နီးခြင်း ဝေးခြင်း
စိတ်ကျေနပ်ဖို့ မကောင်းတဲ့
ဆေးတံပျို သောက်ရသလို
ငါ ဖန်ရှရှ နေလေရဲ့။
အိပ်ခြင်း မအိပ်ခြင်းမှာ
နိုးတစ်ဝက် ထပျက်တဲ့
အိပ်မက်မှာ အရံကာ
ရေချိုး ခြေဆေးကြလေရဲ့။
ပြန်မယ် မပြန်ဘူး။
ခရီးဦး တစ်ထောက်
နေစောင်းချိန် မလွန်မီ
ငါ့ကို အနွေးဓာတ်ပြန်ပို့ပေးပါ။
လေပြေတွေ လာမယ်။
လေကြမ်းတွေ လာမယ်။
စိတ်တံခါးကို ပိတ်
နေဝင်မယ်။ အိပ်တန်းတက်မယ်။
မနက်ဖြန် အတွက် ခွန်းအားတွေ
ထပ်တိုးမယ်။
ပိုးပေါက်
၂၀၁၇ ဧပြီလ ၂၄ ရက်။
Comments
Post a Comment