ဝါးလုံးကြမ်းခင်းတဲ့ အိပ်ယာလေး
ဘယ်သူသိမှာလဲ။
ညပေါင်းများစွာ အိပ်စက်ခဲ့တယ်။
ခိုးလိုးခုလု အိပ်ယာလေးကို သတိရနေတုန်းးးး
တပတ်နွမ်း တွန့်ကြေနေတဲ့
တိုက်ပုံ အင်ကျီလေး ဟန်ပါပါဝတ်
မီးကြွေ မဖိ တဲ့ နေရာတိုင်းက
ပါးစပ်တိုင်းကို ဟစေ ကစေတယ်။
မပြည့်စုံတဲ့ မိသားစု ထမင်းဝိုင်း
ကြယ်စုံမှ ထမင်းစားရတာ ဘာဆန်းလဲ။
စောစော စားဖို့ မနိုင်တနိုင်ချက်တဲ့ ထမင်းအိုးလဲ
ကျကွဲပေါင်း ပျော့ပြဲ ပေါင်းများပြီ။
အရသာ သိန်းသောင်းမက ထွဋ်မြတ်တဲ့
လမ်းဘေး အကြော်နဲ့ လမ်းဘေး လက်သုပ်
ငယ်ချစ်ဦးလိုပဲ ရင်ထဲစွဲတုန်း။
အတိတ်ဟာ အတိတ်ပဲ
အတိတ်ဟာ ပြည်ဖုံးကားမချဘူး။
အတိတ်ကို ပြန်လည် မတူးစွပါဘူး။
အတိတ်ဟာ ကိုယ်လျှောက်ခဲ့လမ်း။
အတိတ်ကို ရဲရဲရင်ဆိုင်ဆန်းပါဘူး။
ဘာမဟုတ်တဲ့ အတ္တလောက်နဲ့။
လောကဝတ် လူကျင့်ဝတ်ကို
ပရမ်းပတာ ဆွဲမရမ်းဆန်းပါနဲ့။
#ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment