သာလွန်းလှသယ် အစ်မမယ်တို့ရွာ၊
အကာမှာ ပင်ဝါးရိုးငယ်နှင့်၊အမိုးမှာထန်းရွက်တင်၊
ကြမ်းပြင်မှာအင်ပေါက်ခင်းပါလို့၊ကာဝင်းမှာတော့နွယ်ဘူးလိမ်၊
ဆယ်အိမ်ခေါင်းတဲ့ မအေလေး၊
သမီးငယ်ပျိုခင်၊ဥစ္စာများလို့၊ဝတ်စားငယ်ဆင်သယ်၊
အလိုမမြင်ဝံ့ပါလားနော်အဝေး။
အဘိုးတန်ရာ ဆင်သည်မှာလဲ၊
ခပ်ပြာညွှန့်ပေါင်း တွင်းနားတောင်းနှင့်၊ရောင်မောင်းရိုးခံ ။
ရွှေချည်ဝတ်မှာ လက်စွပ်တွေရံလိုက်လို့၊
ခေါက်ပြန်ကျောရင် ၊ကျောက်ပုတီးညီအောင်ဆင်လို့၊
အင်မတန့်အနေမှာ သူအမေဆယ်အိမ်မင်းပေမို့ တင်းလှတယ်လေး။
သာဝတ္ထိ ဦးကြီး (လွမ်းချင်း)
Comments
Post a Comment