြီးမြင့်သူတွေအတွက်
နွေရာသီမှာမိုးများတယ်လို့အရှုးလုပ်ခံမယ်
အိပ်မက်တစ်စကကင်ဆာ
ရောဂါကြီးမှဘေးမတီးချင်ဘူး
မသတီစရာဖြစ်ချင်ဖြစ်မယ်
နတ်သံနှောတဲ့တေးသွားတစ်ကွက်အတွက်
အများဆိုလို့လိုက်မကနိုင်ဘူး
လက်မချိုးနိုင်ချင်နေပါတော့
ခေါင်းမော့ပြီးတံတွေးထွေးခံလိုက်မယ်
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment