Skip to main content

ကျွန်တော်တွေ့သော ပီတိပြုံး နဲ့ အရှက်ဆုံး


နေရောင်ခြည်နွေးနွေးလေးက အာ့ရုဏ်ဦးမနက်ခင်းကို ခိုတွဲနေပြီ။
သူတို့လေးနဲ့အတူ ရွေ့ပြောင်းသွားသော လူအုပ်စုများက ကျွန်တော်မြင်ကွင်းမှာ ရှုမငြီးအောင်
လှပနေတယ်။ ကျောင်းဖယ်ရီကားတွေက ကျောင်းသားကျောင်းသူတွေကို ချသွားလိုက်
တရွေ့ရွေ့ပျောက်သွားလိုက်ပေါ့။ ကျွန်တော်တို့ကျောင်းကကျောင်းသားကျောင်းသူ တွေဟာ
အပေါ်ကအဖြူရောင်လွင်လွင်လေး၊အောက်ပိုင်းကနက်ပြာရောင်ရင့်ရင့်နဲ့ဟာ လိုက်ဖက်စွာ
အတွဲညီလှပါပေတယ်။ ကျွန်တော်ကတော့အေးအေးဆေးဆေးပဲ ကော်ဖီကို အရသာခံ 
သောက်နေပါတယ် ။ ဆေးပေါ့လိပ်ကလေး လက်ကြားညှပ်ကာ ကျောင်းသားဘဝကို 
အပြည့်အဝခံစားလျက်….။ကျွန်တော်တို့အဖွဲ့ ကနည်းပညာတက္ကသိုလ်ကျောင်းရှေ့ က
ကဖေးဆိုင် မှာဆုံနေကြ၊လေပေါနေကြပေါ့။ ဒီနေ့ သူငယ်ချင်းတွေက အတန်းစော
သွားကြတော့ ကျွန်တော်တစ်ယောက်တည်း ကြောင်ကြောင်တောင်တောင် နဲ့ ကျန်နေခဲ့တယ်၊၊ ဆိုင်ထဲမှာ ကျောင်းသားကျောင်းသူတွေ လည်းသိပ်မကျန်တော့တဲ့အချိန်
ဆိုင်ကယ်တစ်စီးနဲ့ကျောင်းသားကြီး တစ်ယောက်ဆိုင်ထဲကို ဝင်လာခဲ့တယ်။ ကျွန်တော်လည်း
သူက ပျာပျာနဲ့ဝင်လာတာ ဆိုတော့ နည်းနည်းလေး သတိထားကြည့်မိလိုက်တယ်။
ကျွန်တော်နဲ့ ခင်တော့ မခင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကျောင်းက အကြီးတန်းတွေက
လူဦးရေနည်းတော့ မြင်တော့မြင်ဘူးတာပေါ့။ သူကစားပွဲတစ်ခု မှာဝင်ထိုင်လိုက်တယ်။
နောက်တော့ ကိုမောင်ကြီး စမူဆာတစ်ပွဲ ချဗျာလို့ မှာလိုက်တယ်။တကယ်ပဲ ရင်းရင်းနှီးနှီး
ပဲဗျာ စားပွဲထိုးခေါ် ဟာသတွေတောင် လုပ်နေတယ်။ နောက် ဆတ်ခနဲ ကိုခင်ကြီး မစားတော့
ဘူးဗျာ ပါဆယ်သာထည့်လိုက်ဆိုပြီး အိတ်နဲ့ထည့်ခိုင်းလိုက်တယ်။ ကျွန်တော်က ဒီလူ 
ဘယ်လိုလူလဲ အပြောင်းအလည်းတော်တော်မြန်လှချေလား စားချိန်များမရလို့လားပေါ့။
နာရီ ကြည့်လိုက်တော့ အခုမှ (၇:၄၅) ပဲရှိပါသေးတယ်။ စားမယ်ဆိုစားချိန်ရတယ်ပေါ့။
နောက်သူက အိတ်ကလေး ဆွဲပြီး ဆိုင်အနောက်နား က တံတားလေးပေါ်ကို သွားနေတယ်။
ဘာများလုပ်မလို့ပါလိမ့်။ ကျွန်တော်ပို စိတ်ဝင်စားသွားတယ် ။ တံတားပေါ်မှာ ကလေးလေး
နှစ်ယောက်ရှိနေတယ် ။ ကျွန်တော် ထိုင်ကတည်း ကရှိနေခဲ့တာပါ။ အဲဒီတည်း က 
အကြီးလေးက (၆)နှစ်လောက်ရှိတယ်။ ကလေးမလေး ဝတ်ထားတဲ့အကျီ ၤကလည်း
ဟိုနားတစ်စုတ် ဒီနားတစ်စုတ် နဲ့ အတော် ကိုဟောင်းနွမ်းလွန်းလှပါတယ်။ သူရင်ခွင်ထဲက
အရွယ် မရောက်သေးတဲ့ ကလေးငယ် ကိုအငိုတိတ်အောင် ချော့မြူနေရှာတယ်။
အငယ်လေးက အဝတ်တောင်မပါရှာပါဘူး။ သူတို့ဘ၀ က လူတစ်ကာဆီ မှာ မရှက်မကြောက်
ပဲ လက်ဖြန့်နေရတဲ့ သနားစရာဘဝလေးတွေပါ။ အင်းခုအစ်ကိုူ က အဲကလေးတွေနဲ့စကားတွေ
တတွတ်တွတ်ပြောပြီး အကြီးမလေးရဲ့ဦးခေါင်းက ဆံနွယ်ကိုသတ်ချပြီး ပြုံးပြနေတယ်။
အကြီးမလေးကလည်း အဲဒီအစ်ကို ကို ပြန်ပြုံးပြနေတယ် ။ အငယ်လေးကို မုန့်တစ်ခု 
ထုတ်ပေးလိုက်တယ်။ ကလေးက မုန့်ရတော့ အငိုတိတ်သွားပါတယ်။ ကျန်တဲ့မုန့်ထုတ်ကို
အကြီးမလေးပေးပြီးတော့ ဆိုင်ထဲကိုပြန်ဝင်လာတယ်။ ပြီးတော့ ဆိုင်ကိုငွေရှင်း ပြီး ပြုံးပြုံး
ပြုံးပြုံးနဲ့ ဆိုင်ကယ်ပြန် ထွက်သွားတယ်။ နောက်တော့ ကျောင်းထဲ ကိုဝင်သွားပါတော့တယ်။
ဒီအစ်ကို မနက်စာလည်းစားမသွားဘူး။ ဘာများစားပြီး အတန်းတက်မှာပါလိမ့်မယ်နော်
မဆီမဆိုင် တွေးပြီးပူနေမိတယ်။ နောက်တော့ တရေးရေး တွေးပြီး စဉ်းစားတော့
ဒီအစ်ကို စားတာ ပီတိ ဟုတ်တယ် ပီတိ ကိုစားပြီးတော့ ပြုံးသွားတာပဲ အင်းဒီလို ကျောင်းသား
တွေ ကျွန်တော်တို့ ကျောင်းမှာရှိတာ အရမ်းဂုဏ်ယူမိတယ်။ ဆက်ပြီးတွေးကြည့်တော့
ကျွန်တော်ရော အဲဒီအစ်ကိုလို ဘာလို့မတွေးမိတာလည်း ပြီးတော့ ဘာလို့မလုပ်တာလဲ
ဟာဗျာကျွန်တော် ရှက်မိတယ်ဗျာ။ နောင်တရမိတယ်ဗျာ။ အဲဒီနေ့ဟာ ကျွန်တော်အတွက်
အရှက်ဆုံးနေ့ နဲ့ သင်ခန်းစာရသော နေ့တစ်နေ့ပါပဲ

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...