Skip to main content

ဘယ်ဟာသည် အဓိက ကျလဲ ?

ရောက်နေတဲ့နေရာသည် အဓိက ကျလား ? ကျင့်တဲ့ တရားသည် အဓိက ကျလား ?မြန်မာနိုင်ငံလို့ ဆိုလိုက်သည် နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံဆိုတာ လူတိုင်းနီးပါး သိကြပါလိမ့်မည်။ နောက်ပြီး မြန်မာနိုင်ငံကို သိဖို့ အရင် ဆုံး ထိုင်းနိုင်ငံအနား လို့ သော်လည်းကောင်း တရုတ်အနီးလို့ သော်လည်းကောင်း အမိမြန်မာပြည်ကို သိဖို့ ထင်ထင်ရှားရှား တစ်ခုခု ပြပြီးမှ အဲဒါပြီး မှ မြန်မာဆိုတာ သိကြပါတယ် ၊ (တစ်နည်း) မြန်မာ ကို တိုက်ရိုက် မသိကြပါဘူး၊ ခုနောက်ပိုင်း မြန်မာနိုင်ငံကို ကမ္ဘာမှာ တော်တော် များများ သိလာမယ်လို့ ယူဆပါတယ်။မြန်မာ နှင့် အမေရိကန် ယှဉ်ကြည့်မယ်ဆိုရင် ဘယ်လို မှ မယှဉ်နိုင်တာ အားလုံးသိပါတယ်။ အမေရိကန် နိုင်ငံ ကို ပညာရေး အရ ဖြင့် လည်းကောင်း အခြား အလုပ်အကိုင်အခွင့်အလမ်း အရ သော်လည်းကောင်း နိုင်ငံသားဖြစ်ခွင့်အရ သော်လည်း မသွားချင်သူ မရှိသလောက် နီးနီး ပါ ။ ပျမ်းမျှအားဖြင့် တော်တော်များမယ် ယူဆပါတယ်။Covid-19 စဖြစ်တော့ မန်းလေးမှာ ပထမဆုံးတွေ့တဲ့ လူနာ ဟာ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားပါ ၊ တစ်နည်း သူသည် ကမ္ဘာမှာ စီးပွားရေးအရ အမြင့်ဆုံး ပညာရေး အရ အမြင့်ဆုံး လို့ ဆိုလို့ ရတဲ့ နိုင်ငံမှာ နေတယ် အဆင့်တန်း မြင့်တယ်လို့ အားလုံး အကြမ်းဖျဉ်း သတ်မှတ်ကြတယ်၊ သို့ပေမယ် ဒီရောဂါ ဖြစ်ရင် ငါသွားစစ်ဆေးခံ သင့်တယ်ဆိုတဲ့ စိတ် တစ်နည်း သွားရောက် အစစ်ဆေးခံလိုက်မယ်ဆိုတဲ့ အတွေးကို က အစကတည်းက ပါလာဟန်မတူပါဘူး (ဖြစ်ခဲ့ပြီးသားတွေကို ပြစ်မတင်လိုခြင်း မဟုတ်ပဲ နှိုင်းယှဉ်ပြီး သင်ခန်းစာ ယူရုံမျှသာ)သူ့ကို လိုက်ပို့တဲ့ သုံးဘီး ဆိုင်ကယ်သမား ဘွဲ့ရချင် ရမယ် ရချင်မှ ရမယ် မန်းလေးဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ သာမာန် ကယ်ရီဆွဲနေတဲ့ သူတစ်ယောက် ။ ကြားတာနဲ့ သိတာနဲ့ ချက်ချင်း လာပြီး အလိုလို အစစ်ဆေးခံတယ် ပူးပေါင်းတယ် ။တစ်ယောက်က အမေရိက မှာနေတဲ့ သူ တစ်ယောက် က မြန်မာနိုင်ငံမှာနေတဲ့ သူ နေတဲ့ နေရာြခင်း ယှဉ်လို့ မရသလို ဖြစ်လာတဲ့အခြေအနေပေါ်မှာ ဆုံးဖြတ်သွားပုံခြင်းလည်း မတူညီကြပါဘူး။ကျွန်တော်တို့ နိုင်ငံမှာ တစ်ခု ခု အခက်အခဲဖြစ်တိုင်း ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်က အမြဲတမ်း စေတနာ ထားဖြေရှင်းဖို့ အကြမ်းမဖက်ဖို့ အစသဖြင့် သူ့မြေးလောက်သာသာ ရှိသေးတဲ့ နိုင်ငံငယ်လေးကို လူကြီးလူကောင်းဆန်နေလိုက်တာ ။ (မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံသားတွေထက် ပိုမသိနိုင်ဘူးလို့ ယူဆပါတယ်)အခု သူတို့ မှာလည်း အထိရှ မခံနိုင်တဲ့ လူဖြူ လူမည်း ခွဲခြားရေးတွေ သမိုင်းတွင် မှတ်တမ်းတွေ အများကြီးပဲ ၊ ခုရော သူတို့ ဘယ်လို ဖြေရှင်းသလဲ ၊ ဘယ်အစိတ်အပိုင်းတွေမှာ ဘယ်လို ကိုင်တွင်သွားသဲဆိုတာ အင်တာနက် မှ တဆင့် သိကြမယ် ထင်ပါတယ်။နောက်ပြီး ဆန္ဒပြတဲ့ လူအုပ် အမှန်တကယ် ပြတဲ့ သူများ ရှိသလို ဒါကို အခွင့်ကောင်းယူပြီး အလှစ်သုတ်တဲ့ သူတွေ ရှိတယ် ၊ ကြီးကျယ် ခန်းနားတဲ့ အမေရိက ၊ အဆင့်တန်းမြင့်တဲ့ အမေရိက ၊ လူတိုင်းနီးပါး သွားချင်တဲ့ အမေရိက ၊ လူကောင်းတွေ ရှိသလို ဒီလို အခွင့်ရေး သမားတွေလည်း ရှိတယ် ၊ ဆိုတာ အကြမ်းဖျဉ်း သတ်မှတ်လို့ ရမယ် ထင်ပါတယ်။ထိုအချင်းအရာဖြင့် ပတ်သတ်ပြီး ငယ်စဉ်က ကြားဖူးတဲ့ အကြောင်းအရာလေးကို သွားသတိရမိပါတယ်။ မိုးကုတ်မြို့ လို့ ပြောလိုက်တာ နဲ့ တွင်းထွက်ပစ္စည်း သယံဇာတ ပေါများတယ်လို့ အားလုံးနီးပါ သိထားကြပါတယ်။ နယ်က လူတွေဆိုတော့ မိုးကုတ်က ဒီလောက် တွင်းထွက်ပစ္စည်း များတာ လူချမ်းသာကြီးပဲ ရှိလိမ့်မည်လို့ သူ့ စိတ်ထဲ တွေးထင်ထားဟန် တူပါသည်။ အကြောင်းတိုက်ဆိုင်လို့ မိုးကုတ်ရောက် တော့ မြို့အစွန်တွေများ သာမာန် မိသားစုတွေမြင်တော့ "ဟာ မိုးကုတ်လည်း ဆင်းရဲတဲ့သူ ရှိသားပဲဟာ့" ။ (ဟုတ်ကဲ့ အတွေးတိမ်လို့ တောသားလို့ ပြောချင် ပြောနိုင်ပါတယ် ။ ၁၉၉၃ - ၉၆ ပတ်ဝန်းကျင်ခန့်က အကြောင်းအရာ)>အဲဒါ နဲ့ ဆက်စပ် ပြီး "အမေရိကန်မှာလည်း သူခိုးတွေ ရှိတယ်ဟာ့" လို့ ဆိုချင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ သေးသေးလေးလေးထဲ မှာနေပေမယ့် အကျင့် စာရိတ္တအပိုင်း ခိုင်မာတဲ့ သူတွေ ကိုယ်ကျင့်တရားခိုင်မာတဲ့ သူတွေ စံပြထားရမဲ့ သူတွေ မြန်မာ အများကြီးပါ ၊မပြည့်ဝသူတွေလည်း ရှိကောင်း ရှိနေ နိုင်ပါတယ်။ မြန်မာ မှာ နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာနိုင်ငံကြီးမှာ မွေးဖွားခွင့်မရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပညာရေး အသီးသီး ကို ထိခွင့်မရခဲ့ပေမယ့် မြင့်မားတဲ့ အကျင့်စာရိတ္တ နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မူတွေ နဲ့ မြန်မာ ဟာ ကမ္ဘာမှာ တစ်နေရာမှာတော့ ကြီးကျယ်ခမ်းနား နေနိုင်ပါတယ် ။အခု လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာကို ကြည့်ပြီး ရောက်နေတဲ့ နေရာ က အဓိက မကျပါဘူး ကျင့်နေတဲ့ တရား က အဓိက ကျတယ်လို့ ဆိုလိုချင်ပါတယ် ။ တစ်ချိန်ချိန် မှာလည်း မြန်မာ ပါလို့ လက်မ ထောင်ချင်ပါသေးတယ်။ပိုးပေါက်နည်းပညာတက္ကသိုလ်

Comments

Popular posts from this blog

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး

နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။ သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင် လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက် တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ  သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို  အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။ ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက လူဦးရေနည်းတော...

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း

နံပါတ်(၁) မခံချင်စိတ်။ နံပါတ်(၂) ယုံကြည်စိတ်။ နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။  ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။  ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။ နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။  ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် ) နံပါတ်(၁-၂) ကျွန်တော...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...