နွားတော့ နွားပါ ။
ခြေလေးချောင်း နဲ့ မြက်စားတာပါ။
တောကသူတွေ နွား ကို ခေါ်တော့
ဖေ့သားကြီး ရုန်းလိုက်ပါလား
ဟာ့ သားမောင်ကြီး ကြိတ်ထား ရုန်းထား။
ခိုင်းတော့ ခိုင်းတာပဲ ဆွေးမျိုးစပ်သံတွေဖြင့်။
နွားတော့ နွားပါ။
ခြေနှစ်ချောင်းနဲ့ မြက်မစားဘူး။
မြို့ကသူတွေ နွားကို ဘယ်လို ခေါ်လဲ
ဘယ်လို သတ်မှတ်လဲ။
အဲလူ နွားကျ တာ။ လှည်းကျိုးထမ်းခိုင်းခံရတာ.
ပြောတော့ ပြောတာပဲ စေတနာပေါင်းစံဖြင့်။
နွားတော့ နွားပဲ .
မွေးတော့ ခြံပေါက်မို့ တစ်ဖုံ
ငယ်တုန်းဝယ်တော့ တစ်သွယ် ချစ်ကြတာပဲ.
တောသူ တောင်သားများဟာ နွားကို
မိတ်ဆွေတစ်ယောက်ကို အဆွေခင်ပွန်းလို
ဆက်ဆံကြတယ်။ ချစ်ခင်ကြတယ်။
သေဆုံးတော့ လူတစ်ယောက် နည်းနည်း
ဝမ်းနည်းကြတယ်.
ဟော့ အခုတော့ အိမ်က နွားဝါကြီး ခေါင်းချသွားတယ်.
အမေ သူ့ဆွေမျိုးတစ်ယောက် သေဆုံးသလို ဝမ်းနည်းတယ်.
အလေးထားပုံခြင်း မတူတော့ တန်ဖိုးရှိခြင်း မတူတော့ဘူး.
နွားတော့ နွားပဲ အမေ့တစ်အတွက်တော့ လက်ရုံးတစ်ခု ပြုတ်သလို
အမေ ပူဆွေးနေမှာပဲ အဖေ ပူဆွေးနေမှာပဲ။
အမေက နွားကို ပူချိန် အဖေက နွားကိုပူချိန်
ကျွန်တော်က အမေ့ကို ပူတယ် ကျွန်တော်က အဖေ့ ကိုပူတယ်
နွားတော့ နွားပဲ အားကိုးအားထိုက် ပြုသူတွေ
တန်ဖိုးရှိသူတွေ လူ့လောကထဲ က ထွက်တဲ့ အခါ
ပူဆွေးကြတယ်။ ဝမ်းနည်းကြတယ် .
တန်ဖိုးဟာ လူ့လောက ရဲ့ အလှတရား မှတ်တိုင်တစ်ခုပါ။
လက်ပြသည် ဖြစ်စေ လက်မပြသည် ဖြစ်စေ
ထာဝရ နှုတ်ဆက်ကြရမှာပါ.
နွားတော့ နွားပါ တန်ဖိုးခြင်း မတူ တဲ့ နွားပါ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်။
Comments
Post a Comment