အမေ့ဝမ်းကကျွတ်
ပူခနဲဗိုက်ကဆာ
စီခနဲနှုတ်ကအော်
အော် လူဘဝအစပါတကားး
ငယ်ဂုဏ်လေးနဲ့
တက်လူတက်လူ
ပညာတွေသင်သင်
အသိတွေ ဆင်ဆင်
အော် လိုအင်ပြည့်တယ် မရှိပါတကားး
ဝမ်းစာ ရှာကြတယ်
ဉာဏ်စာရှာကြတယ်
သံသရာစာတော့ အကြွေးမှတ်ကြတယ်
သေမယ့်နေ့ဟာ လက်တစ်ကမ်းမှာဆိုတာ
မသိတဲ့ လူတွေပါလား
အော် မိုက်မဲမှု မဆုံးပ့ါတကားး
ဝမ်းမီးကနာနာ
အစာအိမ်က မသာမသာ
သေမင်းကလာလာ
အော် ငမိုက်သားနေဝင်ချိန်ပါတကား။
ပိုးပေါက်
နည်းပညာတက္ကသိုလ် မုံရွာ
၄- ၈ -၂၀၁၆
ကြာသပတေးနေ့
Comments
Post a Comment