လူသားထဲက လူသားတစ်ယောက်ပေမို့
သေခြင်းတရား ကို လွန်ဆန်၍ မရသောကြောင့်
ကျွန်တော် သေဆုံးခဲ့သော်။
မိဘများအတွက် အထူးတရားပွဲ
လုပ်မပေးနိုင်တဲ့အတွက်
ခွင့်လွှတ်ပေးပါကြောင်းပြောပေးပါ။
ကျွန်တော်သေဆုံးခဲ့သော်
သာဝတ္ထိရွာ ပညာရေးအတွက်
အထက်တန်းတွဲဖက်ကျောင်း
ရရှိအောင်မလုပ်ဆောင်နိုင်တဲ့တွက်
နောင်လာနောင်သားများ ခွင့်လွှတ်ပေးပါ။
ကျွန်တော်သေဆုံးသွားသော်။
လူငယ့်အားမာန်စာကြည့်တိုက်အတွက်
ကွန်ပျူတာခန်းမ ဖန်တီးမပေးနိုင်သည့်အတွက်
နောင်လာနောင်သားများ ခွင့်လွှတ်ပေးပါ။
ကျွန်တော်သေဆုံးသွားသော်။
မပြီးပြတ်သေးသော သံသရာစက်ဝန်းမှာ
တစ်စွန်းတစ်စ ငြိမိသော သံယောဇဉ်တို့သည်
လတ်လတ်ဆတ်ဆတ် အလွမ်းနာကျ
ဒုက္ခသည်အဖြစ် သတ်မှတ်လိုက်ပါ။
ကျွန်တော်သေဆုံးသွားသော်
မိတ်ဆွေ သူငယ်ချင်းများ ထံသို့
လွတ်ဆွတ်သတိရကြောင်း
အမြဲ ကျေးဇူးတင်နေကြောင်း
ထာဝရ နားခိုခြင်းမှာ ရှက်ရွံ့နေကြောင်း
ကဗ္ဗည်းထိုးပေးပါ။
ပိုးပေါက်(သာဝတ္ထိ)
ဧပြီလ ၈ ရက် ၂၀၁၇။
Comments
Post a Comment